Trekking ကိုအသက်မကြီးခင်မှာဘာကြောင့်လုပ်သင့်တာလဲ

Trekking ကိုအသက်မကြီးခင်မှာဘာကြောင့်လုပ်သင့်တာလဲ

စွန့်စားခရီးတွေသွားချင်တယ်၊ သဘာဝနဲ့ပိုပြီးထိတွေ့ချင်တယ်ဆိုရင် တောင်တက်ခရီးသွားတာကအကောင်းဆုံးပါနော်။Trekking သွားခြင်းကလူငယ်ဘဝမှာသွားကိုသွားသင့်တဲ့ ခရီးကြမ်းတစ်ခုလည်းပြောလို့ရပါတယ်။ Trekking ကသွားရတာပင်ပန်းပန်းဖြစ်ပေမယ့်၊ ရှုခင်းတွေ၊တောတောင်ရဲ့အလှအပ ၊ကျေးဌက်တွေရဲ့သာယာနာပျော်ဖွယ်ကောင်းတဲ့အသံတွေကိုခံစားရမှာအမှန်ပါ။လူတွေက တစ်နေ့တစ်နေ့အလုပ်တွေနဲ့ စိတ်ရှုပ်စရာတွေ၊ စိတ်ညစ်စရာနဲ့မြို့ပြမှာနေထိုင်ရတဲ့သူတွေတိုင်းခံစားကြရမှာပါ။

Trekking သွားမယ်ဆိုရင်လည်းကိုယ်သွားမဲ့နေရာကို ကျွမ်းကျင်တဲ့သူမျိုး ၊တောလမ်းတွေကိုကျွမ်းတဲ့သူမျိုးတွေနဲ့သွားသင့်ပါတယ်။ ပြီးတော့ မသွားခင်မှာလည်း သေချာပြင်ဆင်ဖို့လိုအပ်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့လမ်းခရီးတွေကိုသွားရတာကလည်းဘဝမှာ အောင်မြင်မှုတွေကပိုင်ဆိုင်ရတာနဲ့အတူတူပါနော်။ ခရီးရှည်ကိုခံနိုင်ရည်ရှိတဲ့အဝတ်အစားတွေဝတ်ဆင်သင့်ပါတယ်။အစားအသောက်တွေဆိုရင်လည်းအလုံအလောက်မျိုးရအောင်ကြိုတင်ပြင်ဆင်သင့်ပါတယ်။လမ်းတစ်ယောက်လုံးမှာလည်းကိုယ့်နဲ့အတူတူသွားတဲ့သူတွေနဲ့အုပ်စုမကွဲအောင်သွားသင့်ပါမယ်။ လမ်းတစ်ယောက် မှာ ဘယ်လောက်ခက်ခဲခက်ခဲပန်းတိုင်ရောက်ရင်တော့ သဘာဝအလှတရာနဲ့ အနိုင်ယူချင်စိတ်ကိုရရှိမှာအမှန်ပါနော်။အဲ့ လို Trekking ကလည်း အသက်ကြီးမှဆိုရင်သွားချင်တာတောင်သွားလို့ရမှာမဟုတ်ပါဘူးနော်။အသက်အရွယ်နဲ့အချိန်ကအရမ်းကိုအရေးကြီးပါတယ်။အဲ့တာကြောင့် ငယ်ရွယ်တဲ့အချိန်မှာ လုပ်ကိုလုပ်သင့်ပါတယ်နော်။

Kelly -Akhayar Lifestyle  

Photo Credit - Pinterest