ဆံသားပါးခြင်း၊ဦးရေပြားအဆီပြန်တဲ့သူတွေအတွက်ဂရုစိုက်သင့်တဲ့နည်းလမ်း

ဆံသားပါးခြင်း၊ဦးရေပြားအဆီပြန်တဲ့သူတွေအတွက်ဂရုစိုက်သင့်တဲ့နည်းလမ်း

လူတိုင်းရဲ့ခန္ဓာကိုယ်မှာကိုယ့်စိတ်တိုင်းမကျတဲ့အချက်တွေကတော့ရှိစမျှပါ။အဲ့ဒီအထဲမှာမ ဆံပင်ပြဿနာကလည်းမသေးပါဘူးနော်။ကိုယ်ရဲ့ဆံသားကပါးမယ်၊ကိုယ့်ရဲ့ဆံသားတွေကအမြဲကျွတ်နေတဲ့သူတွေအတွက်တော့အခုပြောပြပေးတဲ့နည်းလမ်းလေးတွေဂရုစိုက်ပြီးတော့လိုက်လုပ်ပေးမယ်ဆိုရင်တော့အခုဖြစ်နေတဲ့ပြဿနာတွေကနေလွတ်မြောက်သွားနိုင်ပါတယ်နော်။


ခေါင်းကိုစင်အောင်လျှော်ပါ
ခေါင်းကိုလျှော်ရာတွင်ရေနဲ့အမြှုပ်တွေကိုစင်အောင်လျှော်ပေးဖို့လိုပါတယ်။ခေါင်းပေါ်မှာ ရေများများနဲ့ဦးရေပြားကိုသေချာစွာကုပ်ပေးဖို့လည်းအရေးကြီးပါတယ်။ပြောင်အောင်စင်အောင်သေချာမလျှော်ပါက ကြာလာရင်ဗောက်လည်းထလာနိုင်သလိုဦးရေပြားမှာလည်းအနာတွေဖြစ်ပေါ်လာနိုင်ပါတယ်။


Conditioner သုံးပါ
ခေါင်းလျှော်ပြီးတိုင်းမှာ Conditioner သုံးပေးဖို့လည်းလိုပါတယ်။သာမာန်ခေါင်းလျှော်ရည်တွေကဆံပင်ကိုကြမ်းစေပါတယ်။ဒါကြောင့်Conditioner ကိုလည်းဦးရေပြားကိုမထိပဲနဲ့ ဆံသားရဲ့အဖျားလေးမှာပဲသုံးပေးဖို့လိုအပ်ပါတယ်။အနည်းဆုံး ၂မိနစ်လောက်ခန့်ထားပေးသင့်ပါတယ်နော်။


ဆံပင်အဖျားလေးတွေညှပ်ပေးပါ
ကိုယ့်ရဲ့ဆံသားကအမြဲတမ်းပေါက်နေသလို့နေစဉ်နေတိုင်းလည်းကျွတ်ပါတယ်။ဆံပင်ရဲ့အဖျားလေးတွေကိုအမြဲတိပေးခြင်းအားဖြင့်ဆံပင်ပေါက်ဖို့ပိုသန်သလို့မကောင်းတဲ့ဆံပင်ကိုညှပ်ပေးလိုက်ရင်လည်းကိုယ့်ရဲ့ဆံပင်အုံကပိုပြီးတော့လည်းလှပါတယ်။


ဆံပင်အားကောင်းတဲ့အစားအသောက်
ဆံပင်ဆိုတာကခန္ဓာကိုယ်ရဲ့အရေးကြီးဆုံးဆိုတာလည်းဟုတ်သလိုဆံပင်ကျွတ်ခြင်းမှကာကွယ်အောင်လည်းကိုယ့်စားနေတဲ့အစားအသောက်ကလည်းအများကြီးလိုအပ်ပါတယ်။ကြက်သား၊ငါး၊Yogurt စသည်ဖြင့်ပရိုတိန်းဓာတ်များတဲ့အစားအသောက်တွေကိုနေ့စဉ်စားပေးရင်လည်းဆံပင်ကျွတ်တာကာကွယ်ပေးပါတယ်။

Kelly (Akhayar Lifestyle)

Photo Credit-Free image