COVID-19 စစ်မျက်နှာပြင်မှာ တာဝန် ထမ်းဆောင်လျက်ရှိတဲ့ ပရိုဖက်ရှင်နယ် CS:GO ကစားသမားဟောင်း တစ်ဦး

COVID-19 စစ်မျက်နှာပြင်မှာ တာဝန် ထမ်းဆောင်လျက်ရှိတဲ့ ပရိုဖက်ရှင်နယ် CS:GO ကစားသမားဟောင်း တစ်ဦး

COVID-19 ကမ္ဘာ့ကပ်ရောဂါ ပြန့်ပွားမှု အန္တရာယ်ကနေ ကာကွယ်နိုင်စေဖို့ အတွက် လူအများစု အနေနဲ့ အိမ်တွင်းအောင်းပြီး နေထိုင်လျက် ရှိကြပေမယ့် ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းတွေကတော့ COVID-19 ရှေ့တန်း စစ်မျက်နှာပြင်မှာ နေထိုင်မကောင်းဖြစ်သူတွေကို ပြုစုစောင့်ရှောက်နိုင်ဖို့ အတွက် ဆက်လက် တိုက်ပွဲဝင်လျက် ရှိကြပါတယ်။

အခုလို COVID-19 ရှေ့တန်းစစ်မျက်နှာပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ အထဲမှာ ပရိုဖက်ရှင်နယ် CS:GO ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ Dr.Gokul Sagar လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသက် (၃၂) နှစ် အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ Mr.Gokul အနေနဲ့ CSGO ကစားသမား ဘဝကနေ ၂၀၁၇ ခုနှစ်မှာ အနားယူသွားခဲ့ပြီ ဖြစ်ပေမယ့် ယခင်အချိန်တွေတုန်းက Invictus, Entity Gaming, Virtual Imapct စတဲ့ အိန္ဒိယနိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် CSGO အသင်း အများစုမှာ ဝင်ရောက် ကစားခဲ့ဖူးသလို အိန္ဒိယနိုင်ငံ ကိုယ်စားပြု CSGO ကစားသမား အဖြစ်လည်း နိုင်ငံတကာ ပြိုင်ပွဲများမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာ Mr.Gokul အနေနဲ့ ယူကေနိုင်ငံ အခြေစိုက် COVID-19 အရေးပေါ် စောင့်ကြည့် ကုသဆောင်တွေမှာ အချိန်ပြည့် ဆရာဝန် အဖြစ် တာဝန် ထမ်းဆောင်လျက်ရှိပြီး အားလပ်ချိန်မှာတွေ AFK Gaming ရဲ့ မေးမြန်းမှုတွေကို အခုလိုပဲ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

“အခု ကမ္ဘာတစ်ဝှမ်းမှာ ရင်ဆိုင်နေရတဲ့ COVID-19 ကပ်ရောဂါဟာ တကယ်ကို ပြင်းထန်တဲ့ ကျန်းမာရေးဆိုင်ရာ ဆုတ်ကပ်တစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော် ဆရာဝန် ဘဝကို ခံယူခဲ့စဉ် အချိန်ကတည်းက အပြင်းအထန် ဖျားနာနေတဲ့ လူနာတွေကို ဆေးဝါးကုသမှုတွေ ပေးခဲ့ဖူးပေမယ့်လည်း COVID-19 ဝေဒနာသည်တွေကို ကုသရတာ တကယ်ကို ခက်ခဲသလို အမှန်အတိုင်းပြောရရင် လက်ရှိအချိန်ထိ စမ်းတဝါးဝါးနဲ့ ကုသမှုတွေ ပြုလုပ်နေရတာ ဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID-19 ရဲ့ အန္တရာယ်ကြောင့် လူအများကို အိမ်ထဲကနေ အိမ်အပြင် မထွက်ဖို့ တောင်းဆိုရာမှာ ဂိမ်မာတွေကို ရှင်းပြရတာ အလွယ်ကူဆုံးပဲ ဖြစ်ပါတယ်။ ဂိမ်မာ အများစု အနေနဲ့ အိမ်တွင်း အောင်းရတာကို ကြိုက်နှစ်သက်သလို Lan Gaming Cafe တွေ ခေတ်စားတဲ့ နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်တို့မှ ဂိမ်မာတွေကိုလည်း အလွယ်တကူပဲ ရှင်းပြနိုင်ခဲ့ပါတယ်။

ကျွန်တော် ပရိုဖက်ရှင်နယ် CSGO ကစားသမား ဘဝကနေ အနားယူပြီး နောက်ပိုင်းမှာ လန်ဒန်ကို ပြောင်းရွေ့ အခြေချပြီး အမျိုးသား ကျန်းမာရေး ဌာနမှာ အကြီးတန်း ဆရာဝန် အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့တယ်။ ကျွန်တော့် လက်ရှိအလုပ်ကိုလည်း ကျွန်တော် CSGO ကစားရတာကို ကြိုက်နှစ်သက်သလိုပဲ တကယ်ကို ကြိုက်နှစ်သက်ပါတယ်။ ဒါပေမယ့်လည်း COVID-19 ကြောင့် လုပ်ဖော်ကိုင်ဖက်တွေ၊ လူကြီးလူငယ်တွေ ဖျားနာနေတာကို စောင့်ကြည့်ရတာ တကယ်ကို စိတ်ပင်ပန်းဖို့ ကောင်းလှပါတယ်။”

Mr.Gokul အနေနဲ့ AFK Gaming ရဲ့‌မေးမြန်းမှုတွေနဲ့ ပတ်သတ်ပြီး အခုလိုပဲ ဖြေကြားပေးခဲ့သလို တာဝန် ပြန်လည် မထမ်းဆောင်ခင် အကြိုက်ဆုံး ဂိမ်းငါးမျိုးနဲ့ ပတ်သတ်ပြီး မေးမြန်းခဲ့ရမှာတော့ အောက်ပါအတိုင်း ဖြေကြားပေးခဲ့ပါတယ်။

“ကျွန်တော် အကြိုက်ဆုံး ဂိမ်းတွေကို ပြောရမယ်ဆိုရင် နံပါတ် (၁) နေရာမှာ အမြဲတမ်း တည်ရှိနေမှာကတော့ CSGO ပဲ ဖြစ်ပါတယ်။ ဒုတိယနေရာမှာ Dota2 ၊ တတိယနေရာမှာ FIFA ၊ စတုတ္ထနေရာမှာ Fallout 4 ၊ ပဉ္စမနေရာမှာတော့ Call of Duty 4 တို့ကတော့ အစဉ်လိုက် တည်ရှိနေမှာ ဖြစ်ပါတယ်။”

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle