Vaseline ရဲ့ အသုံးဝင်ပုံတွေကဘယ်လောက်တောင်များလဲ

Vaseline ရဲ့ အသုံးဝင်ပုံတွေကဘယ်လောက်တောင်များလဲ

Veseline တစ်ဘူးရှိရုံနဲ့ အသုံးဝင်ပုံတွေကတော့အံမခန်းပါပဲနော်။Veseline ရဲ့ကောင်းကျိူးတွေကိုသိတဲ့သူတွေလည်းရှိသလို မသိသေးတဲ့သူတွေကိုလည်း အသုံးဝင်ပုံတွေကိုမျှဝေပေးချင်ပါတယ်။
မျက်တောင်လေးတွေသန်မာဖို့
အိပ်ရာမဝင်ခင်ကိုယ့်ရဲ့အသားအရေကိုဂရုစိုက်သလို ကိုယ့်ရဲ့မျက်လုံးလေးတွေကိုလည်းဂရုစိုက်ဖို့လိုအပ်ပါတယ်။ Vaseline တစ်ခုတည်းမလိမ်းချင်ဘူးဆိုရင်တော့ သံလွင်ဆီနဲ့ရောစပ်ပြီးလိမ်းပေးသင့်ပါတယ်။ နှစ်မျိုးလုံးရောစပ်ပြီးရင်တော့ Eyes Brush လေးနဲ့ ကော့ပေးသင့်ပါတယ်။ မျက်တောင်လေးတွေလည်းရှည်စေသလို ပိုပြီးလည်းသန်မာစေပါတယ်နော်။


ဆားဝက်ခြံတွေသက်သာဖို့
တော်တော်များများက Vaseline ကိုနှုတ်ခမ်းတို့ မျက်နှာတို့မှာပဲအသုံးပြုလေ့ရှိကြပါတယ်။ ဆားဝက်ခြံရှိတဲ့နေရာတွေမှာလည်း အသုံးပြုလို့ရပါသေးတယ်နော်။ ဆားဝက်ခြံရှိတဲ့နေရာတွေမှာ Vaseline ကိုထူထူလေးထားပြီး ၅ မိနစ်ခန့်ထားပေးထားပါ။ ပြီးသွားရင်တော့ ရေနွေးလေးနဲ့ရေဆေးချပေးလိုက်ရင်ရပါပြီ။


ခြေဖနောင့်ကွဲတာသက်သာဖို့
​ဆောင်းရာသီမှာအဖြစ်များလေ့ရှိတဲ့ ခြေဖနောင့်ကွဲခြင်းကိုအထူးသက်သာစေပါတယ်။ အသားမာတက်နေတဲ့ အရာတွေခြေတောက်တွေတင်းရင်းနေရင်လည်း Vaseline ကိုပုံမှန်လေးလိမ်းပေးသင့်ပါတယိ။


နှုတ်ခမ်းသားလေးတွေစိုပြေဖို့အတွက်
တစ်ချို့လူတွေက နှုတ်ခမ်းသားလေးတွေအမြဲခြောက်သွေ့နေတတ်လေ့ရှိပါတယ်။ နှုတ်ခမ်းပေါ် နှုတ်ခမ်းနီတွေမတင်ခင်မှာလည်း အောက် Layer အနေနဲ့ Vaseline လေးအရင်လိမ်းပေးသင့်ပါတယ်နော်။ စိုစိုပြေပြေလေးနဲ့မနက်နိုးလာရင်အိစက်စက်လေးဖြစ်နေစေမှာအမှန်ပါ.

Kelly - Akhayar Lifestyle

Photo Cerdit - Pinterest