မြန်မာနိုင်ငံတော်အစိုးရ၏ ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အထောက်အကူပြုရန် ကျပ်ငွေ ၂၂၀၀ သိန်းတန်ဖိုးရှိ သန့်ရှင်းရေးဆိုင်ရာပစ္စည်းများကို ယူနီလီဗာက လှူဒါန်း

မြန်မာနိုင်ငံတော်အစိုးရ၏ ကိုဗစ် ၁၉  ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အထောက်အကူပြုရန် ကျပ်ငွေ ၂၂၀၀ သိန်းတန်ဖိုးရှိ သန့်ရှင်းရေးဆိုင်ရာပစ္စည်းများကို ယူနီလီဗာက လှူဒါန်း

မြန်မာနိုင်ငံတော်အစိုးရမှ ကိုဗစ် ၁၉  ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အထောက်အကူပြုစေရန် ကျပ်ငွေ ၂၂၀၀ သိန်းတန်ဖိုးရှိ တကိုယ်ရည်သန့်ရှင်းရေးလူသုံးကုန် ပစ္စည်းများ၊ အိမ်နှင့် ဆေးရုံဆေးခန်းများ သန့်ရှင်းရေး၊ ကုန်ပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ယူနီလီဗာက လှူဒါန်းလိုက်ပါသည်။
"လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉  ကူးဆက်ရောဂါနှင့် ပတ်သတ်ပြီးမြန်မာနိုင်ငံသူနိုင်ငံသားများအတွက် ဘေးကင်းစိတ်ချရတဲ့ ဝန်းကျင်ဖြစ်စေဖို့ မြန်မာနိုင်ငံတော် အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကျွန်တော်တို့မြင်တွေ့နေရပြီး ဒီရောဂါ ပြန့်နှံံ့မှုကိုတားဆီးကာကွယ်ဖို့ ရှေ့တန်းက ဆောင်ရွက်နေတဲ့ သူနာပြုတွေ၊ဆရာဝန်တွေ၊စေတနာ့ဝန်ထမ်း၊ သူရဲကောင်းတွေအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့ ဒီနေ့ လှူဒါန်းလိုက်တဲ့ သန့်ရှင်းရေးရာ၊ လူသုံးဆေးရုံ၊ အိမ်သုံးပစ္စည်းတွေနဲ့ ကျွန်တော်တို့ရဲ့ ရှေ့တန်းက သူရဲကောင်းတွေအပြင် အခြားပြည်သူတွေကိုကူးဆက်ရောဂါရန်က ကာကွယ်ပေးဖို့ရာ အထောက်အကူပြုပါတယ်' ဟုယူနီလီဗာ မြန်မာ လုပ်ငန်းစု၏အမှုဆောင်အရာရှိချုပ်နှင့် ယူနီလီဗာ (မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို) ၏အကြီးအကဲဖြစ်သူရှရီခန့် ရှရှနီဗာဆမတ်ဟဗန် ကပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ယူနီလီဗာကလှူဒါန်းမှုတွင် အရေအတွက် ၇၁၀၀၀ ခုရှိသော Lifebuoy, Family Care, Lux, Citra, Signal နှင့် CloseUp အမှတ်တံဆိပ် တကိုယ်ရည်သုံး ပစ္စည်းများ ၊ Mr. Care, E.co, Win နှင့် Rose အမှတ်တံဆိပ် အိမ်နှင့် ဆေးရုံဆေးခန်းများ သန့်ရှင်းရေး ကုန်ပစ္စည်းများဖြစ်ပါသည်။ ယင်းလှူဒါန်းမှုအတွက်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးဒေါက်တာမြင့်ထွေးက ယူနီလီဗာ နှင့်တကွ အခြားအလှူရှင်များကို အလှူငွေလက်ခံသည့် အခမ်းအနားတွင်ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ယူနီလီဗာ သည်ပြည်တွင်းပြည်ပ လေဆိပ်များတွင် အသုံးပြုနိုင်ရန် အတွက်လည်းလေကြောင်းပို့ဆောင်ရေးဌာနခွဲသို့တကိုယ်ရည်အိမ်၊ရုံးသန့်ရှင်းရေးကုန်ပစ္စည်းများကိုဧပြီလဆန်းပိုင်းကလှူဒါန်းခဲ့ပါသည်။ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊စက်မှုဇုံများ၊ လူမှုအဖွဲ့အစည်းဖောင်ဒေးရှင်းများသို့လည်း လှူဒါန်းခဲ့ပြီး ကိုဗစ်၁၉  တားဆီးကာကွယ်ရေးကြိုးပမ်းမှုကို အ ထောက်အကူပြုခဲ့သည်။

ယူနီလီဗာ သည်မြန်မာနိုင်ငံတစ်ဝှမ်းရှိ သုံးစွဲသူများအတွက် မရှိမဖြစ်အ ခြေခံလူသုံးကုန်ပစ္စည်းများကို မြန်မာနိုင်ငံတွင်ထုတ်လုပ်ဖြန့်ဖြူးနေပါသည်။ ကမ္ဘာတစ်ဝန်းနှင့် နိုင်ငံအသီးသီးတွင် ကိုဗစ်၁၉  ရောဂါတားဆီးကာကွယ်ရေး ကြိုးပမ်းဆောင်ရွက်မှုများအားအ ထောက်အကူပြုရန် ပံ့ပိုးဆောင်ရွက်မှုများကို ပြီးခဲ့သည့်မတ်အတွင်း ယူနီလီဗာကကြေငြာထားပြီးဖြစ်ပြီး ယခုမြန်မာနိုင်ငံအတွက်လှူဒါန်းမှုမှာ ကမ္ဘာတစ်ဝန်းရှိလူပေါင်းများစွာ၏အသက်အိုးအိမ် များကို ကာကွယ်ပေးရန်နှင့်ကူးဆက်ရောဂါ တိုက်ဖြတ်ရေးလုပ်ငန်းများအထောက်အကူပြုရန် ယင်းကတိကဝတ်၏အစိတ်အပိုင်းတစ်ခုအဖြစ်လှူဒါန်းခြင်းဖြစ်သည်။