စာရေးဆရာဖြစ်ချင်တဲ့သင့်ရဲ့အိပ်မက်ကိုဘယ်လိုအကောင်အထည်ဖော်မလဲ

စာရေးဆရာဖြစ်ချင်တဲ့သင့်ရဲ့အိပ်မက်ကိုဘယ်လိုအကောင်အထည်ဖော်မလဲ

ပရိသတ်ကြီးက စာရေးဆရာဖြစ်ချင်လား ၊ စာရေးဆရာတစ်ယောက်ဖြစ်ဖို့ ဘာလျှို့ဝှက်ချက်တွေလိုလဲသိချင်ကြလား။ သိချင်တဲ့သူတွေ သူတွေအတွက် ပြောပြမယ်နော် ၊ တကယ်က စာရေးဆရာဖြစ်ဖို့လျှို့ဝှက်ချက်ဆိုတာမရှိပါဘူး။ စာရေးဆရာဖြစ်ဖို့ဆိုရင် လုပ်စရာကတစ်ခုပဲရှိပါတယ်။ ရိုးရှင်းတဲ့လုပ်စရာလေးတစ်ပါခုပဲ။ အဲဒါဘာလဲဆိုတော့ စာစရေးဖို့ပါပဲ။ အင်း……..စာရေးဆရာဖြစ်ချင်ရင် စာစရေးရမယ်ဆိုတာတော့ဟုတ်ပါပြီ ၊ တကယ်တမ်းလုပ်ဖို့ကတော့ ပြောရတာထက် လုပ်ရတာပိုခက်တယ်ဆိုတာလည်း လူတိုင်းသိကြမှာပါ။ စာရေးဆရာဖြစ်ချင်တဲ့လူငယ်လေးတွေက ကိုယ့်အိပ်မက်ကိုလိုက်ဖို့ အခြေအနေမပေးတာတွေ ၊ ကိုယ်လုပ်နိုင်ပါ့မလားဆိုပြီး သံသယဝင်နေတာတွေနဲ့ အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ကြောက်နေတတ်ကြပါတယ်။
အိပ်မက်တစ်ခုကိုအကောင်အထည်ဖော်ဖို့အတွက် စလုပ်ရမှာက ပထမဆုံးခြေလှမ်းကို စတင်ဖို့ပဲ။ ကျွန်မတို့ရဲ့ပြဿနာကဘာလဲဆိုတော့ ပထမဆုံးခြေလှမ်းကိုမလှမ်းရဲတာဘဲ။ ကျွန်မပြောပြချင်တာ ပထမဆုံးခြေလှမ်းက အရမ်းကြီးတွေကြီးကျယ်နေဖို့မလိုပါဘူး။ ခြေရာကျန်စေမယ့် ခြေလှမ်းလေးဖြစ်ရုံပါပဲ။ ဘယ်သူမှပထမဆုံးအကြိမ်မှာ သျှမ်းသျှမ်းတောက်အောင်မြင်သွားဖို့ မလွယ်ပါဘူး။ ဒီတော့ စာရေးဆရာဖြစ်ဖို့ လုပ်ရမယ့်လွယ်ကူတဲ့အဆင့်လေးတွေကို ပြောပြမယ် –

