နောင်တစ်ချိန် First-Person Shooter (FPS) Esports လောကရဲ့ အရှင်သခင် ဖြစ်လာဖွယ်ရှိတဲ့ Valorant

နောင်တစ်ချိန် First-Person Shooter (FPS) Esports လောကရဲ့ အရှင်သခင် ဖြစ်လာဖွယ်ရှိတဲ့ Valorant

Riot Games က မိတ်ဆက်ပေးလိုက်တဲ့ First-Person Shooter အမျိုးအစား Multiplayer Online ဗီဒီယိုဂိမ်း Valorant ဟာ တရားဝင် မိတ်ဆက်ပြီး လပိုင်းခန့် အကြာမှာပဲ FPS ချစ်ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်မှုကို သိမ်းကြုံး ရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် နာမည်ကျော် Esports အဖွဲ့အစည်း အများစု အနေနဲ့ Valorant ဗီဒီယိုဂိမ်း Beta အဆင့်မှာ ရှိနေစဥ် အချိန်ကတည်းက ကိုယ်ပိုင် Valorant အသင်းများကို စတင် ဖွဲ့စည်းပြီး ပြိုင်ပွဲတွေ ပေါ်ပေါက်လာတဲ့ အခါမှာ ချန်ပီယံဆုတွေကို သိမ်းပိုက်နိုင်ဖို့ အတွက် ကြိုတင် ပြင်ဆင်မှုတွေကို စတင် ပြုလုပ်ခဲ့ကြပါတယ်။

လက်ရှိ ပရိုဖက်ရှင်နယ် Valorant ကစားသမား အများစုဟာ အခြားသော FPS ဂိမ်းတွေဖြစ်တဲ့ CSGO, COD, Overwatch တို့မှ ပြောင်းရွေ့လာတဲ့ ကစားသမားတွေ ဖြစ်ကြပြီး ပရို Valorant အသင်း တစ်သင်း အတွက် ပေးချေရတဲ့ လစာငွေဟာ ဒေါ်လာ ၁၅၀၀၀၀ ကနေ ၂၅၀၀၀၀ အကြား ရှိနေခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Valorant စတင် မိတ်ဆက်ပြီး အကြီးမားဆုံး ပြိုင်ပွဲ အဖြစ် ကျင်းပသွားခဲ့တဲ့ ပွဲစဥ်တွေကတော့ WePlay မှ ကြီးမှူးကျင်းပတဲ့ WePlay! Invitational ပြိုင်ပွဲနဲ့ နာမည်ကျော် Esports အဖွဲ့အစည်း T1 နဲ့ Nerd Street Gamers တို့ ပူးတွဲ ကျင်းပသွားခဲ့တဲ့ T1 x Nerd Street Gamers Showdown ပြိုင်ပွဲတို့ပဲ ဖြစ်ကြပါတယ်။

အဆိုပါ ပြိုင်ပွဲ နှစ်ခုလုံး အတွက် စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ (၅) သောင်းစီ ပေးအပ် ချီးမြှင့်ခဲ့ပြီး Twitch ကနေ တစ်ဆင့် Valorant ပြိုင်ပွဲတွေကို ကြည့်ရှုသူဦးရေ (၅) သောင်းကျော် ရှိခဲ့ပါတယ်။ Valorant ပြိုင်ပွဲတွေကို ကြည့်ရှုသူဦးရေဟာ Tier-2 CSGO ပွဲစဥ်တွေရဲ့ ကြည့်ရှုသူဦးရေနဲ့ တူညီခဲ့သလို Overwatch League 2020 – May Melee ကို ကြည့်ရှုသူဦးရေထက် အနည်းငယ်သာ လျော့နည်းခဲ့ပါတယ်။

အခုလို Valorant ပြိုင်ပွဲများကို Riot Games ဘက်က ဦးစီးကျင်းပခြင်း မရှိသေးဘဲ သီးသန့် Organizations များကသာ ကျင်းပလျက် ရှိသေးတဲ့ အချိန်မှာတောင် လူကြိုက်များလာခဲ့ပြီ ဖြစ်တာကြောင့် Riot Games ဘက်ကသာ ဦးစီး ကျင်းပခဲ့မယ်ဆိုရင် ဆုကြေးငွေလည်း ယခုထက် များပြားသွားမှာ အသေအချာပဲ ဖြစ်တာကြောင့် ပိုမို အောင်မြင်လာဖွယ် ရှိပါတယ်။

ဒါပေမယ့်လည်း Riot Games ဟာ ကိုယ်တိုင်ကိုယ်ကျ ပြိုင်ပွဲများကို ဦးစီးကျင်းပဖို့ အတွက် အချိန်ယူ လေ့လာလေ့ ရှိသလို လက်ရှိအချိန်မှာ LoL နဲ့ Teamfight Tactics နှစ်မျိုးတည်းကိုသာ ဦးစီး ကျင်းပလျက် ရှိပါတယ်။ ဒါကြောင့် Valorant ဟာ Riot Games အတွက် မြေစမ်းခရမ်းပျိုး အဆင့်သာ ရှိသေးတယ်လို့ သတ်မှတ်ရမှာဖြစ်ပြီး ထိပ်သီး FPS Esports အမျိုးအစား ဗီဒီယိုဂိမ်း တစ်ခု အဖြစ် ရပ်တည်သွားဖို့‌တော့ အချိန် အနည်းငယ် ထပ်မံ စောင့်ဆိုင်းသွားရဦးမယ့် ပုံပါပဲ။

REF: EsportsObserver

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle