အိမ်ထဲမှာနေလို့ပျင်းလာပြီးဆိုရင်ဒီအချက်တွေစလုပ်ကြည့်ပါ

အိမ်ထဲမှာနေလို့ပျင်းလာပြီးဆိုရင်ဒီအချက်တွေစလုပ်ကြည့်ပါ

တစ်နေ့နေ့ စားလိုက်အိပ်လိုက်နဲ့အချိန်တွေကသာကုန်သွားတယ် ဘာမှရေရေရာရာလည်းမလုပ်ဖြစ်လိုက်ဘူး။အိမ်ထဲမှာနေတာကြာလာရင်စိတ်တွေကလည်းငြီးငွေ့လာမယ်။အခန်းထဲမှာပဲတစ်နေကုန်နေတော့ အချိန်တွေကလည်းမကုန်နိုင်ဘူး။ကဲ့ ဒီတော့ အိမ်တွင်းအောင်းမဲ့ အချိန်တွေမှာကိုယ့်အတွက်အကျိုးရှိမဲ့အရာလေးတွေလုပ်လိုက်ရအောင်နော်။
Online Class
အခုလိုအချိန်မျိုးမှာ အိမ်ထဲမှာအလာကားအချိန်တွေကုန်နေမဲ့အစား ကိုယ့်အရင်တုန်းကအချိန်မရလို့မလေ့လာခဲ့ရတဲ့ အရာတစ်ခုပဲဖြစ်ဖြစ်၊ ကိုယ့်တကယ်သင်ကြားချင်တဲ့ဘာသာရပ်တွေကို Online Class တွေစုံစမ်းပြီးတက်ခြင်းက အချိန်တွေကုန်လို့ကုန်နေမှန်းမသိပဲနဲ့ ကိုယ့်အတွက်လည်းအကျိုးရှိနေမှာအမှန်ပါနော်။


မုန့်ဖုတ်စားပါ
မိသားစုနဲ့အတူ Bake လုပ်ခြင်းက အချိန်ကိုကုန်လို့ကုန်သွားမှန်းမသိစေတဲ့အပြင် မိသားစုရဲ့ ချစ်ခြင်းတရားကိုလည်းပိုပြီးတန်ဖိုးရှိစေမှာပါနော်။ အင်တာနက်တို့ You Tube ပေါ်တွေမှာလည်း လွယ်ကူပြီး စားလို့လည်းအရသာရှိတဲ့ ကိတ်တွေလုပ်ကြည့်ပါ။မလုပ်ဖူးတဲ့အရာတွေလုပ်ခြင်းကလည်း မတူညီတဲ့ခံစားမှုလေးတွေကိုရစေမှာပါ။


လက်မှုပညာတစ်ခုစမ်းလုပ်ကြည့်ပါ
လက်မှုပညာဆိုတာကသေတဲ့အထိအသုံးဝင်တဲ့အရာတစ်ခုလည်းဖြစ်သလို၊ဘယ်အချိန်ဘယ်နေရာရောက်ရောက်ကိုယ်ကလုပ်တတ်နေရင်လည်း အသုံးဝင်ပါတယ်။ကိုယ့်အမေတွေက အပ်ချုပ်တတ်တယ်ဆိုရင်လည်း ကိုယ့်အမေတွေဆီကဒီအချိန်မှာ ပညာတွေလေ့လာဖို့သင့်ပါတယ်။

Photo Credit -Pinterest

Kelly - Akhayar Lifestyle