၁။ စာဖတ်ပါ
စာရေးဆရာတစ်ယောက်ဖြစ်ဖို့စာဖတ်ရမယ်လို့ တသမတ်ကြီးမပြောချင်ဘူး။ ဘာလို့လဲဆိုတော့ တချို့သူတွေက ပါရမီပါလာတော့ ရေးလိုက်တာနဲ့ Master Piece ဖြစ်သွားရော။ ဒါပေမယ့်စာရေးဆရာတိုင်းကတော့ စာဖတ်ကြတယ်။ စာမဖတ်ဘဲနဲ့ စာရေးဖို့ကမလွယ်ကူဘူးလေ။ ဘာလို့လဲဆိုတော့ စာဖတ်နာမှ စကားလုံးအသုံးအနှုန်းတွေကိုသိမှာလေ။ ကိုယ်ရေးချင်တဲ့အရာကို စိတ်ထဲမှာတော့သိပြီး ဘယ်လိုရေးရမယ်ဆိုတာကို မသိဘဲနဲ့ စာရေးဆရာလုပ်လို့မှမရတာ။ ဥပမာပြောရရင် စာလုံးတွေက အဓိပ္ပါယ်တူတူတွေကို ပုံစံကွဲအမျိုးမျိုးနဲ့ပြောလို့ရတာတွေရှိတယ်။ စာရေးဆရာကောင်းတစ်ယောက်ဆိုတာ စကားလုံးအသုံးကြွယ်တယ်။ ဒါကြောင့်စာမဖတ်ဘဲနဲ့ စာရေးလို့တော့ရပါတယ်။ ဒါပေမယ့်စာရေးနိုင်တာနဲ့ စာရေးဆရာတစ်ယောက်မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့်စာဖတ်ကြပါနော်။

၂။ စမ်းရေးကြည့်ပါ
စမ်းကြည့်ပါ။ စာရွက်တစ်ရွက်ကိုယူ ၊ သက်သောင့်သက်သာရှိတဲ့နေရာတစ်နေရာရာမှာထိုင်ပြီး စရေးကြည့်ပါ။ စစရေးခြင်းမှာတော့ ဘယ်သူမှအရမ်းလက်ရာမြောက်တာကိုမရေးနိုင်ပါဘူး။ စာကြောင်းတစ်ကြောင်းလောက်ကိုပဲစရေးလိုက်ပါ။ ဇာတ်လမ်းတိုင်းက စာကြောင်းတစ်ကြောင်းနဲ့ပဲစတင်တာပါ။ ဒါပေမယ့် တစ်ကြောင်းစရေးပြီးတာနဲ့ ရပ်လို့မရတော့ဘူးဆိုတာကို သိလာလိမ့်မယ်။ ရေးရင်းရေးရင်းနဲ့ဈာန်ဝင်လာလိမ့်မယ်။ ကောင်းတာမကောင်းတာကိုအပထား ၊ အရေးကြီးတာကိုယ်ရေးနိုင်တယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ်သက်သေပြနိုင်ဖို့ပဲ ကျန်တဲ့ကိစ္စတွေကိုနောက်မှ ဖြေရှင်းလို့ရပါတယ်။

၃။ ဇာတ်လမ်းဆင်ပါ
ပထမခြေလှမ်းစလှမ်းပြီးသွားရင် လမ်းဆက်လျှောက်ဖို့ကမခက်တော့ပါဘူး။ တစ်ခေါက်နှစ်ခေါက်လောက်ရေးပြီးသွားရင် စာရေးရတာကိုအရသာတွ့ပြီး နောက်ထပ်ထပ်ရေးဖို့ Motivation တွေပေါ်လာပါလိမ့်မယ်။ ဒါဆိုရင် ကိုယ်ရေးချင်တဲ့ဇာတ်လမ်းကို စပြီးစဉ်းစားလို့ရပါပြီ။ စာရေးတာက စာကြောင်းတွေအများကြီးချရေးပြီး အဆက်အစပ်မရှိတာတွေရေးလည်းရေးလို့ရတယ်။ ဒါပေမယ့်ဒီလိုရေးတာက စာအုပ်ကောင်းတစ်အုပ်တော့ဖြစ်မလာနိုင်ဘူး။ စာအုပ်ကောင်းတစ်အုပ်ကိုဖန်တီးနိုင်တဲ့ စာရေးဆရာကောင်းတစ်ယောက်ဖြစ်ချင်ရင်တော့ ကိုယ့်ရဲ့ခေါင်းထဲမှာ ဇာတ်လမ်း ၊ ဇာတ်ကွက်တွေ ၊ ဇာတ်ကောင်တွေကို ကြိုတင်ဖန်တီးထားမှဖြစ်မယ်။ ဒါမှစာအုပ်ကောင်းတစ်အုပ်ကိုဖန်တီးနိုင်မှာပေါ့။

၄။ အကောင်အထည်ဖော်ပါ
ဇာတ်လမ်းတွေ ၊ ဇာတ်ကောင်တွေကို စဉ်းစားပြီးလို့ရှိရင်တော့ စာအုပ်ကိုအကောင်အထည်ဖော်ဖို့အချိန်ရောက်ပါပြီ။ စာအုပ်တစ်အုပ်ရေးရမှာ ထိတ်လန့်ဖို့ကောင်းတာတော့သိပါတယ်။ ငါရေးတာမကောင်းရင်ဘယ်လိုလုပ်မလဲ ၊ လူတွေကြိုက်ပါ့မလားဆိုတဲ့အတွေးတွေကို ခေါက်ထားလိုက်ပါ။ သူများတွေကြိုက်တာမကြိုက်တာက လောလောဆယ်မှာအဓိကမဟုတ်သေးဘူး။ အဓိကအချက်က ကိုယ်စာအုပ်တစ်အုပ်ရေးဖို့ အများကြီးတွေးထားတယ် ၊ အချိန်ပေးပြီးလေ့ကျင့်ထားတယ် ၊ ရေးချင်တဲ့ဆန္ဒလည်းရှိတယ်။ ဒီလောက်ဆိုရင်ရပါပြီ။ ကွန်ပျူတာကိုယူရင်ယူ ၊ မဟုတ်လည်းစာရွက်တွေယူပြီး စရေးလိုက်ပါတော့။ စိတ်ပါတဲ့အထိရေး ဈာန်ဝင်နေတဲ့အထိရေး ပင်ပန်းလာမှ နားလိုက်ပါ။

၅။ ရေးမြဲရေးပါ
စာရေးဆရာတစ်ယောက်ဖြစ်ဖို့ဆိုတာက စာစပြီးရေးဖို့တင်မဟုတ်ဘူး။ ရေးလက်စစာကို အဆက်မဖြတ်လိုက်ပဲ ဆက်တိုက်ရေးသွားဖို့ဖြစ်တယ်။ အထူးသဖြင့်စာရေးဆရာဖြစ်ချင်တဲ့သူတွေက အခုမှစပြီးစမ်းသပ်ရေးနေတာဆိုတော့ စာရေးတဲ့အလုပ်ကိုအချိန်ပြည့်လုပ်နေနိုင်မှာ မဟုတ်ပါဘူး။ တခြားလုပ်စရာရှိတာတွေကိုလုပ်ရင်းနဲ့ စာမရေးဖြစ်ဘဲ အဆက်ပြတ်သွားတာတွေဖြစ်တတ်တယ်။ အဲဒီလိုဖြစ်သွားရင် ခြေရာပြန်ကောင်ဖို့ခက်ပြီး Motivation တွေပျောက်သွားကာ စာရေးခြင်းအမှုကို ပစ်ထားလိုက်သလိုဖြစ်သွားနိုင်တယ်။ ဒါကြောင့် ဖြစ်နိုင်ရင်စာရေးတာကို ပုံမှန်လေးလုပ်သွားသင့်တယ်။

ဒီအချက် ( ၅ ) ချက်ကိုသာစတင်နိုင်မယ်ဆိုရင် စာရေးဆရာတစ်ယောက်ဖြစ်ဖို့ အလားအလာအများကြီးရှိနေပါပြီ။ ဒါကြောင့်စာရေးဆရာဖြစ်ချင်တဲ့အိပ်မက်တွေရှိတဲ့သူတွေအနေနဲ့ ပထမဆုံးခြေလှမ်းကိုစလှမ်းလိုက်ပါတော့လို့ပြောချင်ပါတယ်။

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle