YouTube ကနေ တစ်လ ဝင်ငွေ ကန်ဒေါ်လာ ၁ သိန်း ၇ သောင်းကျော် ရရှိလျက်ရှိတဲ့ နာမည်ကျော် Streamer Valkyrae

YouTube ကနေ တစ်လ ဝင်ငွေ ကန်ဒေါ်လာ ၁ သိန်း ၇ သောင်းကျော် ရရှိလျက်ရှိတဲ့ နာမည်ကျော် Streamer Valkyrae

The Game Awards က ချီးမြှင့်တဲ့ ၂၀၂၀ ခုနှစ် အတွက် အကောင်းဆုံး Content Creator ဆုကို ရရှိခဲ့တဲ့ Valkyrae ကတော့ သူမရဲ့ တစ်လဝင်ငွေကို မထင်မှတ်ဘဲ ချပြခဲ့မိပါတယ်။ 100 Thieves Esports အဖွဲ့အစည်း လက်အောက်ခံ Content Creator/ Streamer ဖြစ်သူ Valkyrae အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက YouTube ကနေ ပြုလုပ်ခဲ့တဲ့ Streaming Session တစ်ခုမှာ သူမရဲ့ တစ်လစာ ဝင်ငွေကို မတော်တဆ ပြသမိခဲ့ပါတယ်။

အဆိုပါ Streaming Session ကနေ ထွက်ပေါ်လာတဲ့ ပုံရိပ်တွေ၊ ဗီဒီယို အပိုင်းအစတွေ အရ Valkyrae ရဲ့ ၂၈ ရက်အတွင်း ဝင်ငွေဟာ ကန်ဒေါ်လာ ၁ သိန်း ၇ သောင်း ၂ ထောင့် ၉ ရာကျော် ရှိသလို အဆိုပါ ဝင်ငွေဟာ Valkyrae ရဲ့ ပြီးခဲ့လ ဝင်ငွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၆ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် Valkyrae ရဲ့ YouTube ကနေ သီးသန့် ရရှိတဲ့ ဝင်ငွေဟာ တစ်နှစ်ကို ကန်ဒေါ်လာ ၂ သန်းခန့် ရှိမယ်လို့ ကျွမ်းကျင်သူများကတော့ သုံးသပ်ထားကြပါတယ်။

အဆိုပါ တစ်နှစ် ဝင်ငွေ ကန်ဒေါ်လာ ၂ သန်းဟာ YouTube သီးသန့်ကနေ ရရှိတဲ့ ဝင်ငွေသာဖြစ်ပြီး အခြားသော စပွန်ဆာတွေ၊ လက်ဆောင်ပစ္စည်း ရောင်းရငွေတွေ ပါဝင်ခြင်း မရှိတာကြောင့် အသက် ၂၈ နှစ် အရွယ်ရှိ Valkyrae အနေနဲ့ တစ်နှစ်ကို အနည်းငယ် ကန်ဒေါ်လာ ၃ သန်း အထက် ဝင်ငွေ ရရှိဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ထားကြပါတယ်။

ဒါ့အပြင် YouTube Gaming ရဲ့ ခေါင်းဆောင်ဖြစ်သူ Ryan Watt ရဲ့ အဆိုအရ Valkyrae ဟာ လက်ရှိ Streamer တွေ အထဲမှာ တိုးတက်မှု အရှိဆုံး Streamer တစ်ဦး အဖြစ် ရပ်တည်လျက်ရှိပြီး လူကြိုက်အများဆုံး အမျိုးသမီး Streamer အဖြစ်လည်း ရပ်တည်လျက် ရှိတယ်လို့ သိရပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle