ခရီးသွားရင်မဖြစ်မနေသုံးသင့်တဲ့ Skincare Tips

ခရီးသွားရင်မဖြစ်မနေသုံးသင့်တဲ့ Skincare Tips

မိုးတွင်းဆိုပေမယ့်ခရီးတွေကလည်းသွားနေရတယ်၊အလုပ်ကိစ္စတွေကြောင့်ပဲဖြစ်ဖြစ် ၊ မိုးတွင်းမှာအနားယူချင်လို့အေးချမ်းတဲ့မြို့လေးတွေကိုခရီးသွားမယ်ဆိုရင် ခရီးသွားရင်လိုအပ်တဲ့ ပစ္စည်းတွေထဲမှာဆိုရင် မိန်းကလေးတွေအတွက်ကတော့ Cosmetics တွေကတော့မပါမဖြစ်ပါနော်။ဘယ်လောက်ပဲအလုပ်များများ ကိုယ့်ရဲ့ Skin ကိုတော့ထိန်းသိမ်းဖို့လိုအပ်ပါတယ်နော်။ အများကြီးတွေမသုံးချင်ဘူးဆိုရင်တောင်မှ အခုပြောပြတဲ့ Skincare လေးတွေကိုတော့ ယူသွားပြီးကိုယ့်သွားတဲ့မြို့မှာလျှောက်လည်ပြီးပြန်လာရင်တော့ ဒီ Skincare အဆင့်လေးတွေကိုတော့လုပ်ပေးသင့်ပါတယ်။

Facial Wipes
Facial Wipes ကတော့အလွယ်တကူသယ်ရတာကလည်းလွယ်ကူတယ်၊ ကိုယ့်ရဲ့မျက်နှာပေါ်ကအညစ်အကြေးတွေကိုလည်းအလွယ်တကူဖယ်ရှားလို့ရတယ်။Facial Wipes တွေထဲကမှ Alcohol မပါတဲ့ Wipes လေးတွေသုံးပေးသင့်ပါတယ်။

Photo Credit - Skincare.com


Facial Mist
Mist တွေကဖျန်းလိုက်တာနဲ့ လူကိုလန်းဆန်းသလိုလိမ်းထားတဲ့မိတ်ကပ်ကိုလည်းတာရှည်ခံစေပါတယ်။ဘာမှမလိမ်းထားဘူးဆိုရင်တောင် Mist လေးဖျန်းလိုက်ရင်တောင်အနည်းဆုံးဖုံမှုန့်တွေကိုကာကွယ်ပေးနိုင်ပါတယ်။မိန်းကလေးတွေအကြိုက်တွေ့ဆုံး Mist ဆိုတော့ Rose Water ဖြစ်မှာပါ။

Photo Credit -Forbes

Facial Cleanser
တော်တော်များများက Cleanser ကိုခရီးသွားမယ်ဆိုရင် Travel Size လိုချင်လို့ဆိုပြီးအလွယ်တကူသုံးနေကျမဟုတ်တဲ့ Cleanser တွေကိုယူသွားတတ်ကြပါတယ်။ဒါမျိုးကမလုပ်သင့်ပါဘူးနော်။ကိုယ့်နေ့စဉ်သုံးနေတဲ့ ဘူးကိုမှ Travel လုပ်ရင်ထည့်သုံးလို့ရတဲ့ဘူးလေးတွေအလွယ်တကူဝယ်လို့ရပါတယ်။အဲ့တာလေးထဲထည့်ပြီးယူသွားသင့်ပါတယ်။

Photo Credit -Digest


Moisturizer
ဒီ Step လေးကခရီးသွားမှမဟုတ်ပါဘူး၊နေ့စဉ်နေ့တိုင်း Care လုပ်တဲ့အဆင့်တွေမှာလည်း မဖြစ်မနေသုံးပေးရတဲ့ Step ပါ။ခရီးသွားရင်လေရော၊နေရော၊ရေရောအပြောင်းအလဲဖြစ်တဲ့အတွက် Moisturizer ကလုံးဝမမေ့သင့်ပါဘူးနော်။

SPF
SPF ပါဝင်တဲ့Cream တွေကမိုးရာသီဆိုပေမယ့်သုံးပေးဖို့လို့ပါတယ်။ဘာလို့လဲဆိုရင်တော့ မြန်မာနိုင်ငံရဲ့ရာသီဥတုကအမြဲတမ်းမိုးရွာနေတာမဟုတ်တဲ့အတွက် နေပူလိုက်၊မိုးရွာလိုက်ဆိုရင် ကိုယ့်ရဲ့မျက်နှာအသားအရေကိုပိုထိခိုက်လွယ်ပါတယ်။

Photo Credit -Lchoio

Kelly -Akhayar Lifestyle

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle