နာမည်ကျော် ချက်စ်ကစားသမား Hikaru Nakamura ကို ခေါ်ယူလိုက်တဲ့ Esports အဖွဲ့အစည်း TSM

နာမည်ကျော် ချက်စ်ကစားသမား Hikaru Nakamura ကို ခေါ်ယူလိုက်တဲ့ Esports အဖွဲ့အစည်း TSM

အရင်အချိန်တွေတုန်းက Esports နဲ့ Sports ဆိုတာ သီးခြားစီ ရပ်တည်လျက် ရှိနေခဲ့တာ ဖြစ်ပေမယ့် ယခု နောက်ပိုင်းမှာ Esports အဖွဲ့အစည်းတွေနဲ့ အားကစား အဖွဲ့အစည်းတွေ အကြား အပြန်အလှန် မိတ်ဖွဲ့မှုတွေ၊ အကျိုးတူ စာချုပ် ချုပ်ဆိုမှုတွေ ပေါ်ပေါက် လာခဲ့ပြီ ဖြစ်ပါတယ်။

ယခုအခါမှာလည်း နာမည်ကျော် Esports အဖွဲ့အစည်း Team SoloMid (TSM) အနေနဲ့ United States Chess ချန်ပီယံဆုကို ၅ ကြိမ် ရယူနိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်၊ အိုလံပစ် ရွှေတံဆိပ်ဆုရှင် ချက်စ်ကစားသမားလည်း ဖြစ်တဲ့ Hikaru Nakamura ကို အသင်း ကိုယ်စားပြု Chess Streamer အဖြစ် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

Hikaru Nakamura အနေနဲ့ အသက် အငယ်ဆုံး American Grandmaster အဖြစ် အသက် (၁၅) နှစ်နဲ့ ၇၉ ရက် အရွယ်မှာ မှတ်တမ်းတင်နိုင်ခဲ့သလို အိုလံပစ် ရွှေတံဆိပ်ဆု အပါအဝင် ချန်ပီယံဆုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့တဲ့ ချက်စ်ကစားသမားကောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသက် (၃၂) အရွယ် ရှိနေပြီဖြစ်တဲ့ Nakamura အနေနဲ့ အားလပ်ချိန်တွေမှာ Streaming ပြုလုပ်လျက် ရှိသလို Twitch Follower ၅ သိန်းကျော်ဖြင့် ရပ်တည်နေတဲ့ Streamer တစ်ဦးပဲ ဖြစ်ပါတယ်။

Hikaru Nakamura

အခုလို TSM အနေနဲ့ Nakamura ကို ခေါ်ယူလိုက်ခြင်းကြောင့် လက်ရှိ World Chess Champion, World Rapid Chess Champion, World Blitz Chess Champion တစ်ဦးဖြစ်တဲ့ Magnus Carlsen ကိုလည်း အခြားသော Esports အဖွဲ့အစည်းတွေက ကမ်းလှမ်းမှုတွေ ပြုလုပ်လာနိုင်တယ်လို့ ချက်စ်ပရိသတ်တွေကတော့ ခန့်မှန်းလျက် ရှိကြပါတယ်။

Magnus Carlsen

ဒါ့အပြင် TSM Esports အဖွဲ့အစည်းရဲ့ Social Media Manager တစ်ဦးဖြစ်တဲ့ Dunc ကလည်း TSM အနေဲ့ အခုလို Traditional အားကစားသမားဖြစ်တဲ့ Hikaru Nakamura ကို ခေါ်ယူခြင်းက ပထမ ခြေလှမ်းသာဖြစ်ကြောင်း၊ နောက်ပိုင်းမှာလည်း အဖွဲ့အစည်း ကိုယ်စားပြု Traditional အားကစားသမားတွေကို ဆက်လက် ခေါ်ယူသွားဦးမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့တာကြောင့် နောင်တစ်ချိန်မှာ Esports အဖွဲ့အစည်း ကိုယ်စားပြု Traditional အားကစားသမားတွေ အမြောက်အမြား မြင်တွေ့သွားရဖွယ် ရှိပါတယ်။

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle