ကစားသမား သုံးဦး ကိုဗစ်-၁၉ ကူးစက်ခံထားရပေမယ့် PMGC Finals ပြိုင်ပွဲကို ပုံစံပြောင်းပြီး ဆက်လက် ကျင်းပသွားမည်

ကစားသမား သုံးဦး ကိုဗစ်-၁၉ ကူးစက်ခံထားရပေမယ့် PMGC Finals ပြိုင်ပွဲကို ပုံစံပြောင်းပြီး ဆက်လက် ကျင်းပသွားမည်

PUBG Mobile Global Championship Finals ကို ဒူဘိုင်းနိုင်ငံရှိ Coca Cola Arena မှာ ဇန်နဝါရီလ (၂၁) ရက်နေ့ (ယနေ့) က စတင်ပြီး ကျင်းပသွားဖို့ စီစဉ်ထားပေမယ့် ကစားသမား သုံးဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့တာကြောင့် တစ်နေရာတည်းမှာ စုစည်း ယှဉ်ပြိုင်စေတော့မှာ မဟုတ်ဘဲ သီးသန့် တစ်နေရာစီကနေသာ ယှဉ်ပြိုင်စေဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း PUBG Mobile ဘက်က အတည်ပြုပေးခဲ့ပါတယ်။

“PMGC Finals မှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် ကစားသမားတွေကို ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်း ရှိမရှိ စမ်းသပ်စစ်ဆေးခဲ့ရာမှာ ကစားသမား သုံးဦး အနေနဲ့ ရောဂါပိုး ကူးစက်ခံထားရကြောင်း သိရှိခဲ့ရပါတယ်။ သူတို့တွေ အားလုံးဟာ လက်ရှိအချိန်မှာ မည်သည့် ရောဂါလက္ခဏာကိုမှ ခံစားရခြင်း မရှိသေးသလို သီးခြား ကွာရန်တင်း ဝင်ရောက်နေကြပြီလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ ကစားသမား သုံးဦးနဲ့ အနီးကပ် ထိတွေ့ဆက်ဆံခဲ့သူ အားလုံးကိုလည်း သီးခြား စောင့်ကြည့်လျက်ရှိပြီး စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်လျက် ရှိပါတယ်။ ကျွန်တော်တို့ PUBG Mobile ဘက်မှလည်း ရောဂါပိုး ကူးစက်ခံထားရတဲ့ ကစားသမား သုံးဦး အတွက် လိုအပ်တဲ့ အထောက်အကူတွေ အားလုံးကို ပေးအပ်သွားမှာ ဖြစ်သလို အမြန်ဆုံး သက်သာ ပျောက်ကင်းစေဖို့လည်း အစွမ်းကုန် ကူညီပေးသွားမှာ ဖြစ်ပါတယ်။

အခုလို ကစားသမား သုံးဦး ရောဂါပိုး ကူးစက်ခံခဲ့ရတာကြောင့် PUBG Mobile အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ့် အသင်းတွေ၊ ဝန်ထမ်းတွေ အားလုံး ဘေးအန္တရာယ် ကင်းရှင်းမှု ရှိစေရေး အတွက် PMGC Finals ပြိုင်ပွဲကို Coca Cola Arena မှာ ကျင်းပမယ့် အစား သီးခြား နေရာတွေကနေ တစ်ဆင့် ယှဉ်ပြိုင်သွားစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။”

PMGC Finals ပြိုင်ပွဲဟာဆိုရင် PUBG Mobile လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲတွေ အထဲမှာ တစ်ခု အပါအဝင် ဖြစ်သလို ကမ္ဘာ့နေရာ အသီးသီးမှ အကောင်းဆုံး PUBG Mobile အသင်း ၁၆ သင်း ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် ပြိုင်ပွဲ တစ်ခုဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၂ သိန်း ပေးအပ် ချီးမြှင့်သွားမယ့် ပြိုင်ပွဲ တစ်ခုလည်း ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle