ဆုကြေးငွေ အများဆုံး Esports ပြိုင်ပွဲအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်တဲ့ The International 10

ဘယ်အချိန်မှ ကျင်းပဖြစ်မယ်မှန်း သေချာခြင်း မရှိသေးတဲ့ The International 10 (TI 10) ပြိုင်ပွဲကြီးရဲ့ Prize Pool ဟာ ဒေါ်လာ ၃၄.၃၃ သန်းကို ကျော်လွန် သွားခဲ့ပြီ ဖြစ်တာနဲ့ အညီ TI 10 ပြိုင်ပွဲဟာ ဆိုရင်လည်း ကမ္ဘာ့ဆုကြေးငွေ အများဆုံး Esports ပြိုင်ပွဲဆိုတဲ့ စံချိန်သစ်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ယခုသတင်းကို Dota2 နဲ့ ပတ်သက်တဲ့ အသစ်အသစ်သော သတင်းတွေကို Facebook ပေါ်မှာရော၊ Twitter ပေါ်မှာပါ အမြဲတမ်း တင်ပေးလေ့ရှိတဲ့ Wykrhm Reddy ကပဲ ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ယခင်အချိန်တွေတုန်းက ကမ္ဘာ့ဆုကြေးငွေ အများဆုံး Esports ပြိုင်ပွဲအဖြစ် TI 10 ပြိုင်ပွဲရဲ့ နောင်တော်ကြီးဖြစ်သူ TI 9 က စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၃၄.၃၃ သန်းဖြင့် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
The International 10 now has the LARGEST PRIZE POOL for any single tournament in the history of esports. It surpasses the record previously held by The International 9 at $34.33 Million. #TI10 #Dota2 pic.twitter.com/KtEB0pMty5
— Wykrhm Reddy (@wykrhm) August 26, 2020
တစ်နှစ်ထက် တစ်နှစ် Battle Pass ရောင်းရငွေ ပမာဏတွေ မြင့်တက်လာခဲ့တဲ့ အပြင် မူလပထမက ဩဂုတ်လ အတွင်းမှာ ကျင်းပသွားဖို့ စီစဉ်ထားတဲ့ TI 10 ပြိုင်ပွဲဟာ ကိုဗစ် ပြဿနာကြောင့် မူလသတ်မှတ်ထားတဲ့ အချိန်အတိုင်း ကျင်းပနိုင်ခြင်း မရှိခဲ့တာကြောင့် အခုလို Prize Pool တွေ တစ်နေ့ထက် တစ်နေ့ ပိုမို တိုးမြင့်လို့ လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ Valve အနေနဲ့ Windranger Arcana နဲ့ Immortal Treasure 3 ကို ထုတ်ပေးသွားဖို့ ကျန်နေသေးတာကြောင့် WR Arcana နဲ့ Treasure 3 မှာ ပါဝင်လာမယ့် အိုင်တမ်တွေသာ ပရိသတ် အကြိုက် အိုင်တမ်တွေ ဖြစ်ခဲ့မယ်ဆိုရင် TI 10 ပြိုင်ပွဲရဲ့ စုစုပေါင်း ဆုကြေးငွေဟာ ယခုထက် ပိုလို့တောင် တိုးပွားနိုင်ပါသေးတယ်။
ပြီးခဲ့တဲ့နှစ်မှာ The International 2019 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ OG Dota2 အဖွဲ့သားတွေ အနေနဲ့ စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၁၅.၅ သန်းကျော် ရရှိခဲ့တာကြောင့် TI 10 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲမယ့် အသင်းကတော့ အနည်းဆုံး ကန်ဒေါ်လာ ၁၆ သန်းခန့် ပိုင်ဆိုင်ခွင့် ရလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာ့ဆုကြေးငွေ အများဆုံး Esports ပြိုင်ပွဲများ စာရင်းရဲ့ ထိပ်ဆုံး နေရာကို TI 10 ပြိုင်ပွဲက ကန်ဒေါ်လာ ၃၄ သန်းကျော်ဖြင့် သိမ်းပိုက်ထားပြီး ဒုတိယနေရာမှာ TI 9, တတိယနေရာမှာ Fortnite World Cup 2020, စတုတ္ထနဲ့ ပဉ္စမနေရာတွေမှာတော့ TI 8 နဲ့ TI 7 ပြိုင်ပွဲတို့က အသီးသီး ရပ်တည်လျက် ရှိပါတယ်။
REF: AfkGaming