Valorant မှာ Killjoy ဆိုတဲ့ Agent အသစ်ပါဝင်လာဖွယ်ရှိ

Valorant မှာ Killjoy ဆိုတဲ့ Agent အသစ်ပါဝင်လာဖွယ်ရှိ

Valorant ရဲ့ ၁၂ ယောက်မြောက် Agent ဖြစ်လာမယ့် Killjoy ကို Patch Update 1.04 ရဲ့ Easter eggs တွေကနေ သိရှိခဲ့ရပါတယ်။ Data Mining တွေအရတော့ Killjoy ရဲ့ Ability တွေဟာ စက်ရုပ်တွေကို ကိုယ်စားပြုမယ်လို့လည်း သိရှိရပါတယ်။

Killjoy ဆိုတာဘယ်သူလဲ? ဒီမေးခွန်းကိုဖြေဖို့အတွက်ကတော့ Battle Pass ရဲ့ 48th Tier မှာပါတဲ့ “Vetraulich” ဆိုတဲ့ Card ကိုတွေ့ခဲ့ရပါတယ်။ ဂျာမန်စာနဲ့ ရေးထားတဲ့ ဒီကတ်ရဲ့ အဓိပ္ပါက်ကတော့ “Confidential” (လျှို့ဝှက်ချက်) လို့အမည်ရပါတယ်။ လက်ရှိ Valorant Agent တွေမှာ ဂျာမနီကသူတစ်ယောက်မှ မပါပါဘူး။ ဒါကြောင့် အသစ်ထွက်မယ့် Killjoy အတွက် လျှို့ဝှက်ချက်အနေနဲ့ Easter Egg ထည့်ပေးထားပြီး သူ့ရဲ့မူလမွေးရပ် ဂျာမနီစာနဲ့ရေးပေးထားတယ်လို့ ယူဆရပါတယ်။

ဒါ့အပြင် ဒီ “Vetraulich” ဆိုတဲ့ကတ်မှာ စက်ရုပ်ပုံတွေနဲ့ Voice lines တွေကနေ သိရှိထားရတာက Killjoy ဟာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့များပါတယ်။ ဒါဟာ သီအိုရီတစ်ခုပဲဆိုပေမယ့် ဖြစ်နိုင်ချေကတော့ များပါတယ်။

Killjoy ရဲ့ Ability ဟာ ဘာတွေဖြစ်မယ်ဆိုတာကို သေချာမသိရသေးပေမယ့် Patch 1.04 မှာ ပါဝင်တဲ့ Easter eggs တွေမှာတော့ စက်ရုပ်ပုံလေးတွေ မြေပုံတွေမှာတွေ့မြင်နေရပါတယ်။ ဒါကြောင့်မို့ Killjoy ဟာ စက်ရုပ်တွေအသုံးပြုပြီး တိုက်ခိုက်မယ့် Agent တစ်ယောက်ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။

ဒါ့အပြင် Map တွေထဲက ဆိုင်တစ်ဆိုင်မှာ Killjoy ပုံကိုပြသထားပြီး ဆိုင်ရဲ့တံခါးမှာတော့ စက်ရုပ်ကလေးတွေကို ပါးစပ်ပိတ်ထားတဲ့ပုံနဲ့ပြသထားတာကို တွေ့ရမှာပါ။ ဒါဟာ မိမိရဲ့ရန်သူတွေကို Silence လုပ်ထားနိုင်တဲ့ Ability ကို အရိပ်အမြွက်ပြသနေတာလားလို့တော့ ထင်မှတ်စရာပါပဲ။

Killjoy ကို ဘယ်အချိန် Valorant ကနေ မိတ်ဆက်ပေးမလဲဆိုတာကိုတော့ သေချာမသိရသေးပေမယ့် သြဂုတ်လ ၄ ရက်နေ့လောက်တော့ ထွက်လာမယ်လို့ မျှော်လင့်လို့ရပါတယ်။

Reference: Dot Esports