Comfort Zone ရဲ့ တစ်ပတ်တာ စိတ်ဝင်စားဖွယ်အဖြေများ စုစည်းမှု

Comfort Zone ရဲ့ တစ်ပတ်တာ စိတ်ဝင်စားဖွယ်အဖြေများ စုစည်းမှု

အပတ်တိုင်း တင်ဆက်ပေးနေကြ Comfort Zone ရဲ့ အဖြေများ စုစည်းဖော်ပြပေးမှု အစီအစဉ် ပြန်လည်ရောက်ရှိလို့လာပါပြီ။ ဒီတစ်ပတ်မှာရော ဘယ်သူတွေက ဘယ်လိုမေးခွန်းတွေကို လာမေးထားပြီး အခရာကရော ဘယ်လိုမျိုး ပြန်ဖြေပေးထားလဲဆိုတာကို ပရိသတ်ကြီး ဖတ်ရှုကြည့်ပြီး ပြန်လည်အသုံးချနိုင်စေဖို့ စုစည်းတင်ဆက်ပေးလိုက်ပါတယ်နော်။ လာမေးကြတဲ့ မေးခွန်းလေးတွေကလည်း နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေနဲ့ဆိုင်တဲ့ မေးခွန်းလေးတွေဖြစ်လို့ ကိုယ်တိုင်ကြုံတွေ့နေရရင် ဒါလေးကို ဖတ်ပြီး အထောက်အကူတစ်စုံတစ်ရာ ရရှိသွားမယ်လို့ ထင်ပါတယ်နော်။ ကဲမေးခွန်းလေးတွေနဲ့ အဖြေလေးတွေ ကြည့်လိုက်ကြရအောင်။

Q1: “ကျွန်တော်က Software Developer တစ်ယောက်ပါ။ အခုလက်ရှိလုပ်နေတဲ့လုပ်ငန်းခွင်မှာ မပျော်ဘူးဖြစ်နေပါတယ်။ ပြန်ပျော်ရွှင်လာအောင် ဘယ်လိုလုပ်သင့်သလဲ။ဒီလုပ်ငန်းခွင်မှာ ဆက်လုပ်သင့်မလုပ်သင့်ဘယ်အချက်တွေကိုကြည့်ပြီး ဆုံးဖြတ်သင့်ပါသလဲဗျာ” ဆိုပြီး အမည်မဖော်လိုသူ အကောင့်ပိုင်ရှင်တစ်ဦးက လာမေးထားပါတယ်။

A1: လက်ရှိလုပ်ငန်းခွင်မှာ မပျော်ဘူးဆိုရင်တော့ လုပ်နေတဲ့ အလုပ်ကြောင့် မပျော်တာလား၊ အလုပ်ခွင်ကြောင့် မပျော်တာလား သေချာပြန်လည်တွေးကြည့်သင့်ပါတယ်။ လုပ်ငန်းခွင်ကြောင့် မပျော်ဘူးဆိုရင်တော့ Software Developer နဲ့ဆိုင်တဲ့ နောက်လုပ်ငန်းခွင်တစ်ခုကို ထပ်ရှာကြည့်သင့်ပါတယ်။ ဒါမှမဟုတ် ကျွမ်းကျင်သူအဆင့်ဖြစ်နေပြီဆိုရင်တော့ Freelance လုပ်တာမျိုးနဲ့လည်း ရပ်တည်လို့ရပါတယ်။ ဒီအလုပ်ကိုလုပ်ရတာ လုံးဝ ဝါသနာမပါဘူးဆိုရင်တော့ ကိုယ်ဘာဝါသနာပါလည်း သိအောင် ရှာကြည့်ပါ။ ဥပမာ – ဘာလုပ်နေရရင် ပျော်လဲ။ အဲဒါကိုလုပ်နေရရင် အချိန်ကုန်လို့ ကုန်သွားမှန်းမသိဘူးဖြစ်ရင် အဲဒီဟာနဲ့ပတ်သက်ပြီး လေ့လာသင်ယူပါ။ တတ်မြောက်သွားရင် အဲအလုပ်ကို ပြောင်းလုပ်ကြည့်ပါ။ လက်ရှိလုပ်ငန်းခွင်မှာ ဆက်လုပ်သင့်မလုပ်သင့်ကတော့ တိုးတက်မှု ရလား မရလားဆိုတဲ့ အချက်နဲ့ပဲ တိုင်းတာပြီး ဆုံးဖြတ်တာအမှားကင်းမယ် ထင်ပါတယ်။

