"ကျောင်းသားတွေအတွက် ထိထိရောက်ရောက် Study လုပ်နိုင်မယ့် Tips 7 ခု"

"ကျောင်းသားတွေအတွက် ထိထိရောက်ရောက် Study လုပ်နိုင်မယ့် Tips 7 ခု"

Akhayar Lifestyle follower တွေထဲမှာ နာရီပေါင်းများစွာ Study လုပ်နေရက်သားနဲ့ စာမရဘူးလို့ခံစညး​နေရတဲ့ ကျောင်းသားတွေရှိကြလား? ဒါဆိုရင်တော့ ဒီ စာလေးကို အဆုံးထိဖတ်ပေးဖို့တော့လိုနေပြီ​နော်..

မင်မင်တို့ State ကျောင်းသားဘဝတုန်းကတော့ ဆရာမ က ကျက်ခိုင်းတဲ့ဟာတွေကျက်ရင်းနဲ့ ဘေးမှာ ကိုယ့်ရဲ့ Study လုပ်ပုံကို Manage လုပ်ပေးမယ့် မိဘ သို့မဟုတ် Guide Teacher  တစ်ယောက်တော့ရှိကြတယ်။ ဒါပေမယ့် တက္ကသိုလ်တက်နေတာပဲ ဖြစ်ဖြစ် ၊ Self Study လုပ်တဲ့အခါပဲဖြစ်ဖြစ်  Study လုပ်တဲ့ပုံစံကို ကိုယ်တိုင် Manage စပြီးလုပ်ကြရလေ့ရှိပါတယ်။ အဲ့လို အချိန်ရောက်ပြီဆိုရင် စာရေးစားပွဲ ရှေ့မှာ နာရီပေါင်းများစွာထိုင်နေပေမယ့် စာမရတာ ၊ အာရုံများပြီး သေချာ Study မလုပ်ဖြစ်တာ ၊ ဘယ်ကနေဘယ်လိုစရမှန်းမသိပဲ အချိန်တွေကုန်သွားတာ မျိုးတွေကြုံတွေ့ရလေ့ရှိပါတယ်။ Study လုပ်တဲ့ အခါမှာ ထိရောက်မှုရှိဖို့ အတွက် အရေးကြီးဆုံးကတော့ Study လုပ်တဲ့နည်းမှန်ကန်မှုရှိဖို့ပါပဲ။ နည်းလမ်းမမှန်ပဲ Study လုပ်လိုက်တဲ့ အခါကျရင် စာရသွားရင်တောင် ခဏလေးနဲ့ မေ့တတ်ကြပါတယ်။ ဒီနေ့မှာတော့ မင်မင်လို စာလုပ်​တော့လုပ်​နေတယ် စာမရဘူးဆိုတဲ့အဖွဲ့က သူတွေ အတွက် ထိရောက်မှုရှိတဲ့ Study tips ၇ မျိုး ကိုပြောပြပေးပါမယ်။

1.အလေးအနက်ထားပါ။

Study လုပ်တဲ့အခါမှာ မိမိလုပ်နေတဲ့ ဘာသာရပ်ကို အလေးအနက်ထားပြီး အာရုံစိုက်ဖို့လိုပါတယ်။  ဒီလိုအလေးအနက်ထားမှသာ ကိုယ့် Study ပေါ်မှာ အာရုံရမှာဖြစ်ပြီး ကျက်ရမှတ်ရခက်တဲ့ အရာတွေကို မြန်မြန်ဆန်ဆန်လွယ်လွယ်ကူကူ ရအောင် အထောက်အကူပြုမှာဖြစ်ပါတယ်။ ပေါ့ပေါ့တန်တန် လုပ်တတ်တဲ့ အကျင့် က စာရသွားရင်တောင် လွယ်လွယ်ကူကူ နဲ့ ပြန်မေ့နိုင်ပါတယ်။ အလုပ်တစ်ခုလုပ်ပြီဆိုရင် အလေးအနက်ထားပြီး လုပ်တတ်တဲ့ အကျင့်က တစ်ပန်းသာစေပါတယ်။

2.Study လုပ်ဖို့အတွက် သီးသန့်နေရာတစ်ခု သတ်မှတ်ပါ။

လေ့လာကျက်မှတ်တဲ့နေရာမှာ အာရုံမစိုက်မိခြင်းရဲ့ အဓိကပြဿနာတွေကတော့ လူအများကြား နဲ့ ဖုန်း၊ TV တွေနဲ့ အနီးမှာစာလုပ်တာပါပဲ။ ဖြစ်နိုင်ရင် လူရှင်းပြီး ဖုန်းတွေ ၊ Tv တွေနဲ့ ဝေးတဲ့ သီးသန့်နေရာ သတ်မှတ်ထားတာကောင်းပါတယ်။

3.Study လုပ်မယ့် အချိန်ကို အတိအကျသတ်မှတ်ပြီး အချိန်ဇယားဆွဲထားပါ

ကိုယ် Study လုပ်ရမယ့် နေရာရောက်ပြီဆိုရင်တော့ ပထမဆုံးလုပ်ရမှာက ကိုယ် Study လုပ်မယ့် အချိန်ကို အတိအကျသတ်မှတ်ပြီး အချိန်ဇယား ဆွဲရပါမယ်။ ကိုယ့်ကိုယ်ကို ဒီအချိန်မှာ ဒီ Limit ပြည့်မှ Relax လုပ်မယ်၊နေရာကထမယ်ဆိုပြီး Challenge လုပ်ကြည့်ပါ။ အစမှာတော့ ခက်ခဲနိုင်ပေမယ့် နောက်ပိုင်းတဖြည်းဖြည်း အသားကျလာပါလိမ့်မယ်။

4.Flash card လေးတွေ ပြုလုပ်ပါ / အသုံးပြုပါ။

Study လုပ်တဲ့ အခါမှာ Note ကြီးကိုပဲထိုင်ကြည့်ပြီး ကျက်မှတ်တာထက် Flashcard လေးတွေအသုံးပြုပြီး မှတ်သားတာက ပိုပြီး မှတ်ဉာဏ်ထဲမှာ အချိန်ပိုကြာအောင်မှတ်မိစေပါတယ်။ အမြင်မတူပဲ ဆန်းဆန်းပြားပြားလေးတွေနဲ့ မှတ်သားတာကလည်း အလားတူ အကျိုးကိုရစေပါတယ်။

5.တစ်ယောက်ယောက်သင်​ပေးနေပုံ / ပြန်ရှင်းပြနေပုံနဲ့ ကျက်မှတ်ကြည့်ပါ။

ဒီနည်းလမ်းလေးကတော့ ထူးခြားပေမယ့် ထိရောက်မှုရှိတဲ့ နည်းလမ်းလေးပါပဲ။ တစ်ယောက်တည်း မို့လို့ ဒီနည်းလမ်း ကိုသုံးဖို့ အခက်အခဲရှိတယ်ဆိုရင်တောင် ကိုယ်ရထားတဲ့ စာတွေကို အတန်းဖော်တွေ ၊သူငယ်ချင်းတွေကို ပြန်ရှင်းပြခြင်းအားဖြင့် ကိုယ်တိုင်နောက်တစ်ကြိမ် Practice လုပ်ပြီးသားဖြစ်တဲ့ အပြင် ခဏခဏ မြင်နေရတဲ့အတွက် ကိုယ့်ကို ပိုပြီး မှတ်မိစေပါတယ်။

6.မှတ်ဉာဏ် မြေပုံတစ်ခုတည်ဆောက်ကြည့်ပါ။

ကိုယ်မှတ်သားထားတဲ့ အကြောင်းအရာတွေထဲက အရေးကြီးတဲ့အချက်လေးတွေကို  Short Point လေးတွေထုတ်ပြီး တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ပြီး မှတ်ဉာဏ် မြေပုံတစ်ခုတည်ဆောက်ပြီး မှတ်သားကြည့်ပါ။ ဒီနည်းလမ်းကို အသုံးပြုခြင်းအားဖြင့် အချက်တစ်ချက်မှတ်မိရုံနဲ့ အပ်ချည်စလို တစ်ခုပြီး တစ်ခု မှတ်မိအောင် အကူအညီပေးနိုင်ပါတယ်။

7.မေးခွန်းဟောင်းများကို ခဏခဏလေ့ကျင့်ပါ။

မေးခွန်းတွေကို အသားကျနေတဲ့ အခါမှာ စာဖြေရင် အများကြီးအထောက်အကူပြုပါတယ်။ အဲ့လို မေးခွန်းတွေကို ရင်းနှီးကျွမ်းဝင်ပြီး အသားကျနေအောင်လို့ မေးခွန်းဟောင်းတွေကို ကြိမ်ဖန်များစွာလေ့ကျင့်ထားသင့်ပါတယ်။ ကိုယ် Study လုပ်ထားတဲ့ ဘာသာရပ်နဲ့ ပတ်သတ်ပြီး ဘယ်လောက်ထိ  Knowledge တွေရှိနေပြီလဲဆိုတာ စမ်းသပ်ပြီးသားဖြစ်တဲ့ အတွက် ကိုယ်မသိတာတွေကို ထပ်မံလေ့လာလို့ရပါတယ်။

အခုပြောပြသွားတဲ့ နည်းလမ်းလေးတွေကတော့ Study လုပ်တဲ့ အခါမှာ ပိုပြီး မြန်မြန်ဆန်ဆန် နဲ့ ထိရောက်ပြီး အကျိုးရှိအောင် လုပ်လို့ရတဲ့ နည်းလမ်း တချို့ပဲ ဖြစ်ပါတယ်။ Study လုပ်တဲ့ အခါမှာ လုပ်နေတယ်ဆိုရုံ​လောက်နဲ့ မရသလို ကိုယ်လေ့လာတဲ့ အရာတွေကိုပြန်အသုံးချလို့ရအောင် မှတ်မိနေဖို့လည်းလိုအပ်ပါတယ်။အခုပြောပြသွားတဲ့ အချက်လေးတွေကိုလိုက်လုပ်ကြည့်ရင်းနဲ့ ဘာသာရပ်တွေကို ထိထိရောက်ရောက် နဲ့ Study လုပ်နိုင်ကြပါစေ​နော်….

#akhayarlifesyle #studytips #forstudents

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