Valorant ရဲ့ Competitive Mode က Overtime ပြဿနာတွေကို ဖြေရှင်းပေးထားတဲ့ Riot
Valorant ဂိမ်းရဲ့ Competitive Mode မှာ Overtime ပေါ်မလာတော့ဘဲ Single-round elimination နဲ့ပဲ ပွဲတွေအဆုံးသတ်သွားတဲ့ Bug ကို Riot ကဖြေရှင်းပေးလိုက်ပြီလို့ဆိုပါတယ်။ ဒီသတင်းကိုတော့ Valorant ရဲ့ Game Director တစ်ယောက်ဖြစ်တဲ့ Joe Ziegler ရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။
There's a bit of a platform issue regarding overtime in competitive being a single round elimination. We've pushed a temp fix to live for now but everything should be resolved when the latest patch is live.
— Ziegler (@RiotZiegler) July 21, 2020
လွန်ခဲ့တဲ့ ရက်အနည်းငယ်က Competitive Mode မှာ 12-12 ဖြစ်နေတဲ့အခါ Sudden Death နဲ့ပဲ ပွဲတွေ အဆုံးသတ်သွားပြီး Overtime Format နဲ့ဆော့မရတဲ့ပြဿနာတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။ Overtime format ဆိုတာတော့ ပွဲကို သရေနဲ့ပဲအဆုံးသတ်မလား၊ Attack or Defender တစ်ယောက်တစ်လှည့်ဆော့ပြီး အနိုင်/အရှုံးဆုံးဖြတ်မလားဆိုတာကို ရွေးချယ်တဲ့ Format တစ်ခုပဲဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ Riot အနေနဲ့ ဒီပြဿနာတွေကိုယာယီဖြေရှင်းပေးနိုင်မယ့် Fix တစ်မျိုးထုတ်ပေးထားပါတယ်။ Overtime မဆော့ရတဲ့အတွက် 12-12 အထိရအောင်ဆော့ယူလာတဲ့ players တွေဟာ Single-round elimination နဲ့ပဲ ပွဲကိုအဆုံးသတ်လိုက်ရတဲ့အတွက် နစ်နာမှုတွေရှိပါတယ်။ ဒီနစ်နာမှုတွေကို ဘယ်လိုပြန်ဖြေရှင်းပေးမလဲဆိုတာကိုတော့ Riot အနေနဲ့ ဘာမှပြောကြားထားခြင်းမရှိသေးပါဘူး။
Valorant ကို ယခုနှစ် ဇွန်လ ၂ ရက်နေ့မှာ Riot Games ကနေ စတင်မိတ်ဆက်ပေးခဲ့ပြီး၊ CS:GO Pro Players တွေအပြင် အခြား FPS Shooter ဂိမ်းက player တွေပါ ဝင်ရောက်ဆော့ကစားလာတဲ့ လက်ရှိရေပန်းစားနေတဲ့ Esports ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။