ကိုယ့်အပေါ် တချိန်လုံး ဖိစိးနေတဲ့ အကြွေးတွေကို စနစ်တကျ ဘယ်လို ဖြေရှင်းကြမလဲ

ကိုယ့်အပေါ် တချိန်လုံး ဖိစိးနေတဲ့ အကြွေးတွေကို စနစ်တကျ ဘယ်လို ဖြေရှင်းကြမလဲ

ကျွန်တော်တို့ မြန်မာပြည်သူ အတော်များများဟာ အကြွေးနဲ့ မကင်းကြဘူးလို့ ပြောရင် စိတ်ဆိုးကောင်းဆိုးနိုင်ပေမယ့် ဒါဟာ အမှန်တရား ဖြစ်ပါတယ်။ သူဌေးလည်း သူဌေးမို့လို့ သူ့လုပ်ငန်းအတွက် ငွေဆွဲသုံးထားတာ၊ ဝန်ထမ်းလည်း ဝန်ထမ်းအလျောက် လိုချင်တဲ့ ဖုန်း၊ Laptop စတာလေးတွေအတွက်၊ ဝင်ငွေနည်းလူတန်းစားကလည်း နေ့စဉ်စားဝတ်နေရေးအတွက် ချေးရ ငှားရ လှည့်ရ ဆွဲရနဲ့ လည်နေတာပါပဲ။

မြန်မာနိုင်ငံမှာ အရင်က ရွှေတိုး၊ ငွေတိုး၊ အမိန့်ရအပေါင်ဆိုင်၊ သူငယ်ချင်းအသိမိတ်ဆွေနဲ့ ဘဏ်တွေဆီကပဲ ငွေချေးကြတာ ရှိခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ Aeon ၊ AYA Credit Card ၊ CB Credit Card နဲ့ Home Loans တွေ၊ အရစ်ကျကားရောင်းပေးတာတွေ ရှိလာတဲ့အတွက် ချေးကြ၊ ငှားကြ၊ အတိုးနဲ့ ဝယ်ကြ၊ ပြုကြတာတွေလည်း ပိုများလာပါတယ်။

လိုချင်လို့၊ လိုအပ်လို့ ဝယ်တုန်း၊ ဆွဲတုန်းကတော့ ပြုံးပြုံးပေမယ့် အတိုးတွေ တက်တဲ့အခါ စိတ်ညစ်ရတတ်ပါတယ်။ တချို့ဝန်ထမ်းတွေဆိုရင် လစာထုတ်လို့ အကြွေးဆပ်တဲ့အခါ သားရေကွင်းပဲ ကျန်တော့တယ်လို့တောင် နောက်ပြောင်ပြောတတ်ကြပါတယ်။ ဒါနဲ့ပဲ နောက်လသုံးဖို့ကျ ချေးငှားရ၊ ပြန်ပြီး အဆိုးကျော့သံသရာလည်ပြန်ပါလေရော။

ဒါကြောင့် ဒီလို တချိန်လုံး ဖိစီးနေတဲ့ အကြွေးတွေကို ဘယ်လိုဆပ်လို့ရမလဲဆိုတဲ့ ငွေကြေးပိုင်းဆိုင်ရာ ကျွမ်းကျင်သူ Lauren Lyons Cole ရဲ့ အကြံဉာဏ်တွေကို ပြန်လည် ဝေမျှပေးချင်ပါတယ်။သူဟာ ဒီလို ကြွေးမြီအကျပ်အတည်းထဲ ရောက်နေတဲ့သူတော်တော်များများကို ကူညီအကြံပေးဖူးပြီး သူတို့တွေဟာလည်း ထင်ထားတာထက် မြန်မြန် အကြွေးနွံထဲက ရုန်းထွက်နိုင်ခဲ့ပါတယ်။

၁။ ပထမဆုံးအလုပ်ကတော့ ကြွေးတွေကို တစ်ခုချင်း စာရင်းလုပ်ဖို့ပါပဲ
စနေဖြစ်ဖြစ်၊ တနင်္ဂနွေဖြစ်ဖြစ် မနက်ပိုင်းမှာ အေးဆေး စာအုပ်တစ်အုပ်နဲ့ ကြွေးမြီစာရင်းလုပ်ဖို့ ဖြစ်ပါတယ်။ အရင်ဆုံး ရှိသမျှ ပေးရမယ့် အကြွေးစာရင်းကို ချရေးပါ။ သူငယ်ချင်းဆီက ချေးထားတဲ့ ကြွေး၊ Aeon ၊ Home Loans နဲ့ Credit Card ကို ပြန်သွင်းရမယ့် ငွေစတာတွေပေါ့။ ပြီးရင်တော့ ကြွေးမြီတစ်ခုစီကို အသေးစိတ် ပြန်ဖြန့်ပါ၊ ဒီလို ဖြန့်တဲ့ အခါမှာ ဒီအချက် (၄) ချက်ကိုပါ ရေးသွင်းရမှာလည်း ဖြစ်ပါတယ်။ ကြွေးမြီခေါင်းစဉ်၊ အတိုးနှုန်း၊ တစ်လ ဘယ်လောက်ပြန်ဆပ်ရမယ်နဲ့ လတိုင်း ဘယ်အချိန်ပြန်ဆပ်ရမယ်ဆိုတာကိုပါ ရေးမှတ်ထားဖို့ လိုပါတယ်။ ဒါဆိုရင် ဘယ်အကြွေးကို အရင်ဆုံး ရှင်းသင့်လဲဆိုတာ ခင်ဗျားသေချာသိသွားမှာ ဖြစ်ပါတယ်။

၂။ အကြွေးဆပ်ဖို့ အစီအစဉ်မချခင် သေချာစဉ်းစားပါ
ခုနလို အကြွေးတွေ အားလုံးသေသေချာချာ မြင်ပြီးပြီဆိုရင်တော့ အကြွေးဆပ်ဖို့ Plan ချရပါတော့မယ်။ Plan မချခင် အရင်ဆုံးစဉ်းစားရမယ့် အရာတွေ ရှိနေပါသေးတယ်။ အရင်ဆုံး ဘယ် Plan က အလုပ်ဖြစ်မလဲဆိုတာ လက်တွေ့ကျကျစဉ်းစားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ Plan ချပြီးရင် မပျက်ချင်ဘူးမလား၊ အကြွေးဆပ်တဲ့ လုပ်ငန်းစဉ်ဆိုတာ ၁နှစ်၊ ၂ နှစ် ဒါမှမဟုတ် နှစ်ပေါင်းအကြာကြီး အချိန်ယူရမှာဆိုတော့ လက်တွေ့ကျကျစဉ်းစားမှ အစီအစဉ်မပျက်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ယာယီအနေနဲ့ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲပစ်ဖို့ စဉ်းစားထားရမှာ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ လက်မလျှော့ဖို့ပါပဲ။ အကြွေးဆပ်ရတာ နေထိုင်ရ ကျပ်တည်းတယ်ဆိုပြီး ဆပ်တလှည့်၊ မဆပ်တလှည့်လုပ်နေရင် ဘဝက ပို အဖြစ်ဆိုးလာမှာပါ။

၃။ အကြွေးတွေကို အချိန်မီဆပ်ပါ
အသိမိတ်ဆွေ၊ သူငယ်ချင်းဆီက အကြွေးတွေထက် Card တို့ Installment တို့နဲ့ ယူထားတဲ့ အကြွေးတွေက တစ်ရက်နောက်ကျရင် နောက်ကျကြေးတွေ ရှိတတ်ပါတယ်။ နောက်ကျကြေးတွေ ထပ်တက်ပြီး ဖိစီးမှုတွေ မရှိစေဖို့ အကြွေးတွေကို ဘယ်လိုပဲ ဖြစ်ဖြစ် အချိန်မီဆပ်ဖို့ လိုပါတယ်။

၄။ အကြွေးမြန်မြန်ကြေဖို့ဆိုရင် ပေးရမယ့် ငွေပမာဏထက် ပိုဆပ်ဖို့ လိုပါတယ်
ဒါကတော့ ရိုးရှင်းပါတယ်။ အကြွေးတွေ မြန်မြန်ကြေဖို့ဆိုရင် ဆပ်ဖို့ သတ်မှတ်ထားတဲ့ အနည်းဆုံး ပမာဏထက် ပိုဆပ်မှ ဖြစ်ပါလိမ့်မယ်။ ဘယ်လောက်ပိုဆပ်ရမလဲဆိုတာတော့ လူတစ်ယောက်ချင်းစီအပေါ်မူတည်သလို ဘယ်လမှာ များများဆပ်နိုင်မယ်၊ ဘယ်လကတော့ ပုံမှန်ပဲ ဆပ်နိုင်မယ်ဆိုတဲ့ အချိန်ပေါ်မှာလည်း မူတည်ပါတယ်။ Lauren ရဲ့ အကြံပေးချက်ကတော့ အကြွေးမြန်မြန်ကြေဖို့ဆိုရင် အနည်းဆုံး သတ်မှတ်ထားတဲ့ ငွေပမာဏထက် နှစ်ဆဆပ်သင့်တယ်လို့ ဆိုပါတယ်။ ဒီအကြံပေးချက်ဟာ အကြွေးပမာဏနည်းရင် အဆင်ပြေနိုင်ပေမယ့် များရင်တော့ ခက်ခဲနိုင်တာမို့ ကိုယ့်အတိုင်းအဆနဲ့ကိုယ် ချင့်ချိန်ပြီး ဆပ်ပါလို့ ပြောချင်ပါတယ်။

၅။ အတိုးအများဆုံး အကြွေးကို အရင်ဆပ်မလား၊ အနည်းဆုံး အကြွေးကို အရင်ဆပ်မလား
ဒီအပေါ်မှာတော့ အကြံပေးချက်အမျိုးမျိုးရှိပါတယ်။ တချို့က အများဆုံးအကြွေးကို အရင်ဆပ်ပြီး စိတ်ထဲ အလုံးကြီးကျသွားတာကို အားပေးသလို ၊ အနည်းဆုံးက စဆပ်ပြီး Motivation ယူတာမျိုးကို အားပေးကြတာ ရှိပါတယ်။ ဒါမယ့် ကိုယ်နဲ့ ကိုက်တာပဲ ကိုယ်လုပ်ပါ၊ အနည်းဖြစ်ဖြစ်၊ အများဖြစ်ဖြစ်ရွေးပြီး ဆပ်သာ ဆပ်ပါ။ ဘယ်နည်းနဲ့ ဆပ်ဆပ်အကြွေးလျော့သွားတာကို မြင်ရတာ စိတ်ချမ်းသာစရာပါပဲ။

၆။ အကြွေးဆပ်နေတဲ့အချိန်မှာ နေထိုင်မှုပုံစံပြောင်းပါ
အကြွေးဆပ်နေတဲ့အချိန်မှာ အပျော်အပါးလျှော့ပါ၊ မလိုတာတွေ သုံးစွဲပစ်တာ လျှော့ပါ၊ ဒီလို လျှော့လို့ စိတ်ညစ်နေရပြီဆိုရင် ခေါင်းထဲမှာ တစ်ခုမှတ်ထားပါ။ ဒီလို အသုံးအစွဲတွေ လျှော့ရတာ ယာယီခဏလေးပါပဲ။ ဒီအချိန်ခဏလေးကို သည်းခံလိုက်ရင် အဆင်ပြေသွားမှာဆိုတာလည်း ခေါင်းထဲ ထည့်ထားရမှာ ဖြစ်ပါတယ်။

၇။ ပိုက်ဆံအပိုလေးများရှိရင် အကြွေးဆပ်ဖို့ သုံးပါ
အမွေပဲရရ၊ မုန့်ဖိုးပဲရရ၊ ရုံးက Bonus ပဲရရ၊ ငွေပိုလေးများရှိပြီဆိုရင် အကြွေးဆပ်ဖို့အထဲ မျက်စိမှိတ်ပြီးသာ ထည့်လိုက်ပါ။ ဒါမှပဲ ကိုယ့်အပေါ်ဖိစီးနေတဲ့ အကြွေးနွံထဲကနေ မြန်မြန်လွတ်မှာမို့ ဒီလောက်တော့ စိတ်ဆုံးဖြတ်နိုင်ရပါမယ်။

အကြွေးဖိစီးနေတဲ့သူတွေအဖို့ နောက်ဆုံး အမြဲနှလုံးသွင်းရမယ့်အချက်ကတော့ အကြွေးကျေရေးသည် ပထမ၊ အကြွေးကျေရေးသည် ဒုတိယ၊ အကြွေးကျေရေးသည်သာ တတိယလို့ စိတ်ထဲစွဲပြီး ကိုယ်ချထားတဲ့ Plan ကို စွဲစွဲမြဲမြဲလုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။

Yoe Lu (Akhayar)

Source : Business Insider

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle