Sentinels ကိုအနိုင်ရရှိပြီး FaZe Clan Valorant Invitational ချန်ပီယံဆုကိုရယူခဲ့တဲ့ TSM
North America Region အတွက် ကျင်းပခဲ့တဲ့ FaZe Clan Invitational Valorant ပြိုင်ပွဲမှာတော့ TSM ဟာ Sentinels ကို 3-2 Result နဲ့အနိုင်ရယူခဲ့ပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
THE REAL KINGS OF NA 🏆 pic.twitter.com/LSjfpeuAS7
— TSM (@TSM) August 10, 2020
TSM ဟာ လေးပွဲဆက်တိုက် ကြိုးစားဆော့ယူပြီးမှ အခုလိုအနိုင်ရရှိခဲ့တာဖြစ်ပြီး၊ ပထမပွဲကိုတော့ Sentinels ဘက်ကနည်းပညာပြဿနာတွေကြောင့် Default အနိုင် TSM ဘက်ကိုပေးလိုက်ရပါတယ်။ ဒုတိယပွဲမှာတော့ Haven Map မှာ 8-13 နဲ့ Sentinels ဘက်ကအနိုင်ရှိခဲ့ပါတယ်။
တတိယပွဲ Split မှာတော့ 13-11 နဲ့ TSM ဘက်ကအနိုင်ရယူခဲ့နိုင်ပြီး၊ စတုတ္ထပွဲမှာတော့ Ascent Map မှာ 7-13 နဲ့ Sentinels ဘက်ကအနိုင်ယူနိုင်ခဲ့ပါတယ်။ Overtime ထိရောက်ရှိခဲ့ပြီး အကြိတ်အနယ်ယှဥ်ပြိုင်ခဲ့တဲ့ နောက်ဆုံးပွဲမှာတော့ 13-12 ဖြစ်နေချိန်မှာ Sentinels ဟာ အသာစီးရရှိနေခဲ့ပါတယ်။
ဒါပေမယ့်လည်း Wardell ဟာ Operator နဲ့ ShahZaM ကိုပစ်ချနိုင်ခဲ့ပြီး Hazed ကတော့ Zombs နဲ့ Dapr ကို ပစ်ချနိုင်ခဲ့တာကြောင့် TSM အတွက်အခွင့်အရေးရရှိလာခဲ့ပါတယ်။ Brimstone ရဲ့ Orbital Strike နဲ့ Site ထဲကိုပစ်ချခံလိုက်ရတဲ့အခါမှာတော့ Sentinels ဟာ Site ကနေ ခွာပေးခဲ့ရပြီး၊ Wardell ကတော့ Sentinel ဘက်က တပ်ဆုတ်နေတာကို အခွင့်ကောင်းယူပြီး Sinatraa ကို Operator နဲ့ ပစ်ချနိုင်ခဲ့ပါတယ်။
Sentinel ရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ SicK ဟာ တတ်နိုင်သလောက်အချိန်ဆွဲပြီး နောက်ပွဲအခွင့်အရေးရအောင် ကြိုးစားခဲ့ပေမယ့် Wardell ရဲ့ Sniper လက်ချက်မှာပဲ ချုပ်ငြိမ်းခဲ့ရပြီးတော့ TSM ဟာ RaZe Clan Invitational ရဲ့ ချန်ပီဆု (USD $25,000) ကို အရယူနိုင်ခဲ့ပါတော့တယ်။
best Valorant tournament to date, almost 175,000 viewers combined, and a great story line for the game. huge future for Valorant esports
— Rod Breslau (@Slasher) August 10, 2020
ဒီ Tournament ကိုကြည့်ရှုကြသူပေါင်း ၁၇၅၀၀၀ ကျော်ရှိခဲ့ပြီး၊ လက်ရှိအချိန်မှာ အအောင်မြင်ဆုံး Valorant Tournament အဖြစ်မှတ်တမ်းတင်ခဲ့ပြီဖြစ်ပါတယ်။ Official Launch လုပ်ထားတာမကြာသေးပေမယ့် Valorant ဟာ Esports FPS Shooter တွေထဲမှာ ရေပန်းစားနေတဲ့ ဂိမ်းအဖြစ် ရပ်တည်လျက်ရှိပါတယ်။