Donald Trump နဲ့ Kim Jong-un တို့ သဘောတူညီမှုမရခဲ့တဲ့ Trump-Kim Summit

Donald Trump နဲ့ Kim Jong-un တို့ သဘောတူညီမှုမရခဲ့တဲ့ Trump-Kim Summit

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ နှစ်ရက်ကြာ (ဖေဖော်ဝါရီလ ၂၇နဲ့ ၂၈) ကျင်းပနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un နဲ့ အမေရိကန်သမ္မတ Donald Trump တို့ရဲ့ Trump-Kim Summit ဆွေးနွေးပွဲဟာ သဘောတူညီချက် မရရှိခဲ့ဘူးလို့ သိရပါတယ်။ ၂ဝ၁၈ခုနှစ် ဇွန်လ (၁၂) ရက်နေ့တုန်းက စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲဟာ အပြုသဘောဆောင်ခဲ့လို့ ဗီယက်နမ်နိုင်ငံမှာ ဒုတိယအကြိမ်ဆွေးနွေးတဲ့အဆင့်မှာတော့ အချည်းနှီးဖြစ်ခဲ့တယ်လို့ သုံးသပ်ရမှာပါ။

ပထမရက် (ဖေဖော်ဝါရီလ ၂၇ရက်) မှာတော့ ခေါင်းဆောင်နှစ်ဦးရဲ့ ဆွေးနွေးပွဲဟာ အခြေအနေကောင်းတယ်လို့ ခန့်မှန်းရပေမယ့် လက်ရှိအချိန်မှာတော့ သဘောတူညီချက်မရခဲ့ပါဘူး။ Donald Trump ဟာ မြောက်ကိုရီးယားအစိုးရကို နျူးကလီးယားဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့သလို Kim Jong-un ကလည်း ဂျပန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ဖျက်သိမ်းပေးဖို့ တိုက်တွန်းခဲ့တာပါ။ သံတမန်ဆက်သွယ်ရေးအတွက် အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေမှာ သီးခြားရုံခွဲတွေ ဖွင့်လှစ်ကြဖို့ ဆွေးနွေးခဲ့ကြပါသေးတယ်။

ဆွေးနွေးပွဲပြီးရင် နေ့လယ်စာနဲ့ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကျင်းပမယ်လို့ မူလက စီစဉ်ထားပေမယ့် သဘောတူညီချက်မရခဲ့တာကြောင့် သူတို့နှစ်ယောက်ဟာ တည်းခိုတဲ့ဟိုတယ်ကိုပဲ ထွက်ခွာခဲ့ပါတယ်။ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Sarah Sanders ကတော့ “သဘောတူညီချက် မရခဲ့ပါဘူး။ ဒါပေမယ့် နှစ်ဖက်စလုံးဟာ အနာဂတ်မှာ တွေ့ဆုံဖို့ အစီအစဉ်ရှိနေပါသေးတယ်” လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

“ကျွန်တော်တို့နှစ်ယောက်လုံးဟာ မှန်ကန်တဲ့ သဘောတူညီချက်ကို လိုချင်ပါတယ်။ မြန်ဖို့ အရေးမကြီးပါဘူးလို့” Donald Trump က ပြောဆိုခဲ့ပါတယ်။ နျူးကလီးယားဖျက်သိမ်းပေးဖို့ ဆန္ဒရှိရဲ့လားလို့ သတင်းထောက်က မေးတဲ့အခါ Kim Jong-un က “ဆန္ဒရှိလို့ အခုလို ဆွေးနွေးပွဲတွေ လုပ်နေတာပေါ့၊ မဟုတ်ရင် လုပ်စရာအကြောင်းမရှိဘူးလေ” လို့ စကားပြန်ကတဆင့် တု့ံ့ပြန်ခဲ့ပါတယ်။ ဆွေးနွေးပွဲ မအောင်မြင်ခဲ့ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်လိုက်တဲ့အခါမှာ တောင်ကိုရီးယားကုမ္ပဏီတွေရဲ့ ရှယ်ယာတွေ ထိုးကျကုန်ပြီး တောင်ကိုရီးယားငွေဈေးတွေလည်း ကျဆင်းကုန်ပါတယ်။

Reference and Photo Credit – CNN ၊ CNBC News

ကျော်စိုးအောင် (အခရာ)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle