Mobile Legends ပရိသတ်တွေနဲ့ ပြဿနာတက်နေတဲ့ နာမည်ကျော် Dota2 ကစားသမား Tims

Mobile Legends ပရိသတ်တွေနဲ့ ပြဿနာတက်နေတဲ့ နာမည်ကျော် Dota2 ကစားသမား Tims

TNC Dota2 အသင်းရဲ့ နာမည်ကျော် Pos4 ကစားသမား Tims ကတော့ ပြဿနာကို မီးစထိုးလို့ ရှာလိုက်ပြန်ပြီ ဖြစ်ပါတယ်။ Tims အနေနဲ့ ကိုဗစ်-၁၉ ကြောင့် ပြိုင်ပွဲတွေ နည်းပါးနေချိန်မှာ ကိုယ်ပိုင် Facebook Page က‌နေ တစ်ဆင့် မကြာခဏ ဆိုသလို Streaming ပြုလုပ်လေ့ ရှိပါတယ်။ အခုလို Streaming ပြုလုပ်ရင်း Tims အနေနဲ့ လက်ရှိ Mobile Game တွေမှာ နာမည်ကျော်ကြား လူကြိုက်များနေတဲ့ Mobile Legends: Bang Bang (MLBB) နဲ့ ပတ်သက်ပြီး မှတ်ချက် အချို့ ပေးခဲ့ပါတယ်။

Tims အနေနဲ့ လက်ရှိအချိန်မှာ Dota2 ကစားသူဦးရေ တဖြည်းဖြည်းနဲ့ လျော့ကျလာပြီဖြစ်ကြောင်း လူငယ် အများစု အနေနဲ့ Dota2 လို ဂိမ်းမျိုးထက် ကစားရ ပိုမိုလွယ်ကူတဲ့ Mobile Legends လို ဂိမ်းမျိုးကို ကစားရတာ ပိုမို နှစ်သက်လာကြောင်း Streaming Session တစ်ခုမှာ သူငယ်ချင်းဖြစ်သူကို ပြောကြား သွားခဲ့ပါတယ်။

Tims: Dota2 က တဖြည်းဖြည်းနဲ့ ကစားရခက်လာတာကြောင့် ကစားသမားဦးရေလည်း တဖြည်းဖြည်းနဲ့ နည်းလာပြီကွ။

Tims’ Friend: Dota2 က အမြဲတမ်းလိုလို ပြောင်းလဲနေတော့ လူတွေက လိုက်မီဖို့ မကြိုးစားချင်တော့ဘူးလေ။

Tims: အမှန်ပဲ။ လူတွေက Mobile Legends လို ပိုမို လွယ်ကူတဲ့ ဂိမ်းမျိုးကိုပဲ ကစားချင်ကြတော့တယ်လေ။

Tim: တစ်ခုလောက် မေးပါရစေဦး။ မင်းဆိုရင်ရော Mobile Legends ကစားသမားတွေကို ဂိမ်မာလို ခေါ်မှာလား။ ငါကတော့ မခေါ်နိုင်ဘူးဗျ။

Tims’ Friend: အဲဒါတော့ မပြောတတ်ဘူးကွ။ မင်းပြောပုံဆိုပုံတွေက Dr Disrespect နဲ့တောင် တူလာသလိုပဲ။

Tims: အဲဒီဂိမ်းတွေက ဖုန်းတစ်လုံး ရှိတာနဲ့ ကစားလို့ ရနိုင်တဲ့ ဂိမ်းအမျိုးအစားတွေ မဟုတ်လား။ လူတိုင်း ကစားလို့ ရနေတာပဲလေ။ အဘွားအရွယ်တွေတောင် Mobile Legends ကစားနေကြတာပဲလေ။

Tims’ Friend: Dota2 ကစားသမားတွေက MLBB ကစားသမားတွေထက် ပိုပြီးတော့ ရင့်ကျက်တယ် ဆိုတာတော့ လက်ခံပါတယ်။ Dota2 ပွဲတွေမှာ Trashtalk တယ် ဆိုတာက MLBB ပွဲတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘာမှမဟုတ်တော့သလိုပဲ။

Tims: အဲဒါက ဘာလို့လည်းဆိုတော့ MLBB ကစားတာက ကလေးတွေ များတယ်လေကွာ။

Tims’ Friend: ငါမှတ်မိပြီ။ Raven လည်း အိပ်ချင်စိတ် ဖြစ်လာအောင် လုပ်ချင်ရင် MLBB ကစားလေ့ ရှိတယ်ကွ။

Tims: တကယ်ကြီးလား။ MLBB က Raven ကို အိပ်ချင်လာအောင် လုပ်နိုင်တယ်ပေါ့။

Tims’ Friend: အမှန်ပဲ။ သူနဲ့ငါက အရင်တုန်းက အခန်းဖော်တွေလေ။ အဲဒီတုန်းက Raven က မအိပ်ခင်တိုင်း MLBB ကစားလေ့ရှိတယ်။ အဲဒါနဲ့ ငါလည်း ဘာလို့ အိပ်ခါနီးမှ MLBB ကစားတာလည်းလို့ မေးလိုက်တာပေါ့။ သူ့ကို အိပ်ချင်စိတ် ဖြစ်လာအောင် လုပ်ပေးနိုင်တာ MLBB ပဲ ရှိတယ်လို့ Raven က ပြန်ဖြေပါလေရော။ ဒါနဲ့ Kuku လည်း MLBB ကစားတယ် မဟုတ်လား။

Tims: အင်း ဟုတ်တယ်။ Kuku လည်း MLBB ကစားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့မိန်းမ ကစားလို့လေ။”

အခုလို Tims တစ်ယောက် Streaming Session မှာ MLBB မကောင်းကြောင်းတွေ အားရပါးရ ပြောပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ ဖိလစ်ပိုင် နိုင်ငံသား MLBB ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင် လာရပါတယ်။

အများစုကတော့ MOBA ဂိမ်း အားလုံးဟာ တူတူပဲဖြစ်ကြောင်း၊ မိုဘိုင်းဂိမ်းပဲ ဖြစ်ဖြစ်၊ PC ဂိမ်းပဲဖြစ်ဖြစ် အခက်အခဲတွေရှိကြောင်း၊ Tims အနေနဲ့ အခုထက်ပိုပြီး လေ့လာဖို့ လိုအပ်ကြောင်း၊ လူတိုင်း PC မဝယ်နိုင်ကြောင်း၊ မိုဘိုင်းဖုန်းနဲ့ MLBB ကစားသူတွေကို အခုလို ပုတ်ခတ် ဝေဖန်မှုတွေ မပြုလုပ်သင့်ကြောင်း ဝေဖန် အကြံပြုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle