ပရို Dota2 ကစားသမားအဖြစ်ကနေ အနားယူသွားပြီဖြစ်တဲ့ TI 5 ချန်ပီယံ Universe

ပရို Dota2 ကစားသမားအဖြစ်ကနေ အနားယူသွားပြီဖြစ်တဲ့ TI 5 ချန်ပီယံ Universe

EG အသင်းနဲ့အတူ The International 2015 ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Saahil “Universe” Arora ကတော့ လက်တွဲဖော် ကစားသမား တစ်ဦးလည်းဖြစ်၊ Evil Geniuses, Ninja in Pyjamas စတဲ့ Dota2 အသင်းတွေမှာ အတူတကွ ကစားခဲ့တဲ့ လက်တွဲဖော်ဟောင်း PPD အနားယူပြီး သိပ်မကြာခင် အချိန်တွင်းမှာပဲ သူလည်းပဲ ပရို Dota2 ကစားသမား ဘဝကနေ အနားယူပြီဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

“ပရိုဖက်ရှင်နယ် Dota2 ကစားသမား ဘဝကနေ အနားယူဖို့ အတွက် ကျွန်တော် ဆုံးဖြတ်လိုက်ပါပြီ။ ကျွန်‌တော် Dota2 အပါအဝင် ဘယ်အလုပ်ကိုပဲဖြစ်ဖြစ် အောင်မြင်ဖို့ အတွက် ရည်ရွယ်ပြီး ကြိုးစား လုပ်ကိုင်လေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ (၁၀) နှစ်တာ ကာလပတ်လုံး ကျွန်တော့် အချိန်တွေ၊ လူအင်အားတွေ အားလုံးကို Dota2 အတွက် ရင်းနှီးမြှုပ်နှံခဲ့သလို ထိုက်သင့်သလောက် အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့ပါတယ်။

အခုဆိုရင် Dota2 ပြင်ပ ကျွန်တော် နှစ်သက် မြတ်နိုးတဲ့ အခြားအရာတွေကို စတင် လုပ်ကိုင်ဖို့ အတွက် အချိန်ကျရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော် Dota2 ကစားသမား အဖြစ် ရပ်တည်နေစဉ် ကာလပတ်လုံး ကျွန်တော့်ကို အားပေးခဲ့တဲ့ ပရိသတ်တွေ၊ အသင်းဖော်တွေ အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်မိပါတယ်။ Dota2 ကြောင့် ရရှိခဲ့တဲ့ အမှတ်တရတွေ အားလုံးကိုလည်း ကျွန်တော် အမြဲတမ်း အောက်မေ့ သတိရနေမှာပါ။”

လက်ရှိအချိန်မှာ အသက် (၃၀) အရွယ်ရှိနေပြီဖြစ်တဲ့ Universe အနေနဲ့ ယခင်အချိန်တွေတုန်းက ကမ္ဘာ့ အကောင်းဆုံး Offlaner တွေ အထဲမှာ တစ်ဦး အပါအဝင် အဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် အခုလို ကစားသမား ဘဝကနေ အနားယူဖို့ နှစ်ပိုင်းခန့် အလိုမှာတော့ ကျရှုံးမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ NiP Dota2 အသင်းမှာ စတင် ကစားခဲ့စဉ် အချိန်က Offlane ကစားသမား အဖြစ် တာဝန်ယူခဲ့ပေမယ့် အဆင်ပြေခြင်း မရှိခဲ့တာကြောင့် နောက်ပိုင်းမှာ Pos4 ကစားသမား အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့ရသလို လက်ရှိအချိန်မှာ NiP Dota2 အသင်းကို သွေးသစ်လောင်းလိုက်ပြီ ဖြစ်တာနဲ့ အညီ Universe အနေနဲ့လည်း အသင်းသစ်ကို ရှာဖွေခြင်း မရှိတော့ဘဲ ကစားသမား ဘဝကို အဆုံးသတ်လိုက်ဖို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်ပါတယ်။

Universe အနေနဲ့ ကစားသမား သက်တမ်း တစ်လျှောက် ဆုကြေးငွေ ဒေါ်လာ (၃) သန်းခန့်ကို ရယူနိုင်ခဲ့သလို၊ ပရိသတ် အချစ်တော် ကစားသမား တစ်ဦး အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပြီ ဖြစ်တာကြောင့် အခုလို အနားယူသွားခဲ့ပေမယ့်လည်း Dota2 ကစားသမားတွေရဲ့ ရင်ဘတ်ထဲမှာ Universe ရဲ့ 6 Million Echo Slam ကတော့ အမြဲတမ်း နေရာယူထားဦးမှာ ဖြစ်ပါတယ်။

REF: OneEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