၂၀၁၉ ခုနှစ်အတွင်း လူကြိုက်အများဆုံး Esports အမျိုးအစား မိုဘိုင်းဂိမ်းများ

၂၀၁၉ ခုနှစ်အတွင်း လူကြိုက်အများဆုံး Esports အမျိုးအစား မိုဘိုင်းဂိမ်းများ

၂၀၁၉ ခုနှစ်ဟာဆိုရင် မိုဘိုင်း Esports လောက အတွက် အချိုပေါ် သကာဆင့်တဲ့ နှစ်တစ်နှစ်လို့ ပြောလို့ရမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် အတွင်းမှာ မိုဘိုင်း Esports ပြိုင်ပွဲပေါင်း များစွာ ကျင်းပခဲ့သလို နာမည်ကျော် အဖွဲ့အစည်း အများစု အနေနဲ့လည်း မိုဘိုင်းဂိမ်း လောကကို ဝင်ရောက်လို့ လာခဲ့ကြပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ်အတွင်း လူကြိုက်အများဆုံး Esports အမျိုးအစား မိုဘိုင်းဂိမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

Mobile Legends: Bang Bang (Moonton)

အရှေ့တောင်အာရှ မိုဘိုင်း MOBA လောကမှာ Mobile Legends အနေနဲ့ ပရိသတ်အများစုရဲ့ ကြိုက်နှစ်သက်ခြင်းကို ခံယူနိုင်ခဲ့သလို ၂၀၁၉ ခုနှစ်အတွင်း ဒေသတွင်း ပြိုင်ပွဲတွေ၊ နိုင်ငံတကာအဆင့် ပြိုင်ပွဲတွေ များစွာကိုလည်း ကျင်းပနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ်အတွင်းမှာ Mobile Legends လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ M1 World Championship ပြိုင်ပွဲကြီးကိုလည်း ကျင်းပနိုင်ခဲ့ပါတယ်။

Clash Royale (Supercell)

မိုဘိုင်းဂိမ်း လောကမှာ ရှေးယခင် အချိန်က လူတိုင်းနီးပါး ဆော့ကစားခဲ့ကြတဲ့ Clash of Clan မိုဘိုင်းဂိမ်းကို ထုတ်လုပ်ခဲ့တဲ့ Supercell အနေနဲ့ လက်ရှိအချိန်မှာ Clash Royale မိုဘိုင်းဂိမ်းနဲ့အတူ Mobile Esports လောကမှာ ထိုက်သင့်သလောက် နေရာယူနိုင်ခဲ့ပါတယ်။ Clash Royale ဆိုတာကတော့ RTS (Real Time Strategy) အမျိုးအစား မိုဘိုင်းဂိမ်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ Clash Royale ပြိုင်ပွဲပေါင်း များစွာကို ကျင်းပနိုင်ခဲ့ပြီး နာမည်ကျော် Esports အဖွဲ့အစည်းတွေဖြစ်တဲ့ Team Liquid, NRG, Complexity Gaming စတဲ့ Esports အဖွဲ့အစည်းတွေ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိပါတယ်။

Arena of Valor (Tencent/ Timi Studios)

MOBA အမျိုးအစား ဂိမ်းတစ်မျိုးဖြစ်တဲ့ Arena of Valor (Honor of Kings) ဆိုတာကတော့ တရုတ်နိုင်ငံ မိုဘိုင်း Esports လောကမှာ လူကြိုက်အများဆုံး ဂိမ်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် AOV အနေနဲ့ ၂၀၁၉ ခုနှစ်အတွင်း စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၁ သန်း နီးပါး ပေးအပ်ချီးမြှင့်ခဲ့တဲ့ ပြိုင်ပွဲပေါင်းများစွာကိုလည်း ကျင်းပနိုင်ခဲ့သလို ပထမဆုံး အကြိမ် Esports ပြိုင်ပွဲတွေ ပါဝင်လာတဲ့ ဖိလစ်ပိုင် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲမှာလည်း ပါဝင်လာခဲ့ပါတယ်။

PUBG Mobile (Tencent)

Player Unknow Battle Ground ကို စတင် ဖြန့်ချီခဲ့စဉ် အချိန်က PC သီးသန့် အတွက်သာ ဖြန့်ချီခဲ့ပေမယ့် ထင်မှတ်မထားလောက်‌အောင် လူကြိုက်များခဲ့တာကြောင့် Mobile Platform အတွက်ပါ ထုတ်လုပ် ဖြန့်ချီပေးခဲ့ပါတယ်။ PUBG Mobile ကို စတင် ထုတ်လုပ်ပေးခဲ့စဉ် အချိန်က စတင်ပြီး လူကြိုက်အများဆုံး Mobile ဂိမ်းတွေ အထဲမှာ တစ်ခု အပါအဝင်အဖြစ် ရပ်တည်နိုင်ခဲ့သလို ကမ္ဘာ့တစ်ဝှမ်း ဆော့ကစားသူ အများဆုံး ဂိမ်းတွေ အထဲမှာ တစ်ခု အပါအဝင် အဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် Tencent အနေနဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ ကျင်းပသွားမယ့် PUBG Mobile ပြိုင်ပွဲတွေ အတွက် စုစုပေါင်း ဆုကြေးငွေ ၅ သန်းခန့် အသုံးပြုသွားမယ်လို့ ကြေငြာထားတာကြောင့် PUBG Mobile အနေနဲ့ လာမယ့်နှစ်မှာလည်း အောင်မြင်မှုတွေကို ဆက်လက် စွတ်ခူးနိုင်မှာ သေချာသလောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

Garena Free Fire (Garena)

PUBG Mobile အနေနဲ့ အာရှသား ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်ခြင်းကို ခံယူနိုင်ခဲ့သလို Garena Free Fire အနေနဲ့လည်း တောင်အမေရိကတိုက် အတွင်းမှာ နေထိုင်လျက်ရှိတဲ့ လူဦးရေ အများစုရဲ့ ကြိုက်နှစ်သက်ခြင်းကို ခံယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ်အတွင်းမှာ ကျင်းပသွားခဲ့တဲ့ Free Fire World Series Finale ပြိုင်ပွဲကို Online ကနေ လူဦးရေ ၂ သန်းကျော် ကြည့်ရှုအားပေးခဲ့တဲ့ အထိ လူကြိုက်များတဲ့ Esports အမျိုးအစား မိုဘိုင်းဂိမ်း အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် Garena ပရိသတ် အသစ်တွေ ရရှိနိုင်ဖို့ အတွက် နယ်မြေသစ်တွေဖြစ်တဲ့ တရုတ်၊ အရှေ့အာရှ၊ မြောက်အမေရိက၊ အရှေ့တောင်အာရှစတဲ့ ဒေသတွေကို ဈေးကွက် ချဲ့ထွင်သွားဖို့ ရှိတာကြောင့် ၂၀၂၀ ခုနှစ်မှာ Garena Free Fire မိုဘိုင်းဂိမ်းကို လက်ရှိအချိန်ထက် ပိုမိုအောင်မြင်တဲ့ မိုဘိုင်းဂိမ်းအဖြစ် မြင်တွေ့သွားရဖွယ် ရှိပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle