အသက်ဆုံးပါးသွားခဲ့ပြီဖြစ်တဲ့ နာမည်ကျော် Twitch Streamer “Reckful”

အသက် (၃၁) နှစ် အရွယ်ရှိ နာမည်ကျော် Twitch Streamer တစ်ဦးလည်းဖြစ်၊ World of Warcraft ပရိုဖက်ရှင်နယ် ကစားသမား တစ်ဦးလည်းဖြစ်တဲ့ Bryon “Reckful” Bernstein ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

Reckful အနေနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပြီး သူသေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်းကို Reckful ရဲ့ ရည်းစားဟောင်းဖြစ်သူ “BlueGoesMew” အနေနဲ့ ကိုယ်ပိုင် Twitter အကောင့်ကနေ တစ်ဆင့် ပထမဆုံး အသိပေးခဲ့တာ ဖြစ်ပါတယ်။
Someone I love killed themselves. I wish I could have said something to prevent it... whyyyyyy
— Blue (@BlueGoesMew) July 2, 2020
“ကျွန်မ ချစ်ရသူ တစ်ယောက်တော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပြန်ပြီ ဖြစ်ပါတယ်။ သူ့ကိုတားဆီးနိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း အောင်မြင်ခြင်းတော့ မရှိခဲ့ပါဘူး။”
BlueGoesMew တစ်ယောက် အဆိုပါ ဖြစ်ရပ်ဆိုးကို Twitter မှာ ကြေညာပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ နောက်ထပ် နာမည်ကျော် Streamer တစ်ဦးဖြစ်တဲ့ NymN အနေနဲ့ Reckful သေဆုံးသွားပြီဖြစ်ကြောင်းကို ထပ်မံ အတည်ပြုပေးခဲ့ပါတယ်။
No, Blue's twitter account isn't hacked & Byron's room mate has confirmed it.
— NymN (@nymnion) July 2, 2020
It is true.
Fuck everything about this year
“အခန်းဖော်ဖြစ်သူရဲ့ အတည်ပြုပေးချက်များအရ Reckful တစ်ယောက် ဆုံးပါးသွားတဲ့ သတင်းက အတည် ဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်လည်း လုံးဝ ယုံကြည်နိုင်ခြင်း မရှိသေးပေမယ့် ကျွန်တော်တို့ ချစ်ရသူ တစ်ယောက် လူ့လောကကို စွန့်ခွာလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။”
Reckful အနေနဲ့ ကိုယ့်ကိုယ်ကို အဆုံးမစီရင်ခင် နာရီပိုင်းခန့် အလိုမှာ ချစ်သူဟောင်းဖြစ်သူ “Becca” ကို အမှန်တကယ် ချစ်မြတ်နိုးကြောင်း၊ လက်ထပ်ခွင့် တောင်းလိုကြောင်း ကိုယ်ပိုင် Twitter အကောင့်ကနေ တစ်ဆင့် ပို့စ်တစ်ခု တင်ခဲ့ပါတယ်။
DO NOT make her feel pressured to say yes, i am completely insane here
— Reckful (@Byron) July 2, 2020
i have not seen her in 6 months.
the reason for the post is
I know she’s the one i want forever, and I wanted her to know my commitment is real
ဒါ့အပြင် ပရိသတ်များကိုလည်း Becca တစ်ယောက် Reckful ရဲ့ တောင်းဆိုချက်ကို လက်ခံဖို့ အတင်းအကျပ် သွားရောက် မပြောစေလိုကြောင်း၊ သူမအပေါ်ထားတဲ့ သူ့ရဲ့ချစ်ခြင်းတရားက အမှန်တကယ် ဖြစ်တယ် ဆိုတာကို Becca တစ်ယောက် သိခဲ့မယ်ဆိုရင် ကျေနပ်ကြောင်း ထပ်မံ ပြောကြားသွားခဲ့ပါတယ်။
Reckful အနေနဲ့ ပရိုဖက်ရှင်နယ် WoW လောကကို စတင် ဝင်ရောက်ခဲ့တဲ့ အချိန်က စတင်ပြီး ကမ္ဘာ့အကောင်းဆုံး PvP ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင် ရပ်တည်နိုင်ခဲ့သလို ပရိုကစားသမား ဘဝကနေ အနားယူသွားတဲ့ အချိန်မှာလည်း နာမည်ကျော် Twitch Streamer တစ်ဦး အဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။

Reckful တစ်ယောက် အဆုံးစီရင်သွားခဲ့တဲ့ ဖြစ်ရပ်ဆိုးနဲ့ ပတ်သက်ပြီး Esports ရပ်ဝန်းမှ ပုဂ္ဂိုလ်အများစု အနေနဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ထုတ်ပြန် ကြေညာခဲ့သလို နာမည်ကျော် Youtuber၊ Twitch Streamer တစ်ဦးဖြစ်သူ Asmongold အနေနဲ့လည်း Reckful အတွက် ရည်ရွယ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ပပျောက်ရေး ပရဟိတ အဖွဲ့အစည်း (Suicide Prevention Charity) ကို ဒေါ်လာ တစ်သောင်းခွဲ လှူဒါန်းမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
REF: DotEsports, VpEsports