ခရီးသွားရင်ဟိုမေ့ဒီမေ့ရှပ်ပြာလေးတွေအတွက်

ခရီးသွားရင်ဟိုမေ့ဒီမေ့ရှပ်ပြာလေးတွေအတွက်

မကြာခင်မှာ ရုံးပိတ်ရက်ရှည်ရောက်တော့မှာဖြစ်တဲ့အပြင် နောက်လတွေမှာလည်းပိတ်ရက်တွေဆက်တိုက်ရှိနေတာကြောင့် ခရီးတွေလည်းထွက်ကြမှာဆိုတော့၊အားလပ်ရက်ခရီးသွားရင် ဘာတွေယူသွားကြမလဲ?

ကိုယ်ကပြင်ပခရီးသွားမယ်ဆိုရင်တော့ နိုင်ငံသားမှတ်ပုံတင်ကအဓိကယူသွားရမဲ့ဟာပါ။ဖုန်းအားသွင်းကြိုးနဲ့ဖုန်းနဲကတော့လုံးဝမပါမဖြစ်လေးတွေပါ။ဘာဖြစ်လို့လဲဆိုရင်တော့ ကိုယ်နဲ့အတူတူသွားတဲ့အဖွဲ့ကကွဲသွားတာမျိုး၊ လမ်းပျောက်သွားတာမျိုးဆို မြေပုံကြည့်ရှာလို့ရအောင်ပါ။ကိုယ်သွားမဲ့နေရာဒေသကိုကြည့်ပြီး အဝတ်အစားတွေကိုရွေးထည့်ပါ။ဖိနပ်နောက်တစ်ရံလောက်ယူသွားဖို့ကိုလည်းမမေ့ပါနဲ့။လမ်းခရီးဆိုတာကကိုယ်ကြိုမမြင်နိုင်တဲ့အရာမို့ဖိနပ်ပြတ်သွားတာတို့၊စီးသွားတဲ့ဖိနပ်ကအသစ်ဆိုရင်ပေါက်တတ်လို့ပါ။ပုဝါလည်းယူသွားသင့်ပါတယ်။

ခရီးသွားလို့ဟိုတယ်မှာတည်းရတဲ့အခါ Hotel  ကစီစဉ်ထားပေးတဲ့ တစ်ခါသုံးသွားတိုက်တံ၊သွားတိုက်ဆေး၊ဘီး၊ဆပ်ပြာ၊ခေါင်းလျှော်ရည် တစ်ခါသုံးပစ္စည်းတွေကိုမသုံးပဲ ကိုယ့်မှာအခုလိုယူသွားရင် အမှိုက်လည်းကင်းပြီး ပလတ်စတစ်လည်းလျှော့သုံးရာရောက်တာပေါ့။ ဓာတ်ပုံလှလှရိုက်ဖို့၊ နေရောင်ခြည်ကိုလည်းကာကွယ်နိုင်ဖို့အတွက်ဆိုရင်နေကာမျက်မှန်ကတော့မပါမဖြစ်ယူသွားသင့်ပါတယ်။

လိုရမယ်ရ First aid Kit (သက်ကယ်ဆေးပစ္စည်း) လေးထည့်သွားရင်တော့ပိုကောင်းတယ်နော်။ကိုယ့်ရဲ့နေ့တိုင်းသုံးနေကြ မိတ်ကပ် Set ကတော့မဖြစ်မနေယူသွားသွားရပါမယ်။နေလောင်ပြီးအသားအရေမပျက်စီးဖို့လည်းအရေးကြီးတယ်နော်။မသွားခင်ကလည်းကိုယ်လိုအပ်တဲ့ပစ္စည်းလေးတွေကို စာရွက်လေးမှာပဲချရေးထားလိုက်ရင်လည်းခရီးသွားတဲ့အခါဘာတွေလိုသေးလဲဆိုတာမမေ့တော့ဘူးပေါ့။ကယ်….ဒီလိုဆိုရင်ပိတ်ရက်မှာပစ္စည်းလေးတွေမမေ့ကျန်ခဲ့ပဲနဲ့ ပျော်ပျော်ပါးပါးကြီးခရီးသွားကြရအောင်နော်။

Kelly (Akhayar Lifestyle)

Photo Credit