Q2: အမည်မဖော်လိုတဲ့ အကောင့်ပိုင်ရှင်နောက်တစ်ဦးကလည်း အရမ်းအထီးကျန်နေလို့ ဘာလုပ်ရင် အဆင်ပြေမလဲ ဆိုပြီး လာမေးထားပါတယ်။

A2: အထီးကျန်တဲ့ ခံစားမှုဆိုတာ လူတိုင်း ခံစားဖူးကြပါတယ်။ အဲ့ဒါကြောင့်မို့ ပထမဦးဆုံးပြောချင်တာက အဲ့လိုခံစားနေရတာ ကိုယ်တစ်ယောက်တည်းလို့ထင်ပြီး ဝမ်းမနည်းပါနဲ့။ လောကကြီးဟာ နေတတ်ရင် ပျော်စရာကြီးမို့ နေတတ်အောင်တော့ ကြိုးစားဖန်တီးယူရပါမယ်။ နေတတ်ဖို့အတွက်ဆိုရင်တော့ ကိုယ်ဝါသနာပါတာ တစ်ခုခုလုပ်တာမျိုး၊ စားချင်တဲ့မုန့်တွေကို Youtube ကနေကြည့်ပြီး လုပ်စားတာမျိုး၊ အပင်တွေစိုက်တာမျိုး တစ်ခုခုလုပ်ပြီး အချိန်ဖြုန်းကာ အထီးကျန်မှုကို ဖြေဖျောက်လို့ ရပါတယ်။ ပရဟိတအလုပ်တွေမှာလည်း တစ်တပ်တအား ပါဝင်လုပ်ဆောင်ကာ အချိန်တွေကုန်ဆုံးကြည့်ရင်လည်း အထီးကျန်တဲ့ ခံစားမှုကို ရရှိမှာ မဟုတ်ပါဘူး။ ပရဟိတလုပ်ရင် လူအများနဲ့ လုပ်ရတာဆိုတော့ သိုက်သိုက်ဝန်းဝန်းရှိတော့ အထီးကျန်တာကို သိပ်ခံစားရမှာ မဟုတ်ပါဘူး။ ကုသိုလ်လည်းရ အပျင်းလည်းပြေဆိုတော့ အဲဒီလိုမျိုးလေးလုပ်ပြီး အထီးကျန်မှုကို ဖြေဖျောက်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

Q3:တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ချင်ပေမယ့် ဘယ်ကစလုပ်ရမလဲ၊ ဘယ်လိုဟာမျိုးလေးတွေ လုပ်လို့ရလဲဆိုတာ သိရင် အကြံပေးပါဦး အခရာကြီးရေဆိုပြီး အမည်မပြောလို့တဲ့ အကောင့်ပိုင်ရှင်တစ်ဦးက လာမေးထားပါတယ်။

A3: တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ချင်ရင်တာ့ ကိုယ်လုပ်ချင်တဲ့ စီးပွားရေးက ဈေးကွက်ထဲမှာ အောင်မြင်နိုင်ချေရှိလား မရှိလား လေ့လာဆန်းစစ်ကြည့်ဖို့ အရေးကြီးတယ်။ လုပ်ရင်ရော ဒါကို တစ်စိုက်မတ်မတ်နဲ့ ဇွဲရှိရှိလုပ်နိုင်လား၊ အရှုံးပေါ်တဲ့ဒဏ်ကိုခံနိုင်ပြီး နလန်ထူနိုင်အောင် ပြန်ကြိုးစားနိုင်လား ကိုယ့်ကိုယ်ပြန်မေးကြည့်ပါ။ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ချင်တယ်ဆိုရင် လုံလောက်တဲ့ ပါးစပ်ရှိနေဖို့ကလည်း လိုလို့ ပိုက်ဆံစုဖို့ကလည်း အရေးကြေီးပါတယ်။ ကိုယ်လုပ်ချင်တာမျိုးကြီးပဲ လုပ်လို့မရဘဲ ဈေးကွက်မှာ ပေါက်နိုင်တဲ့ဟာမျိုးကို သူများနဲ့မတူအောင်လုပ်ပြီး ထိုးဖောက်နိုင်မှလည်း အောင်မြင်နိုင်မှာပါ။ ဒီနေ့ခေတ်ကြီးမှာ ငွေအရင်းအနှီးသိပ်မလိုဘဲ လုပ်လို့ရတော့ စီးပွားရေးလုပ်ငန်းတွေ (ဥပမာ – Blogger လုပ်တာမျိုး ၊ Online Shopping လုပ်တာမျိုး ၊ မုန့်ဖုတ်သင်တန်းတက်ပြီး မုန့်ဖုတ်လုပ်ရောင်းတာမျိုး) ကို လုပ်ပြီး စတင်လို့လည်းရပါတယ်။

