TI 10 ပြိုင်ပွဲကြီး ကျင်းပသွားမယ့် နေ့ရက်ကို တရားဝင် ကြေငြာပေးလိုက်ပြီ

TI 10 ပြိုင်ပွဲကြီး ကျင်းပသွားမယ့် နေ့ရက်ကို တရားဝင် ကြေငြာပေးလိုက်ပြီ

Dota 2 လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲကြီး တစ်ခုဖြစ်တဲ့ The International 2019 ပြိုင်ပွဲကြီး ပြီးဆုံးသွားခဲ့တာ အခုဆိုရင် လေးလခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်ပါတယ်။ TI 9 ပြိုင်ပွဲကြီးမှာ Vavle အနေနဲ့ TI 10 ပြိုင်ပွဲကို ဆွီဒင်နိုင်ငံ၊ Stockholm မြို့တော်၊ Ericsson Globe Arena မှာ ကျင်းပသွားမှာဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။ ယခုအခါမှာတော့ TI 10 ပြိုင်ပွဲကြီး ကျင်းပသွားမယ့် နေ့ရက်ကို တရားဝင် ထုတ်ပြန် ကြေငြာပေးလိုက်ပြီ ဖြစ်ပါတယ်။

The International 2019 ပြိုင်ပွဲကြီး ကျင်းပသွားမယ့် နေ့ရက်နဲ့ ပြိုင်ပွဲ လက်မှတ် ရောင်းချမှုကို နောက်ကျမှ ကြေငြာခဲ့တာကြောင့် Valve အနေနဲ့ The International ပြိုင်ပွဲတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် အားပေးရန် ရည်ရွယ်ထားတဲ့ ပရိသတ်တွေ အနေနဲ့ လက်မှတ် ဝယ်ယူရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Valve အနေနဲ့ အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သတ်ပြီး Dota 2 ချစ်ပရိသတ်တွေရဲ့ အပြစ်တင် ဝေဖန်မှုတွေကို ခံယူခဲ့ရပါတယ်။ ဒါကြောင့်လည်း ယခင်နှစ်ကလို အဖြစ်မျိုးနဲ့ ထပ်မံ ရင်ဆိုင်ရခြင်း မရှိအောင် TI 10 ကျင်းပသွားမယ့် နေ့ရက်တွေကို အခုလို စောစီးစွာ ကြေငြာပေးခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ The International 2020 ပြိုင်ပွဲကြီးရဲ့ Main Event ပွဲစဥ်များကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့ကနေ သြဂုတ်လ ၂၃ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

The International 2019 ပြိုင်ပွဲကြီးကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တော်၊ Mercedes-Benz Arena မှာ ကျင်းပခဲ့တာဖြစ်ပြီး TI 9 ပြိုင်ပွဲကြီးမှာ Esports ပြိုင်ပွဲများ သမိုင်းတစ်လျှောက် ဆုကြေးငွေ အများဆုံး ပေးအပ်ချီးမြှင့်ခဲ့တဲ့ ပြိုင်ပွဲအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် TI 9 ပြိုင်ပွဲကြီးကို Twitch Channel ကနေ တစ်ဆင့် ပရိသတ်တွေပေါင်း မြောက်များစွာ တိုက်ရိုက် ကြည့်ရှု အားပေးခဲ့ကြပါတယ်။

The International ပြိုင်ပွဲကြီးကို ၂၀၁၁ ခုနှစ်က စတင် ကျင်းပခဲ့တာ ဖြစ်တာကြောင့် The International 2020 ပြိုင်ပွဲကြီးကို Valve အနေနဲ့ (၁၀) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ယခင်အချိန်တွေထက် ပိုမို စည်ကား သိုက်မြိုက်အောင် ကျင်းပသွားဖွယ် ရှိပါတယ်။

The International ပြိုင်ပွဲကြီး (၁၀) နှစ်ပြည့် အခမ်းအနားတွေ ပါဝင်လာဖွယ်ရှိပြီး၊ ယခင်နှစ် စံချိန်ထက် ကျော်လွန်ကာ Esports ‌ပြိုင်ပွဲများ သမိုင်းတစ်လျှောက် ဆုကြေးငွေ အများဆုံး ပေးအပ်ချီးမြှင့်ခဲ့တဲ့ ပြိုင်ပွဲအဖြစ် ထပ်မံ မှတ်တမ်းတင်ခံရနိုင်တဲ့ TI 10 ပြိုင်ပွဲကြီးမှာ TI 8, TI 9 ပြိုင်ပွဲတွေမှာ ၂ နှစ်ဆက်တိုက် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ OG Dota 2 အသင်းကပဲ သုံးထပ်ကွမ်း ချန်ပီယံဆုကို ရယူသွားမလား ဒါမှမဟုတ် လက်ရှိအချိန်မှာ လူမသိသူမသိ တည်ရှိနေတဲ့ အသင်းသေး တစ်ခုကပဲ အံ့အားသင့်ဖွယ် TI 10 ဆုဖလားကြီးကို သိမ်းပိုက်သွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports, DotEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle