ခရမ်းချဉ်သီးက အသားအရေအတွက်ရောဘာတွေကောင်းလဲ

ခရမ်းချဉ်သီးက အသားအရေအတွက်ရောဘာတွေကောင်းလဲ

ခရမ်းချဉ်သီးကို အသီးအနှံတစ်ခုအနေနဲ့ပဲသုံးလို့ရတယ်လို့ထင်နေတုန်းလား ၊ခရမ်းချဉ်သီးရဲ့အသုံးဝင်ပုံကတော့ မီးဖိုချောင်တစ်ခုတည်းမဟုတ်ဘူးနော်။ ကိုယ့်ရဲ့အသားအရေအတွက်ပါအသုံးဝင်ပါတယ်။ခရမ်းချဉ်သီးက Antioxidants နှင့်တစ်ခြားအာဟာရဓာတ်တို့လည်းပါဝင်ပါတယ်။ ခရမ်းချဉ်သီး ကအသားအရေပေါ်မှာရှိတဲ့အစက်အပြောက်တွေကိုလည်းပျောက်ကင်းသွားနိုင်ပါတယ်။ခရမ်းချဉ်သီးနဲ့တစ်ခြားဘာတွေနဲ့ရောလိုက်ရင်ကိုယ့်အသားအရေအတွက်ကောင်းနိုင်သေးလဲဆိုတာကို နည်းလမ်းလေးတွေနဲ့ဝေမျှပေးလိုက်ပါတယ်။
ခရမ်းချဉ်သီးအနှစ်
ခရမ်းချဉ်သီးအနှစ်ကိုတော့ လူတိုင်းလုပ်တတ်ပမယ်လို့ထင်ပါတယ်။ အရမ်းအရည်ရွမ်းရွမ်းကြီးမဟုတ်ပဲနဲ့ ကိုယ့်မျက်နှာပေးမှာ ခြောက်သွားအောင်ထားပေးပါ။ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့နေတဲ့သူတွေမှာဖြစ်တတ်တဲ့ အမည်းကွက်တွေကိုသက်သာစေပါတယ်။


ပျားရည်နှင့် ခရမ်းချဉ်သီး

ခရမ်းချဉ်သီးအရည်ကိုညှစ်ထုပ်ပြီးတော့ ပျားရည်ကိုလက်ဖက်ရည်ဇွန်းနှစ်ဇွန်းနဲ့ ရောစပ်ပေးပါ။နောက်ပြီးတော့ ၁၅ မိနစ်လောက်ထားပြီးရင်ရေနွေးဖြင့်ကိုယ့်မျက်နှာကိုသန့်စင်ပေးပါ။ဒီနည်းလမ်းလေးက အဆီပြန်တဲ့သူတွေအတွက်အကောင်းဆုံးပါနော်။တစ်ပတ်ကိုနှစ်ခါလောက်ပြုလုပ်ပေးသင့်ပါတယ်။

ဒိန်ချဉ်နှင့်ခရမ်းချဉ်သီး

ခရမ်းချဉ်သီးအရည်ကိုပဲဒိန်ချဉ်နဲ့ရောလိုက်ပြီးတော့ မိနစ်၂၀လောက်ပေါင်းတင်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးကတော့ ကိုယ့်ရဲ့အသားအရေကိုဖြူဝင်းစေပါတယ်နော်။

Photo Credit -Faiza

Kelly -Akhayar Lifestyle