အသင်းဖော် အသစ်များနဲ့ တွဲဖက်ကစားရခြင်းနဲ့ ပတ်သက်ပြီး ဖွင့်ဟလာခဲ့တဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Topson

အသင်းဖော် အသစ်များနဲ့ တွဲဖက်ကစားရခြင်းနဲ့ ပတ်သက်ပြီး ဖွင့်ဟလာခဲ့တဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Topson

OG Dota2 အဖွဲ့သားတွေ အနေနဲ့ လက်ရှိအချိန်မှာ OMEGA League EU Immortal Division အွန်လိုင်း ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိပါတယ်။ OMEGA League ပြိုင်ပွဲ ဖြစ်မြောက်ရေး အဖွဲ့သားတွေ အနေနဲ့ OG Dota2 အသင်းရဲ့ TI နှစ်ထပ်ကွမ်း Mid Lane ကစားသမား Topson ကို Ceb အသင်းနဲ့ ပြန်လည် ပူးပေါင်းခဲ့ခြင်း၊ အသင်းဖော် အသစ်တွေနဲ့ တွဲဖက် ကစားရခြင်း၊ အွန်လိုင်း ပြိုင်ပွဲနဲ့ LAN ပြိုင်ပွဲ အကြား ကွာခြားချက်များ အကြောင်း မေးမြန်းခဲ့ရာမှာ Topson ကတော့ အခုလိုပဲ ဖြေကြားသွားခဲ့ပါတယ်။

“ကိုဗစ်-၁၉ ကြောင့် ကျွန်တော် မလေးရှားမှာ ထင်ထားတာထက် အချိန် ကြာမြင့်စွာ နေထိုင်ခဲ့ရတယ်။ ပြိုင်ပွဲတွေနဲ့ အတော်လေး ဝေးကွာခဲ့ရတယ်။ အခုလို ပြိုင်ပွဲတွေမှာ ပြန်လည် ယှဉ်ပြိုင်ခွင့် ရရှိတဲ့ အတွက် အတော်လေးကို တက်ကြွလျက် ရှိနေပါတယ်။

ကျွန်တော် OG Dota2 အဖွဲ့သားတွေနဲ့ အတူတကွ ကစားရတာကို အတော်လေး နှစ်သက်ပါတယ်။ Ceb နဲ့ Notail တို့ဟာ ဆိုရင်လည်း ကျွန်တော့်အတွက် မိသားစုဝင်တွေလိုတောင် ဖြစ်နေခဲ့ပါတယ်။ သူတို့တွေ ကျွန်တော့်ကို အလိုမရှိတော့ဘူး ဆိုမှသာ ကျွန်တော် အသင်းကနေ ထွက်သွားမှာပါ။

ကျွန်တော်က ခရီးသွားရတာကို သဘောကျတဲ့လူတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း LAN ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ရတာကိုတော့ အတော်လေး နှစ်သက်ပါတယ်။ ပြိုင်ပွဲကြီးရင် ကြီးသလို ကျွန်တော် အစွမ်းကုန် ကြိုးစား ကစားလေ့ ရှိတယ်။ အွန်လိုင်း ပြိုင်ပွဲတွေ ကစားရတာ ကျွန်တော့် အတွက်တော့ အတော်လေးကို ခက်ခဲလှပါတယ်။ LAN ပြိုင်ပွဲတွေ ပြန်လည် ကစားနိုင်တဲ့ အချိန် အမြန်ဆုံး ရောက်ရှိလာစေဖို့ အတွက်လည်း မျှော်လင့်လျက် ရှိပါတယ်။

အသင်းဖော် အသစ်တွေနဲ့ အတူတကွ ကစားရတော့‌ သူတို့ရဲ့ Dota2 အပေါ် အတွေးအမြင်တွေနဲ့ ပတ်သက်ပြီး လေ့လာသင်ယူခွင့် ရရှိခဲ့သလို သူတို့ရဲ့ ကစားဟန်နဲ့ ကိုက်ညီအောင် ညှိုနှိုင်း ဆွေးနွေးရတာတွေတော့ ရှိလာပါတယ်။ ဒါပေမယ့်လည်း ဒီအချက်တွေက တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းလှပါတယ်။ အတွေ့အကြုံကောင်းတွေ အဖြစ်လည်း ကျွန်တော်ကတော့ ခံယူထားပါတယ်။

Ceb အသင်းကို ပြန်ရောက်လာတဲ့ အတွက်လည်း တကယ်ကို ဝမ်းသာမိပါတယ်။ Ceb နဲ့ ကစားရတာကိုလည်း ကျွန်တော် အရမ်းကို သဘောကျမိပါတယ်။ Ceb က ကျွန်တော့်အတွက် အကောင်းဆုံး အသင်းဖော် တစ်ဦး ဖြစ်သလို ကျွန်တော်တို့ အဖွဲ့သားတွေ အားလုံး ပြိုင်ပွဲတွေမှာ အနိုင်ရလိုစိတ် ပြင်းထန်လာအောင် နှိုးဆွပေးလေ့ရှိတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။”

OG Dota2 အသင်း အနေနဲ့ OMEGA League EU Immortal Division ရဲ့ အဖွင့် ပွဲစဉ် နှစ်ပွဲလုံးကို အနိုင်ရရှိထားပြီး ဩဂုတ်လ ၂၁ ရက်နေ့မှာ CIS အခြေစိုက် Dota2 အသင်း FlyToMoon နဲ့ တတိယမြောက် ပွဲစဉ် အဖြစ် ဆက်လက် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