Q4: ဘာလေးပဲဖြစ်ဖြစ် အငိုလွယ်တဲ့သူဖြစ်နေလို့ မိသားစုဆီကနေ အမြဲလိုလို အဆူခံနေရရင်၊ သူငယ်ချင်းတွေဆီကနေ အပြစ်ပြောခံနေရလို့ အငိုလွယ်တဲ့သူအဖြစ်ကနေ လွတ်မြောက်အောင် ဘယ်လိုကြိုးစားပြုပြင်ယူရမလဲ အခရာရယ် ကူညီပါဦးဆိုပြီး ညီမလေးတစ်ယောက်က လာမေးထားပါတယ်။

A4: အငိုလွယ်တဲ့သူအဖြစ်ကနေ ရုန်းထွက်နိုင်ဖို့ဆို ရန်တွေဖြစ်ပြီး စိတ်တွေရှုပ်တဲ့အခါ မျက်ရည်ကျတော့မယ်လို့ ထင်ရင် အဲဒီပြဿနာဖြစ်နေတဲ့ နေရာကနေ ခဏ ထထွက်လာလိုက်ပါ။ ခဏထားခဲ့ပြီး လမ်းလျှောက်လာတာတို့၊ ရေချိုးခန်းထဲ ခဏဝင်ပြီး အသက်ရှူအာရုံပြောင်းတာတို့ လုပ်ရပါမယ်။ ကိုယ့်ရဲ့ စိုးရိမ်ပူပန်တတ်တဲ့ စိတ်ကို ခဏလေးအနားပေးဖို့ လိုပါတယ်။ အဲဒါအပြင် ကိုယ်က ငိုတတ်တဲ့သူ ဖြစ်လို့ ရှိရင် ကိုယ့်မျက်ရည်တွေက ဘာအတွက်ကျတာလဲ ဆန်းစစ်ပါ။ ကိုယ့်ရဲ့ ခံစားချက်တွေ ဖြစ်လာတာ ဘာအကြောင်းကြောင့်လဲ။ ကိုယ့်ရဲ့ ချစ်သူကို ကိုယ်စိတ်ပူနေတာတွေကို ပေးသိချင်တာလား အပြန်အလှန်စဉ်းစားရပါမယ်။ အဲဒီလိုမျိုး စဉ်းစားလိုက်ရင် ငိုချင်နေတာတွေ ပြယ်သွားနိုင်ပါတယ်။ အခုပေးလိုက်တဲ့ နည်းလမ်းက တဖြည်းဖြည်းနဲ့ အငိုအလွယ်တဲ့သူအဖြစ်ကနေ ရုန်းထွက်နိုင်အောင် ကူညီပေးနိုင်မယ်လို့ ထင်ပါတယ်နော်။

ဒီအပတ်အတွက်တော့ ဒီမေးခွန်းလေးတွေနဲ့ အဖြေလေးတွေကို စုစည်းဖော်ပြပေးထားတယ်ဆိုတော့ နောက်အပတ်မှာရော ဘယ်လိုမေးခွန်းလေးတွေ လာမေးပြီး ဆွေးနွေးတိုင်ပင်ကြမလဲ လာမေးထားတဲ့အထဲကနေ ကိုယ်သိချင်တဲ့ ဘယ်လိုအကြောင်းအရာလေးတွေပါမလဲဆိုတာကို စောင့်ဖတ်ကြည့်လို့ ရပါတယ်နော်။ စောင့်ဖတ်တာမျိုးချည်းပဲ မလုပ်ဘဲနဲ့ ကိုယ်သိချင်တဲ့ ဘယ်အကြောင်းအရာတွေပဲ ဖြစ်ဖြစ်၊ ဆွေးနွေးတိုင်ပင်ချင်တာရှိရင် Consultant လိုရော သူငယ်ချင်းလိုရော ရှိနေပေးတဲ့ Comfort Zone လေးဆီကို လက်မတွန့်ဘဲ ကိုယ်တိုင်လာမေး ရင်ဖွင့်အဖြေရှာကြည့်လိုက်ပါတော့နော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle