FaZe Clan CSGO အသင်းကို ပြောင်းရွေ့သွားဖွယ်ရှိတဲ့ Twistzz

FaZe Clan CSGO အသင်းကို ပြောင်းရွေ့သွားဖွယ်ရှိတဲ့ Twistzz

Team Liquid CSGO အသင်းကနေ ထွက်ခွာလာစဉ် အချိန်က စတင်ပြီး လက်ရှိအချိန်ထိ Streaming ပြုလုပ်ပြီး ပရိသတ်တွေနဲ့ ပျော်မွေ့လျက်ရှိတဲ့ Twistzz ရဲ့ အသင်းသစ်နဲ့ ပက်သက်ပြီး ကောလာဟလတွေကတော့ ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ Twistzz အနေနဲ့ NA အခြေစိုက် CSGO အသင်း Team Liquid ကို ၂၀၁၇ ခုနှစ်မှာ စတင် ရောက်ရှိခဲ့တာဖြစ်ပြီး အသင်းမှာ ရှိနေစဉ် ကာလအတွင်း ချန်ပီယံဆု များစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ၂၀၂၀ ခုနှစ်ဟာ Twistzz အပါအဝင် Liquid အဖွဲ့သားတွေ အတွက် ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပြီး ၂၀၂၀ ခုနှစ်ရဲ့ နောက်ဆုံးပိတ် ပြိုင်ပွဲဖြစ်တဲ့ IEM Global Challenge ပြိုင်ပွဲရဲ့ Grand Final ပွဲစဉ်မှာလည်း Astralis ကို သုံးပွဲပြတ် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဆိုပါ ပြိုင်ပွဲ ပြီးဆုံးချိန်မှာ Twistzz အနေနဲ့ အသင်းနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်းကို ကြေညာသွားခဲ့ပြီး 2021 CSGO ရာသီမှာ EU အခြေစိုက် အသင်း တစ်သင်းကို ပြောင်းရွေ့ကစားသွားဖို့ စဉ်းစားထားကြောင်း အတည်ပြု ပေးခဲ့ပါတယ်။

FaZe Clan အနေနဲ့လည်း အသင်းရဲ့ နာမည်ကျော် ကစားသမား NiKo တစ်ယောက် G2 ကို ပြောင်းရွေ့သွားတဲ့ ပြီးခဲ့တဲ့ အောက်တိုဘာက စတင်ပြီး အသင်းရဲ့ အရံကစားသမားဖြစ်တဲ့ Olofmeister ကို အစားထိုး အသုံးပြုခဲ့ပေမယ့် 2021 ခုနှစ် CSGO ရာသီ ပြန်လည် စတင်ချိန်မှသာ NiKo နေရာမှာ အစားထိုးမယ့် ကစားသမားကို ခေါ်ယူသွားမှာဖြစ်ကြောင်း အတည်ပြု ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက FaZe Clan အနေနဲ့ Mousesports ရဲ့ IGL ဖြစ်သူ Karrigan ကို ခေါ်ယူမယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့သေးတာကြောင့် Twistzz ကိုပဲ ခေါ်သွားမလား Karrigan ကိုပဲ ခေါ်သွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle