Twitch ကနေ တပ်သားများခေါ်ယူနေမှုနဲ့ အခြားလှုပ်ရှားမှုတွေကို ရပ်တန့်တော့မယ် အမေရိကန်စစ်တပ်

Twitch ကနေ တပ်သားများခေါ်ယူနေမှုနဲ့ အခြားလှုပ်ရှားမှုတွေကို ရပ်တန့်တော့မယ် အမေရိကန်စစ်တပ်

အမေရိကန်စစ်တပ်အနေနဲ့ Twitch ကိုအသုံးပြုပြီး တပ်သားအသစ်များခေါ်ယူနေမှုတွေကို ဝေဖန်မှုတွေများပြားလာတဲ့အတွက် ခေတ္တရပ်တန့်ထားမယ်လို့သိရှိရပါတယ်။ ဒီလိုရပ်တန့်လိုက်တာဟာ ဝေဖန်မှုတွေအပြင် အမေရိကန်ရဲ့ ကိုယ်စားလှယ်တစ်ယောက်ရဲ့ အဆိုတင်သွင်းမှုတစ်ခုကြောင့်လည်းဖြစ်မယ်လို့ ယူဆရပါတယ်။

Esports သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Rod “Slasher” Breslau ရဲ့ပြောကြားချက်အရ အမေရိကန်စစ်တပ်ဟာ US Army Esports ဆိုတဲ့ Twitch Channel ထောင်ပြီး Giveaway အတုတွေ (Giveaway link ကိုနှိပ်လိုက်ရင် စစ်တပ်ရဲ့ တပ်သားခေါ်ယူတဲ့ Link ကိုရောက်သွားတာမျိုး)၊ အသုံးပြုသူတွေကို စစ်ရာဇဝတ်မှုတွေအကြောင်း မေးမြန်းတာတွေကို ပိတ်ပင်ထားတာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီလိုမျိုးရပ်တန့်ထားတဲ့နေ့မှာပဲ အမေရိကန် ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ Alexandria Ocasio-Cortez ဟာ Twitch နဲ့ အခြား Video games တွေကိုအသုံးချပြီး တပ်သားသစ်များခေါ်ယူနေဖို့ကို ရပ်တန့်ဖို့အတွက် အဆိုတင်သွင်းခဲ့တယ်လို့ သိရှိရပါတယ်။ ACLU ကနေပြီးတော့လည်း စစ်ပွဲရာဇဝတ်မှုတွေမေးမြန်းခြင်းမပြုတာကိုလည်း အမေရိကန်ရဲ့ ပထမ ပြင်ဆင်ဖြည့်စွက်ချက် ကိုချိုးဖောက်ရာကျတယ်လို့လည်း ပြောကြားထားပါသေးတယ်။

Social Media တွေထိပါ ရောက်ရှိလာတဲ့ US Army Esports ဟာ Discord ရဲ့ Tweet reply မှာ လူငယ်တွေအကြားရေပန်းစားတဲ့ "UwU" Emoji တွေပါအသုံးပြုနေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အမေရိကန်စစ်တပ်အနေနဲ့ ဘယ်အချိန်မှာ Twitch ကိုပြန်လာမလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

Reference: IGN