တတိယမြောက် Major လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်သွားမယ့် နှစ်ထပ်ကွမ်း TI Champion Dota 2 အသင်း OG

တတိယမြောက် Major လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်သွားမယ့် နှစ်ထပ်ကွမ်း TI Champion Dota 2 အသင်း OG

2019-2020 DPC ရာသီရဲ့ ပထမဆုံး Major/ Minor ၊ ဒုတိယမြောက် Major/ Minor ပြိုင်ပွဲတွေမှာ ဝင်‌ရောက် ယှဥ်ပြိုင်ခဲ့ခြင်း မရှိတဲ့အပြင် The International 2019 ပြိုင်ပွဲကြီး ပြီးဆုံးသွားစဥ် အချိန်ကတည်းက Dota 2 လောကမှာ ငြိမ်သက်လျက်ရှိတဲ့ OG Dota 2 အသင်း အနေနဲ့ တတိယမြောက် Major လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာဖြစ်တဲ့ အကြောင်းကို အတည်ပြု ပေးလိုက်ပြီ ဖြစ်ပါတယ်။

OG Dota 2 အသင်းရဲ့ Offlaner လည်းဖြစ်၊ စိတ်ဓာတ်ရေးရာအရ အကြံ့ခိုင်ဆုံး ကစားသမား တစ်ဦးလည်းဖြစ်တဲ့ Sebastien “Ceb” Debs အနေနဲ့ ပြင်သစ်နိုင်ငံထုတ် မဂ္ဂဇင်း L’Equipe နဲ့ အင်တာဗျူး ပြုလုပ်ခဲ့ရာမှာ တတိယ Major ဖြစ်တဲ့ ESL One Los Angeles 2020 မှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာဖြစ်တဲ့ အကြောင်းကို ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

Ceb

ဒါ့အပြင် ex-Liquid ကစားသမားတွေ ပါဝင်တဲ့ Nigma Esports အနေနဲ့ ဒုတိယမြောက် Majorလက်ရည်စစ်ပွဲမှာ ရှုံးနိမ့်ခဲ့ရတာကို မြင်တွေ့ခဲ့ရတာကြောင့် OG Dota 2 ကစားသမားတွေ အားလုံး အနေနဲ့လည်း အဆိုးဆုံး အခြေအနေတွေ ဖြစ်ပေါ်လာခြင်း မရှိအောင် တတိယမြောက် Major လက်ရည်စစ်ပွဲမှာ အစွမ်းကုန် ကြိုးစား ယှဥ်ပြိုင်သွားမှာဖြစ်ကြောင်း Ceb အနေနဲ့ ပြောကြားသွားခဲ့ပါတယ်။

2019-2020 DPC ရာသီအစပိုင်းမှာ နာမည်ကျော် အသင်းအများစု အနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို တရုတ်နိုင်ငံ အင်အားကြီး Dota 2 အသင်းဖြစ်တဲ့ PSG.LGD အနေနဲ့လည်း Open Qualifier တောင် မအောင်မြင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

OG အနေနဲ့လည်း တတိယမြောက် Major ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ချင်တယ်ဆိုရင် Open Qualifier အဆင့်ကနေ စတင် ယှဥ်ပြိုင်ရမှာဖြစ်ပြီး ဥရောပ အခြေစိုက် နာမည်ကြီး Dota 2 အသင်းအများစုကို အနိုင်ယူနိုင်မှသာ ESL One Los Angeles 2020 ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို ရရှိမှာ ဖြစ်ပါတယ်။

ESL One Los Angeles 2020

တတိယမြောက် Major ပြိုင်ပွဲမှာ OG Dota 2 အသင်းအနေနဲ့ ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်တာကြောင့် OG Esports အဖွဲ့အစည်းရဲ့ ဒုတိယမြောက် Dota 2 အသင်းဖြစ်တဲ့ OG Seed Dota 2 အသင်းကတော့ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိတော့မှာ မဟုတ်ပါဘူး။

OG Seed

Valve မှ ထုတ်ပြန်ထားတဲ့ စည်းမျဥ်းစည်းကမ်းများအရ Valve အသိအမှတ်ပြု ပြိုင်ပွဲများမှာ Esports အဖွဲ့အစည်း တစ်ခုမှ အသင်းတစ်သင်းသာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိမှာ ဖြစ်တာကြောင့် OG Seed ကတော့ တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲမှာ ပွဲကြည့်ပရိသတ် အဖြစ်နဲ့သာ TI နှစ်ထပ်ကွမ်း ချန်ပီယံ OG အသင်းသားတွေကို အားပေးရတော့မှာ ဖြစ်ပါတယ်။

Ana

The International 2019 ပြီးဆုံးသွားချိန်မှာ ကစားသမားဘဝကနေ နောက်တစ်ကြိမ် ထပ်မံ အနားယူသွားတဲ့ Ana တစ်ယောက် OG Dota 2 အသင်းရဲ့ 2019-2020 DPC ရာသီအတွက် ပထဆုံး လက်ရည်စစ်ပွဲမှာ ဝင်ရောက် ကစားသွားမလား ဒါမှမဟုတ် လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ ကောလာဟလတွေ အတိုင်း Ana နေရာမှာ အစားထိုးဖို့ အတွက် TI 5 Champion ဖြစ်သူ Sumail ကို Notail တို့ တစ်သိုက် ခေါ်ယူသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Sumail

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle