Miley Cyrus ရဲ့ "Flowers" သီချင်းနောက်ကွယ်မှ စိတ်ဝင်စားစရာ အချက်များ

Miley Cyrus ရဲ့ "Flowers" သီချင်းနောက်ကွယ်မှ စိတ်ဝင်စားစရာ အချက်များ

ပြီးခဲ့တဲ့လလောက်က Music Platform တွေရဲ့ ထိပ်ဆုံးနေရာမှာအချိန်အတော်အကြာရပ်တည်နေခဲ့တဲ့ Miley Cyrus ရဲ့ Flowers သီချင်းကိုနားထောင်ပြီးကြပြီလား?🎧
သီချင်းအမျိုးအစားလေးကလည်း Diss Pop အမျိုးအစားဆိုတော့ ပူပူနွေးနွေး အသည်းကွဲ ထားတဲ့သူတွေအတွက်ကတော့ Moti ရစေပြီး Move on လုပ်နိုင်မယ့် သီချင်းလေးပါပဲ…🎶
သီချင်းလေးက ထွက်ထားတာတစ်လလောက်တော့ ကြာပြီဆိုပေမယ့် ပြီးခဲ့တဲ့  Valentine’s Day မှာ Single တွေအတွက် ပြန်ခေတ်စားသွားပါသေးတယ်။
Diss Track ကိုပြန်ရှင်းပြရမယ်ဆိုရင်တော့ သီချင်းစာသားတွေထဲမှာ တစ်ယောက်ကိုတစ်ယောက် သိသာအောင်ဖြစ်စေ မသိသာအောင်ဖြစ်စေ ပုတ်ခတ်တဲ့စကားလုံးတွေနဲ့ စပ်ဆိုရေးသားကြတာမျိုးကိုဆိုလိုတာပါ။ များသောအားဖြင့် Diss track ဆိုရင် Hip Hop မှာပဲတွေ့ရတာများတော့ Hip Hop ယဥ်ကျေးမှု တစ်ခုအနေနဲ့ပဲမြင်တတ်ကြပါတယ်။ ဒါပေမယ့် တခြားသီချင်း Genre တွေမှာလည်း Diss track ပုံစံလေးတွေ တွေ့ရတတ်ပြီးတော့ Pop သီချင်းအမျိုးအစားကလည်း အဲ့ထဲကတစ်ခုအပါအဝင်ပါပဲ။💗
ဒီနေ့မှာတော့ International မှာကောပြည်တွင်းမှာပါ Hit ဖြစ်ခဲ့တဲ့ Miley Cyrus ရဲ့ “Flowers” သီချင်းထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ Easter Egg  တချို့ကိုပြောပြပေးသွားပါမယ်။
တစ်ပုံချင်းစီထောက်ပြီး ဖတ်ရှုပေးကြပါဦး။
သီချင်းလေးကိုနားမထောင်ရသေးဘူးဆိုလည်း နားထောင်ကြည့်ကြဖို့ recommend ပေးပါရစေ..✌
သီချင်းကိုတော့အောက်က Link မှာဝင်ရောက် နားထောင်လို့ရပါတယ်။
https://www.youtube.com/watch?v=G7KNmW9a75Y

🎧Janurary 13 ရက်နေ့ကထွက်ရှိခဲ့တဲ့“ Flowers”သီချင်းဟာ သူမရဲ့ခင်ပွန်းဟောင်းဖြစ်သူ Liams Hemsworth ကိုရည်ရွယ်ရေးသားခဲ့တာလို့မှတ်ချက်ပေးကြပါတယ်။
သီချင်းရဲ့ အစမှာတော့ သူမနဲ့ ခင်ပွန်းဟောင်းတို့ရဲ့ ပျော်စရာအခိုက်အတန့် တွေနဲ့ အဆင်ပြေခဲ့တဲ့အကြောင်းတွေနဲ့အစပျိုးထားခဲ့ပြီး သီချင်းရဲ့ chorus မှာတော့ သူမတစ်ယောက်တည်းရပ်တည်နိုင်ကြောင်း ၊ တစ်ယောက်တည်းလည်း ပျော်စရာတွေဖန်တီးလို့ရကြောင်း ရေးသားထားပါတယ်။ သီချင်းရဲ့ Verse 2 မှာတော့ သူတစ်ယောက်တည်းလည်း ဘယ်လိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပြီး ဘယ်လို Move on လုပ်နေတဲ့အကြောင်းတွေသီဆိုထားပါတယ်။

