အရင်ခေတ်က မထွန်းကားခဲ့တဲ့ ခေတ်သစ် Beauty Trend များ

အရင်ခေတ်က မထွန်းကားခဲ့တဲ့ ခေတ်သစ် Beauty Trend များ

အလှပြင်ပစ္စည်းတွေဟာ မိန်းကလေးတွေနဲ့ ခွဲခြားလို့မရပါဘူး။ ခေတ်တွေ တစ်ခေတ်ပြီးတစ်ခေတ် ပြောင်းလဲလာသလို အလှပြင်တဲ့ပုံစံတွေနဲ့ ပစ္စည်းတွေလည်း ပြောင်းလဲလာပါတယ်။ ဒီလိုပဲ အခုနောက်ပိုင်းမှာဆိုရင်လည်း မိတ်ကပ်ပစ္စည်းတွေဝယ်ပြီး အလှပြင်နေရုံနဲ့ မပြီးတော့ပါဘူး။ လှအောင်လို့ နေ့စဉ်လိုအပ်တဲ့တခြားနည်းလမ်းတွေလည်း ရှိလာပါပြီ။ ခေတ်နောက်ကျမကျန်နေရအောင် အမီလိုက်ရပါလိမ့်မယ်နော်။ ဒီပစ္စည်းတွေက ဘာတွေများလဲ။ တစ်ခါတလေ ကိုယ်နဲ့အနီးပတ်ဝန်းကျင်မှာ မြင်တွေ့နေရပေမယ့် မေ့နေကြမှာဆိုးလို့ ပြန်လည်ပြောပြပါရစေနော်။

မျက်ကပ်မှန် (Contact Lens)

အရင်တုန်းကတော့ မျက်ကပ်မှန်တွေကို ကျန်းမာရေးအရပဲ သုံးစွဲခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ မျက်ကပ်မှန်ဟာ အလှပြင်ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ ဒီဇိုင်းပေါင်းစုံနဲ့ လှပတဲ့မျက်ကပ်မှန်တွေ ပေါ်လာသလို မိန်းကလေးတွေရော၊ ယောက်ျားလေးတွေပါ တပ်ကြတာပါ။ သူက မျက်ဝန်းအလှကို ပံ့ပိုးပေးပြီး မျက်လုံးကို ဆွဲဆောင်မှုရှိစေလို့ပါ။

တက်တူး (Tattoo)

တက်တူးကလည်း တဖြည်းဖြည်း အလှအပပစ္စည်း ဖြစ်လာပါပြီ။ လူငယ်တော်တော်များများဟာ အရင်ခေတ်ကလို တက်တူးကိုနှစ်သက်လို့ ရေးဆွဲကြတာမျိုးမဟုတ်ဘဲ အလှအပအဆင်အယင်တစ်ခုလို သဘောထားပြီး ရေးဆွဲလာကြသူတွေလည်း ရှိပါတယ်။ ပွဲလမ်းသဘင်သွားရင် အလှပြင်သလိုမျိုး ကိုယ့်ရဲ့ ကိုယ်ခန္ဒာပေါ်က တက်တူးတွေကို ဖော်ပြထားရတာကလည်း အလှအပတစ်မျိုးပါပဲ။

ကိုယ်ခန္ဒာအစိတ်အပိုင်းကို ပြုပြင်ပြောင်းလဲခြင်း (Plastic Surgery)

အရင်ခေတ်တုန်းက ခွဲစိတ်တယ်ဆိုတာ ရောဂါကြီးကြီးမားမားဖြစ်မှပါ။ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ထုံဆေး၊ မေ့ဆေးပေးပြီး ခွဲစိတ်ရတာကို ကြောက်ရွံ့ကြပါတယ်။ မလွဲရှောင်သာအခြေအနေမှသာ ခွဲစိတ်မှုတွေကို ပြုလုပ်ကြတာပါ။ အခုခေတ်ကတော့ မတူတော့ပါဘူး။ အလှအပအတွက် မျက်ရစ်ခွဲဖို့၊ Botox ထိုးဖို့၊ နှာခေါင်းပြုပြင်ဖို့ အစုံပါပဲ။ အလှအပအတွက် ခွဲစိတ်ပြုပြင်မှုတွေကိုလုပ်နေကြပါပြီ။

မျက်နှာပုံဖော်ခြင်း (Contour)

Contour လို့ခေါ်တဲ့ မျက်နှာပုံဖော်တာဟာ တစ်ကမ္ဘာလုံးမှာ ခေတ်စားနေတဲ့ မိတ်ကပ်ပုံစံတစ်မျိုးပါပဲ။ နှာခေါင်းလေးတွေ၊ မေးရိုးလေးတွေကို Shape ချပြီး ပုံမဖော်ဘဲ လိမ်းထားတဲ့ မိတ်ကပ်ကို မိတ်ကပ်အပြည့်လိမ်းတယ်လို့တောင် မခေါ်တော့တဲ့ ခေတ်ကို ရောက်နေတာပါ။ အခုခေတ်မှာတော့ ကိုယ့်ရဲ့ လှပတဲ့အစိတ်အပိုင်းကို ပုံဖော်ပြီး မလှပတဲ့အစိတ်အပိုင်းတွေကို ဖုံးအုပ်ဖို့အတွက် ပန်းချီဆွဲသလို အသေးစိတ်ပုံဖော်လာပါပြီ။

ကဲ ဒီတော့ ခေတ်မီဖို့အတွက် ဒီလို ရှေ့ကပြေးနေတဲ့ အလှအပ Trend တွေကို အမီလိုက်ဖို့ လိုအပ်ပါတယ်နော်။ မသိလိုက်နဲ့ မလုပ်တတ်မရှိရလေအောင် တီးခေါက်ကြည့်ပါဦး။ ကိုယ်တွေလည်း လှဖို့ပဖို့ လိုက်လုပ်ရဦးမယ်လေနော်။

(Photo Credit)

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle