Team Secret ရဲ့ နိုင်ပွဲဆက် စံချိန်ကို ရပ်တန့်ခဲ့တဲ့ CIS အခြေစိုက် Dota2 အသင်း Team Unique

Team Secret ရဲ့ နိုင်ပွဲဆက် စံချိန်ကို ရပ်တန့်ခဲ့တဲ့ CIS အခြေစိုက် Dota2 အသင်း Team Unique

ESL One Birmingham EU & CIS အွန်လိုင်း ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိတဲ့ Team Secret အနေနဲ့ Gambit နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ ၂ ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် ယခင်အချိန်တွေတုန်းက Alliance နဲ့ Newbee Dota2 အသင်းတို့ မှတ်တမ်း တင်နိုင်ခဲ့တဲ့ ပွဲစဉ် (၁၀၀) အတွင်း နိုင်ပွဲ အများဆုံးဆိုတဲ့ စံချိန်ကို ပူးတွဲ ပိုင်ဆိုင်ခွင့် ရရှိခဲ့ပါတယ်။

တကယ်လို့သာ Team Unique နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မှာသာ ထပ်မံ အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် ပွဲစဉ် (၁၀၀) အတွင်း နိုင်ပွဲ အများဆုံးဆိုတဲ့ စံချိန်ကောင်းကို တစ်ဦးတည်း ပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပေမယ့်လည်း Team Secret အနေနဲ့ CIS အခြေစိုက် နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ 633 နဲ့ Vanskor တို့ ပါဝင်တဲ့ Team Unique ကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် မှတ်တမ်းသစ် ရေးထိုးနိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရပြီ ဖြစ်ပါတယ်။

Team Unique အနေနဲ့ အစောပိုင်း ပွဲစဉ်တွေမှာ Na’Vi Dota2 အသင်းကို နှစ်ပွဲပြတ်၊ SkyLark, SsaSpart တို့ ပါဝင်တဲ့ Family Team ကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပေမယ့် Team Secret နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ Game 1 မှာ ၂၅ မိနစ် အတွင်း 10K Networth အသာဖြင့် ကစားနိုင်ခဲ့သလို Team Fights တွေမှာလည်း ပွဲစဉ်တစ်လျှောက် အသာရအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ပွဲချိန် ၃၈ မိနစ်မှာ အနိုင်ယူနိုင်ခဲ့ပါတယ်။

Game 2 ရဲ့ အစောပိုင်း ပွဲချိန်တွေမှာ Team Secret ဘက်က အသာရယူနိုင်ခဲ့ပေမယ့်လည်း ပွဲချိန် ကြာလာတာနဲ့ အမျှ Team Unique အနေနဲ့ ပြန်လည် အသာရယူလာနိုင်ခဲ့ပြီး ပွဲချိန် ၄၆ မိနစ်မှာ အနိုင်ရလဒ်ကို ထပ်မံ ဖော်ဆောင်နိုင်ခဲ့တာကြောင့် Team Secret ရဲ့ ပွဲ (၁၀၀) တွင်း နိုင်ပွဲအများဆုံးဆိုတဲ့ စံချိန်ကောင်း ရေးထိုးနိုင်မယ့် အခွင့်အရေးကို ရပ်တန့်နိုင်ခဲ့ပါတယ်။

Vanskor

Team Secret အနေနဲ့ ESL One LA 2020 အွန်လိုင်း ပြိုင်ပွဲမှာ OG နဲ့ Viking.GG တို့ကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ပြီးကတည်းက ယခုမှသာ နှစ်ပွဲပြတ် ရှုံးနိမ့်မှုနဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရတာ ဖြစ်သလို WePlay! Pushka League မှာ Team Liquid ကို (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် ရှုံးနိမ့်ပြီးကတည်းက ယခုမှသာ ပွဲစဉ် တစ်ခုလုံး ရှုံးနိမ့်မှုနဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle