စိတ်ဖိစီးမှုှုတွေ လျော့ပါးသက်သာစေဖို့ 4-7-8 အသက်ရှုလေ့ကျင်ခန်း ကျင့်သုံးစို့

စိတ်ဖိစီးမှုှုတွေ လျော့ပါးသက်သာစေဖို့ 4-7-8 အသက်ရှုလေ့ကျင်ခန်း ကျင့်သုံးစို့

လူတိုင်းလူတိုင်းဟာ တစ်နေ့တစ်နေ့များပြားလာတဲ့ အချိန်ဇယားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ဖိစီးမှုတွေ အနည်းနဲ့အများ ကြုံတွေ့ကြရပါတယ်။ စိတ်ဖိစီးမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြပါတယ်။ အဲဒီလို ကြိုးစားတဲ့အခါမှာ  နည်းလမ်းမှန်မှန်နဲ့ အသက်ရှုတဲ့ အသက်ရှုလေ့ကျင်ခန်းကို ထည့်သွင်းလုပ်ကြည့်သင့်ပါတယ်။ ဒီလိုမှန်မှန်ကန်ကန် အသက်ရှုခြင်းက ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေ အများကြီး ရရှိလာစေသလို  စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျပြေပျောက်စေပါတယ်။  ဒါ့အပြင် ခန္ဓာကိုယ်နေဟန်ထားမမှန်တာကို မှန်ကန်အောင် ကူညီပေးသလို ရောဂါကူးစက်ခြင်းနဲ့ ခန္ဓာကိုယ်ရောင်ရမ်းခြင်းတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

မကြာသေးမီက Social Media ပေါ်မှာ Lifestyle Coach တစ်ဦးဖြစ်တဲ့ Luke Coutinho  တင်ထားတဲ့ Post တစ်ခုအရဆို အသက်ရှုလေ့ကျင်ခန်းပြုလုပ်ခြင်းဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို တိုက်ထုတ်တဲ့နေရာမှာ အများကြီး အထောက်အကူပြုစေပါတယ်လို့ ဝေမျှခဲ့ဖူးပါတယ်။

Luke ရေးသားခဲ့တာက အသက်ရှုလေ့ကျင်ခန်းဖြစ်တဲ့ ရှုသွင်းရှုထုတ်ပြုလုပ်ခြင်းက အဆုတ်ကို ခွန်အားဖြစ်စေပြီး ခန္ဓာကိုယ်နဲ့ ဦးနှောက်ထဲရှိ ဆဲလ်တွေဆီကို အောက်ဆီဂျင်တွေ များများရောက်ရှိစေပါတယ်။ ဒီလို ရှုသွင်းရှုထုတ်ပြုလုပ်ရခြင်းကိုလည်း အရမ်းကို လွယ်ကူတာမို့လို့ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုနဲ့ ကြုံ့တွေ့လာရင် ထည့်သွင်းပြီး လုပ်ဆောင်ကြည့်ပါ။

ဒါ့အပြင် Yogic Breathing လို့ခေါ်တဲ့ အသက်ရှုလေ့ကျင်ခန်းကိုလည်း တစ်ပါတည် ရှင်းပြခဲ့ပါသေးတယ်။ ဒီ Yogic Breathing ပြုလုပ်ခြင်းဟာ နေ့ရက်တိုင်းရဲ့ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ကြောင့်ကြမှုက တိုက်ထုတ်တဲ့နေရာမှာ ဆရာတစ်ဆူလို စွမ်းဆောင်ပေးနိုင်တဲ့အတွက် စိတ်ဖိစီးမှုနဲ့ ကြုံတွေ့ရင် ထုတ်သုံးသင့်ပါတယ်။

Yogic Breathing Method ဆိုတာက တစ်ကနေရှစ်အထိ ရေပေးရမှာဖြစ်ပြီး လေးအထိရောက်ရင် အသက်ကို ပြင်းပြင်းရှုသွင်းပေးကာ ခုနစ်အထိ အသက်အောင့်ထားပြီး ရှစ်ရောက်ရင် ပြန်ရှုထုတ်ပေးရမှာ ဖြစ်ပါတယ်။ တကယ်ကို လွယ်ကူတဲ့နည်းလမ်းဖြစ်လို့ လူတိုင်းလိုက်လုပ်လု့ိရကာ အားသာချက်ကတော့ Gym ခန်းမတွေ ရောက်အောင် သွားနေစရာမလိုသလို ဘာစက်ကိရိယာမှလဲ မလိုဘဲ ဘယ်နေရာမှာမဆို လွယ်လင့်တကူ ပြုလုပ်လို့ရခြင်းပါပဲ။

ဒါ့အပြင် Michigan ဆေးတက္ကသိုလ်က စစ်တမ်းကောက်ယူ လေ့လာမှုတွေအရဆိုရင်လည်း အသက်ပြင်းပြင်းရှုသွင်း ရှုထုတ်ခြင်းက စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကအမျိုးမျိုးကို လျော့ချဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တယ်လို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဘာကြောင့် ဒီလိုအကောင်းဆုံးဖြစ်ရတာလဲဆိုတော့ အသက်ပြင်းပြင်းရှုသွင်းလိုက်တဲ့အခါ ဦးနှောက်ဆီကို စိတ်တည်ငြိမ်ဖို့နဲ့ အပန်းဖြေဖို့ အချက်ပြလိုက်တာနဲ့ တူတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အသက်ပြင်းပြင်းရှုခြင်းက စိတ်ဖိစီးမှုတွေကို လျော့ချပေးတဲ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရရှိနိုင်တယ်လို့ ဖော်ပြခဲ့တဲ့အတွက် အသက်ပြင်းပြင်းရှုခြင်းကနေ ရရှိတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း တစ်ပါတည်းသိရှိနိုင်စေဖို့အတွက် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
-စွမ်းအင်ကို တိုးမြှင့်ပေးပါတယ်။
-အသက်ရှုစနစ်ကို တိုးတက်ကောင်းမွန်လာစေပါတယ်။
-အာရုံကြောဖွဲ့စည်းမှုစနစ်ကို တည်ငြိမ်ကောင်းမွန်စေပါတယ်။
-သွေးဖြူဥစနစ်ကို အားကောင်းလာစေပါတယ်။
-ကြွက်သားတင်းမာမှုတွေကို လျော့ကျစေပါတယ်။
-နှလုံးသွေးလည်ပတ်မှုစနစ်ကို တိုးတက်ကောင်းမွန်လာစေပါတယ်။
-စိတ်ပိုင်းဆိုင်ရာစနစ်တွေကိုလည်း တိုးတက်ကောင်းမွန်လာစေပါတယ်။
-အသားအရေကို တိုးတက်ကောင်းမွန်စေပြီး ငယ်ရွယ်နုပျိုစေပါတယ်။

ဒီလိုကောင်းကျိုးများပြီး လူတိုင်းလိုက်လုပ်လို့ရတဲ့ ရိုးရှင်းလွယ်ကူ အသက်ရှုလေ့ကျင့်ခန်းကို စိတ်ဖိစီးမှုတွေ ကြုံတဲ့အခါမျိုးမှာ မမေ့မလျော့နဲ့ ထုတ်သုံးဖို့ တိုက်တွန်းချင်ပါတယ်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle