TI9 ပြိုင်ပွဲ ပြီးဆုံးချိန်မှာ ကစားသမား ဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ဖူးကြောင်း ဝန်ခံသွားခဲ့တဲ့ Topson

TI9 ပြိုင်ပွဲ ပြီးဆုံးချိန်မှာ ကစားသမား ဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ဖူးကြောင်း ဝန်ခံသွားခဲ့တဲ့ Topson

OG Dota2 အသင်းနဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Mid Lane ကစားသမား Topias Mikka “Topson” Taavitsainen ကတော့ Cybersport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ် တစ်ခုမှာ TI9 ပြိုင်ပွဲ ပြီးဆုံးချိန်မှာ ကစားသမား ဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ဖူးကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါ အင်တာဗျူး အစီအစဉ်မှာ Topson အနေနဲ့ မလေးရှားမှာ သွားရောက် နေထိုင်စဉ် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ SEA Server မှာ Rank Match ကစားရခြင်း အတွေ့အကြုံတွေ၊ OG Dota2 အသင်းသစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

SEA Pubs များနဲ့ ပတ်သက်ပြီး Topson ရဲ့ ဖွင့်ဟ ဝန်ခံချက်များ

“အမှန်အတိုင်း ပြောရရင် SEA Pubs တွေက ကျွန်တော့် တစ်ဦးတည်း အမြင်အရ အတော်လေးကို အခြေအနေ ဆိုးဝါးလှပါတယ်။ ကျွန်တော် မလေးရှားမှာ စတင် ပိတ်မိနေစဉ် ကာလက အချိန်ဖြုန်းဖို့ အတွက် ရည်ရွယ်ပြီး မကြာခဏ Dota2 ကစားလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း SEA Pubs တွေရဲ့ အခြေအနေကို ရိပ်မိပြီး နောက်ပိုင်းမှာ Steam တောင် ဖွင့်ကြည့်မနေတော့ပါဘူး။ ဒါကြောင့် အသင်းနဲ့ ပြန်လည် ပူးပေါင်းတဲ့ ကာလမှာ ကျွန်တော့် လက်စွမ်းပိုင်းမှာ အနည်းငယ် ကျဆင်းမှုတွေ ပေါ်ပေါက်ခဲ့ရတာ ဖြစ်ပါတယ်။”

မလေးရှားနဲ့ ဖင်လန် နိုင်ငံ နှစ်ခု အကြား ကွာခြားချက်များ

“ဖင်လန်ကတော့ ကျွန်တော့် မွေးရပ်မြေဖြစ်တာနဲ့ အညီ ကျွန်တော့် အတွက် နေရထိုင်ရ ပိုပြီးတော့ အဆင်ပြေတာပေါ့ဗျာ။ တောအုပ်လေးထဲမှာ လေကောင်းလေသန့် ရှူရှိုက်ရင်း လမ်းလျှောက်ရတာကို ကျွန်တော် အင်မတန် နှစ်သက်ပါတယ်။ ဒါပေမယ့် မလေးရှားမှာ ကျွန်တော် နေထိုင်ခဲ့တဲ့ နေရာက မြို့တော် ကွာလာလမ်ပူ အနားမှာ တည်ရှိနေတာကြောင့် ဆူညံသံတွေနဲ့ အမြဲတမ်း ပြည့်နှက်လျက် ရှိပါတယ်။

ကျွန်တော်က လူဦးရေ ထူထပ်တဲ့ မြို့တော်ကြီးတွေမှာ နေထိုင်ရတာကို နှစ်သက်ခြင်း မရှိဘူးဆိုတော့ အဲဒီမှာ နေထိုင်ရတာ အနည်းငယ်တော့ ဒုက္ခရောက်တာပေါ့ဗျာ။ ဒါပေမယ့်လည်း မလေးရှားနိုင်ငံရဲ့ ရှုခင်းတွေက တကယ်ကို နှစ်သက်ဖို့ ကောင်းသလို နိုင်ငံသူ၊ နိုင်ငံသားတွေကလည်း ဖော်ရွေလှပါတယ်။”

TI9 အပြီး စိတ်ခံစားချက်များ

“TI9 ပြီးဆုံးသွားချိန်မှာ ကျွန်တော် အနားယူလိုက်ရင် ကောင်းမလားဆိုတဲ့ မေးခွန်းကို လပေါင်းများစွာ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ခဲ့တယ်။ တကယ်လို့ ကစားသမား ဘဝကနေ အနားယူပြီးရင် ဘာဆက်လုပ်မယ် ဆိုတာကိုလည်း အချိန်ယူပြီး စဉ်းစားခဲ့တယ်။

ဒါပေမယ့်လည်း အချိန်ကြာလာတာနဲ့အမျှ Dota2 အပေါ် ချစ်မြတ်နိုးမှုတွေ ကျွန်တော့် နှလုံးသား အထဲမှာ ကိန်းအောင်းလျက် ရှိနေစဲပဲ ဆိုတာကို သိရှိခဲ့ရတယ်။ ကျွန်တော် ပြိုင်ပွဲတွေမှာ ဆက်လက် ယှဉ်ပြိုင်ချင်သေးတယ်။

တကယ်လို့ ကျွန်တော် Dota2 ကစားရတာကို ပျော်ရွှင်ခြင်း မရှိတော့ဘူးဆိုရင်၊ အသင်းအတွက် ကျွန်တော်က ဝန်ထုပ်ဝန်ပိုး ဖြစ်လာတဲ့ အခါမျိုး ကျရင်တော့ ကစားသမား ဘဝကနေ အနားယူသွားမှာပါ။ လက်ရှိအချိန်မှာတော့ အသင်းကနေ အနားယူဖို့ စိတ်ကူးမရှိသေးပါဘူး။”

OG Dota2 အဖွဲ့သား အသစ်များ အကြေင်း

“လက်ရှိ OG Dota2 အသင်းက အရင်တုန်းက OG Dota2 အသင်းနဲ့ အတော်လေးကို ကွဲပြားခြားနားပါတယ်။ Ana နဲ့ Sumail ကို ဥပမာ ပေးရမယ်ဆိုရင် Ana က လူအေး တစ်ယောက်ဖြစ်တယ်။ စကားတွေ အများကြီး ပြောရတာကို မနှစ်သက်ဘူး။ Sumail ကတော့ အမြဲတမ်း တက်ကြွနေလေ့ရှိတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

နောက်ပြီးတော့ Saksa ကလည်း တကယ်ကို လူအေးကြီး တစ်ဦးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ OG Dota2 အသင်းဟာလည်း အရင်တုန်းက OG လိုပဲ အင်အား တောင့်တင်းတဲ့ အသင်းတစ်သင်းလို့ ကျွန်တော်ကတော့ ထင်မြင်မိပါတယ်။ အသင်းသားတွေ အားလုံး အသားကျသွားတဲ့ အခါမှာ အင်အားကြီး Dota2 အသင်း အဖြစ် ပြန်လည် ရပ်တည်သွားနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။”

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle