EXCEL Esports အဖွဲ့အစည်းရဲ့ Global Ambassador ဖြစ်လာခဲ့တဲ့ နာမည်ကျော် ဘောလုံးကစားသမား Dele Alli

တောတင်ဟမ် ဟော့စပါး ဘောလုံးအသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား တစ်ဦးဖြစ်သူ Dele Alli ကတော့ EXCEL Esports အဖွဲ့အစည်းမှာ Global Ambassador အဖြစ် တာဝန်ယူသွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ Dele Alli အနေနဲ့ EXCEL Esports အဖွဲ့အစည်း လက်အောက်ခံ ကစားသမားများကို ဖိအားတွေ အကြား လက်စွမ်းပြ ကစားနိုင်စေရန် အတွက် အဓိက အကူအညီ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
I'm here to @EXCEL. Excited to be on board 🎮 #ThePowerOfBetter https://t.co/Hm6GTXlke6
— Dele (@dele_official) November 19, 2020
Dele Alli အနေနဲ့ EXCEL Esports လက်အောက်ခံ နာမည်ကျော် Fortnite ကစားသမားဖြစ်တဲ့ Jaden “Wolfiez” Ashman ကို ပုံမှန် လက်စွမ်းကောင်းတွေ ပြသနိုင်ရန် အတွက် အဓိက ကူညီပေးသွားမှာ ဖြစ်တယ်လို့ သိရပြီး Wolfiez ဟာဆိုရင် အသက် (၁၅) နှစ် အရွယ်မှာတင် Fortnite World Cup 2019 လို ပြိုင်ပွဲကြီးမှာ Runner Up ဆုကို ရယူနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

အသက် (၂၄) နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ တောတင်ဟမ် ဟော့စပါး ကစားသမား Alli ဟာ ပြင်ပဘဝမှာ ဘောလုံး ကစားသမား အဖြစ် ရပ်တည်လျက် ရှိပေမယ့် ဂိမ်းကစားရာမှာတော့ အခြားသော ဘောလုံးကစားသမား အများစုလို FIFA, PES စတဲ့ ဘောလုံးဂိမ်းတွေကို နှစ်သက်ခြင်း မရှိဘဲ COD: COLD War ကိုသာ နှစ်ခြိုက်စွာ ကစားလေ့ရှိတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Dele Alli အပါအဝင် နာမည်ကျော် ဘောလုံးကစားသမားတွေဖြစ်တဲ့ Gareth Bale, David Beckham, Mesut Ozil, Sergio Aguero တို့ အနေနဲ့ Esports လောက အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာပြီ ဖြစ်တာကြောင့် မကြာခင် အချိန်အတွင်းမှာ နာမည်ကျော် ဘောလုံးစတားတွေ ပါဝင်တဲ့ Esports အဖွဲ့အစည်းတွေကို ပိုမို မြင်တွေ့လာရဖွယ် ရှိပါတယ်။
REF: AfkGaming