CSGO လောကထဲကို ပြန်လည် ဝင်ရောက် လာခဲ့တဲ့ Tricked Esports

CSGO လောကထဲကို ပြန်လည် ဝင်ရောက် လာခဲ့တဲ့ Tricked Esports

နာမည်ကျော် Esports အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Tricked Esports အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ အသင်းရဲ့ CSGO ကစားသမား အားလုံးကို MAD Lions CSGO အသင်းကို ရောင်းချပြီး CSGO လောကထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။ CSGO လောကကနေ ထွက်ခွာပြီး (၂) လခန့် အကြာမှာတော့ ဒိန်းမတ်နိုင်ငံသား ငါးဦးဖြင့် ဖွဲ့စည်းထားတဲ့ CSGO အသင်းနဲ့အတူ CSGO လောကထဲကို ပြန်လည် ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

အသစ်ဖွဲ့စည်းလိုက်တဲ့ Tricked CSGO အသင်းမှာ Maquinas နဲ့ Fragsters CSGO အသင်းတို့မှ ကစားသမားတွေ ပါဝင်လို့ လာခဲ့ပါတယ်။ အခုလို CSGO အသင်းကို ပြန်လည် ဖွဲ့စည်းလိုက်ခြင်းနဲ့ ပတ်သတ်ပြီး Tricked Esports အဖွဲ့အစည်းရဲ့ ဒါရိုက်တာဖြစ်သူ Morten “Phy” Jensen ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“CSGO လောကထဲကို ပြန်လည် ဝင်ရောက်နိုင်ခဲ့တဲ့ အတွက် တကယ်ကို ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ ကစားသမား အားလုံးကိုလည်း ခေါ်ယူနိုင်ခဲ့ပါတယ်။ အသစ်ခေါ်ယူလိုက်တဲ့ ကစားသမားတွေဟာ အရည်အချင်းရှိတဲ့ ကစားသမားတွေ ဖြစ်ကြသလို စိတ်ဓာတ်ရေးရာလည်း ကောင်းမွန်တဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်။

အခုလို အရည်အချင်း ကောင်းမွန်တဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာကြောင့် Tricked CSGO အသင်း အနေနဲ့ ၂၀၂၀ ခုနှစ်ရဲ့ အကောင်းဆုံး CSGO အသင်းတွေ အထဲမှာ တစ်သင်း အပါအဝင်အဖြစ် ရပ်တည်နိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။”

Tricked CSGO အသင်းကို ဒိန်းမတ်နိုင်ငံ အခြေစိုက် A-Tier အဆင့်ရှိ ကစားသမား အများစုနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပေမယ့် အသင်းရဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ Nicolai “Torben” Amorim ဟာဆိုရင် အသင်းဟောင်း Fragsters နဲ့အတူ ၂၀၁၈ ခုနှစ်မှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့သလို Fragsters CSGO အသင်း အနေနဲ့ ၂၀၁၈ ခုနှစ်ရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အဆင့် ၂၃ နေရာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Torben

Tricked CSGO အသင်း အနေနဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကျင်းပသွားမယ့် Geeks Gone Wild #25 ပြိုင်ပွဲကို ကစားသမား အသစ်တွေနဲ့ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တာကြောင့် အဆိုပါ ပြိုင်ပွဲမှာ အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Tricked CSGO အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Andreas “kiR” Kirstein
  • Nicolai “torben” Amorim
  • Oliver “kwezz” Rasmussen
  • Philip “Lucky” Ewald
  • Magnus “Toft” Toft
  • Philippe “Winspai” Molgaard Ouabaid (Coach)

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