May be an image of 2 people and people standing

🎧ဒီသီချင်းရဲ့ စာသားတချို့က Bruno Mars ရဲ့ “ When I was your man” နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ အချက်တွေလည်း ရှိနေပါတယ်။ Bruno Mars ရဲ့ သီချင်းထဲမှာတော့ သူ့ရဲ့ ရည်းစားဟောင်းချစ်သူကောင်မလေးနဲ့ပတ်သတ်ပြီး နောင်တရတဲ့အကြောင်းတွေ၊လွမ်းဆွတ်တဲ့အကြောင်းတွေ သီဆိုထားတာပါ။ Miley Cyrus ကတော့ Mars သီချင်း ရဲ့ဆန့်ကျင်ဘက်ဆန်ဆန်ရေးသားထားပြီး ရည်းစားဟောင်းကို မလိုအပ်ကြောင်း ၊ “ I can buy myself flower” “ ငါ့အတွက်ပန်းကို ကိုယ်တိုင်ဝယ်လို့ရတယ် ” စတဲ့ စာသားတွေနဲ့ သီချင်းကို Indepedent ဆန်ဆန်ရေးသားထားပါတယ်။ စာသားတွေ နဲ့ သီချင်းရဲ့ Music flow ကိုကြည့်ရင်လဲ Bruno Mars ရဲ့သီချင်းနဲ့ အတော်လေးကိုဆင်တူပြီး သီချင်းစာသားတွေက စပ်ဆက်နေကြောင်းကိုလဲတွေ့ရပါတယ်။ စာသားတွေက ဆန့်ကျင်ဘက်ဖြစ်နေတဲ့အပြင် စာသားတစ်ကြောင်းချင်းစီကမသိရင် Miley က Mars ကို ပြန် Response နေတယ်လို့ထင်ရလောက်ပါတယ်။

🎧Miley Cyrus က “Flowers” သီချင်းကို Liam ရဲ့ ၃၃နှစ်ပြည့်မွေးနေ့ January 13 ရက်နေ့မှာ Release လုပ်ခဲ့တာပါ။ နောက်ထပ် rumorတစ်ခုက music video ထဲမှာ ရိုက်ကူးခဲ့တဲ့ မိုတယ်က Liam တစ်ယောက် မိန်းမ ၁၄ ယောက်နဲ့ ပျော်ပါး ပြီး cheatလုပ်ခဲ့တဲ့ motel ဖြစ်တယ်လို့ပြောကြပါတယ်။
Liam Hemsworth ဟာ မင်းသား Chris Hemsworth နဲ့ညီအကိုတော်စပ်ပြီး အကိုဖြစ်သူလိုပဲ ရုပ်ရှင် ဖန်သားပြင်ပေါ်မှာ မစိမ်းသူတစ်ယောက်လည်းဖြစ်ပါတယ်။ Hunger Games Saga မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇနီးဟောင်းဖြစ်သူ Miley နဲ့အတူ “ The Last Song” ရုပ်ရှင်မှာအတူတူ သရုပ်ဆောင်ဖူးပါတယ်။

May be an image of 2 people and people standing

🎧သူတို့နှစ်‌ယောက်ဟာ 2009 ခုနှစ် “The Last Song” ရိုက်ကူးရေးမှာပဲ စတင်တွေ့ဆုံခဲ့ပြီး အချင်းချင်းနီးစပ်ခဲ့ကြတယ်လို့သိရပါတယ်။ 2012 မှာတော့ Liam က သူနဲ့ Cyrus တို့ရဲ့ Relationship ကိုဖွင့်ဟလာခဲ့ပါတယ်။ 2012 June လမှာတော့ Cyrus ကသူနဲ့ Liam တို့ဟာ May လအကုန်လောက်မှာ စေ့စပ်မှာဖြစ်ကြောင်းပြောကြားလာခဲ့ပါတယ်။
ဒါပေမယ့် 2013 September မှာတော့ သူတို့ရဲ့ စေ့စပ်မှုကိုရပ်စဲခဲ့ကြပါတယ်။ 2018 မတိုင်မီ ကာလများမှာတော့ အမျိုးမျိုး on and off တွေရှိခဲ့ပေမယ့် Liam နဲ့ Cyrus တို့ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ခံစားချက်တွေရှိခဲ့ကြပြီး 2018 December မှာ လက်ထပ်ခဲ့ကြပါတယ်။ သို့ပေမယ့် အိမ်ထောင်ရေးမသာယာခဲ့တဲ့အတွက် 2020 အပြီးသတ်ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။

2019 July လလောက်မှာတော့ Miley ဟာ interview တစ်ခုမှာ သူနဲ့ Liam တို့ရဲ့ relationship က တခြားသူတွေအတွက်တော့ အမြင်ဆန်းပြီးရှုပ်ထွေးနေစေလောက်တဲ့ ထူးခြားတဲ့ relationship တစ်ခုဖြစ်တယ်လို့ပြောပြခဲ့ဖူးပါတယ်။
Miley Cyrus ဟာ သူ့ကိုယ်သူ pansexual တစ်ယောက်လို့ခံယူထားသူတစ်ယောက်ဖြစ်ပြီး မိန်းကလေးတွေအပေါ်မှာလည်း စိတ်ဝင်စားမှုရှိတယ် လို့ဖွင့်ဟခဲ့ဖူးပါတယ်။

May be an image of 1 person and text

🎧Miley Cyrus ရဲ့ သီချင်းဟာ သီချင်းထွက်ရှိပြီး တစ်ပတ်အကြာမှာတင် Spotify မှာ Most-streamed song ဖြစ်ခဲ့ပါတယ်။ Billboard UK မှာလဲ No 1 နေရာမှာရရှိခဲ့ပါတယ်။
အဖွင့်ကောင်းနေတဲ့ ဒီသီချင်းမှာ စာသားတွေအပြင် သီချင်းရဲ့ ပေးချင်တဲ့ message ကလဲ နားထောင်သူတွေကိုတော်တော်လေး စွဲဆောင်နေခဲ့ပါတယ်။မိမိအပေါ် မကောင်းတဲ့ ရည်းစားဟောင်းကိုလွမ်းဆွတ်မနေပဲ move on လုပ်ပြီး single ဘဝနဲ့လည်းပျော်ပျော်နေလို့ရကြောင်း ၊ မိမိတစ်ယောက်တည်းလဲပျော်စရာတွေဖန်တီးလို့ရကြောင်းကို သီချင်းစာသားတွေထဲမှ တဆင့် message ပေးထားပါတယ်။ ရည်းစားနဲ့ ပူပူနွေးနွေး ပြတ်စဲထားတဲ့သူတွေအတွက်ကတော့ ခွန်အားရှိစေမယ့် Motivational သီချင်းတစ်ပုဒ်ပါပဲ။

🎧ဒါပေမယ့် ရည်းစားဟောင်း၊ ခင်ပွန်းဟောင်းကို သီချင်းနဲ့ diss ခဲ့တာ Miley တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ Shakira ကလဲ သူမရဲ့ ခင်ပွန်းဟောင်းဖြစ်သူ စပိန်နောက်တန်း ခံစစ် ဘောလုံးသမားတစ်ဦးဖြစ်တဲ့ Pique ကို ပုတ်ခတ်ထားတဲ့ စာသားတွေပါတဲ့ “Out of league” သီချင်းကို Drop လုပ်ခဲ့ပါသေးတယ်။ ၎င်းသီချင်းကလဲ Youtube မှာကြည့်ရှုသူ 365M views ထိရှိနေပြီဖြစ်ပြီး Youtube မှာ ၂၄နာရီအတွင်း ကြည့်ရှုသူအများဆုံး လက်တင်သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle