Rakuten Viber မှ ကိုရိုးနာဗိုင်းရက်စ်ဖြစ်ပွားချိန်အတွင်း အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်စေရန် ၎င်းတို့၏ Group Call ပါဝင်နိုင်သူဦးရေအားတိုးမြင့်

Rakuten Viber မှ ကိုရိုးနာဗိုင်းရက်စ်ဖြစ်ပွားချိန်အတွင်း အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်စေရန် ၎င်းတို့၏ Group Call ပါဝင်နိုင်သူဦးရေအားတိုးမြင့်

COVID –19 ဖြစ်ပွားချိန်အတွင်း Rakuten Viber မှ ၎င်းတို့၏  Group Call လုပ်ဆောင်ချက်တွင် ပါဝင်နိုင်သူဦးရေအား မတ်လ ၁၆ ရက်နေ့မှစ၍ တိုးမြင့်ပေးခဲ့ခြင်းကြောင့် လူဦးရေ ၂၀ ဦး အထိ Group Call ပြုလုပ်နိုင်လာမည်ဖြစ်ပါသည်။ Rakuten Viber အနေဖြင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ COVID-19 ရောဂါအား  ကမ္ဘာ့ကပ်ရောဂါအဖြစ်  ကြေညာပြီးချိန်တွင် စီးပွားရေးမိတ်ဖက်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ မိသားစုများနှင့် လူပုဂ္ဂိုလ်များ အချင်းချင်းအလွယ်တကူ ချိတ်ဆက်မိစေရန်အတွက် ရည်ရွယ်ချက်ထားရှိထားပါတယ်။Covid - 19 အား ကြိုတင်ကာကွယ်သည့်အနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများသည် လုပ်ငန်းခွင်၌ဖြစ်စေ၊ အိမ်၌ဖြစ်စေ ကျန်းမာရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ အလေ့အကျင့်များကို လိုက်နာကျင့်သုံးကြရန် လိုအပ်ပါတယ်။

အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီများအားလုံးကလည်း ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် အိမ်မှ (သို့မဟုတ်) အဝေးမှ အလုပ်လုပ်ဆောင်ခြင်းကို ခွင့်ပြုခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ ပညာပေးခြင်း၊ လူတစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံမှုအား လျှော့ချခြင်း အစရှိသည့် လုပ်‌ဆောင်ချက်များကို ဆောင်ရွက်လျက်ရှိသည်။ အကြံပေးချက်များကို လိုက်နာသည့်အနေဖြင့် ပြည်သူများမှ အဖွဲ့လိုက်ဆွေးနွေးခြင်း၊ အွန်လိုင်းမှတဆင့်ပြုလုပ်သည့် အစည်းအဝေးများနှင့်၊ အချက်အလက်များ မျှဝေခြင်းတို့အတွက် လုပ်ငန်းသဘောအရဖြစ်စေ၊ ကိုယ်ရေးကိုယ်တာအရဖြစ်စေ အသုံးပြုရန်အတွက်  Viber ကဲ့သို့ messaging app များကို ပိုမိုအသုံးပြုလာကြသည်။ များစွာသော messaging app များထဲတွင် Viber သည် ဆက်သွယ်ပြောဆိုခြင်းများ လုံခြုံမှုရှိစေရန်နှင့် လျှို့ဝှက်ချက်များ မပေါက်ကြားစေရန်အတွက် Group Chat ပြုလုပ်ရာတွင် ဖုန်းမှပေးပို့သည့်အချိန်မှစ၍ လက်ခံသူထံရောက်ရှိသည့်အချိန်အထိ ဝှက်စာစနစ် (encrypt) ပြုလုပ်ပေးနိင်မည့်   end-to-end encryption လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။

Covid-19 ဖြစ်ပွားနေစဥ်အတွင်း နေအိမ်မှ လုပ်ငန်းလုပ်ဆောင်နိုင်ရန်အတွက် Viber တွင် ရရှိနိုင်သည့် အရေးကြီးလုပ်ဆောင်ချက်များမှာ  -

ဖိုင်ဆိုဒ်အကြီးများ ပို့ဆောင်ခြင်း

Viber တွင် ဖိုင်များ လွယ်ကူစွာ မျှဝေနိုင်ရန် ထောက်ပံ့ပေးထားသောကြောင့် လုပ်ဖော်ကိုင်ဖက်များ၊ လုပ်ငန်းမိတ်ဖက်များနှင့် အရေးကြီးသော အစီရင်ခံစာများနှင့် တင်ပြချက်များကို မြန်ဆန်စွာ ပို့ဆောင်နိုင်မည် ဖြစ်သည်။ ၂၀၀ MB အထိရှိသော  ဖိုင်တွဲများကို app အတွင်းတွင် တိုက်ရိုက်မျှဝေနိုင်မည်ဖြစ်သည်။ ပိုမိုကြီးမားသော ဖိုင်တွဲများအတွက် Viber chat ရှိ cloud services တွင် links ဖြင့် မျှဝေနိုင်ပါသည်။

Desktop ပေါ်တွင် ချောမွေ့စွာ လုပ်ဆောင်နိုင်ခြင်း

Viber desktop ဗားရှင်းသည်  စာဖြင့်​ပေးပို့​ပြောဆိုခြင်း (Chat) နှင့် ဖုန်းခေါ်ဆိုခြင်းများကို ထောက်ပံ့ပေးသွားမည် ဖြစ်သောကြောင့် လုပ်ဖော်ကိုင်ဖက်များ၊ လက်တွဲဖော်ကုမ္ပဏီများနှင့် နေအိမ်မှပင် လုခြုံစိတ်ချစွာ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ကွန်ပျူတာမျက်နှာပြင်ပေါ်ရှိ မိမိလုပ်ဆောင်ချက်များကို အခြားတစ်ဖက်သို့ မျှဝေနိုင်စေရန်အတွက် လုပ်ဆောင်ချက်လည်း ပါဝင်လာပါသည်။ အဆိုပါလုပ်ဆောင်ချက်သည် ဗွီဒီယိုအား နှစ်ဖက်အတူကြည့်ရှုလိုသည့်အခါ သို့မဟုတ် app တစ်ခု၏ လုပ်ဆောင်ချက်အကြာင်းကို ပြသလို့သည့်အခါတွင် အမှန်တကယ် အသုံးဝင်မည် ဖြစ်သည်။

Kelly (Akhayar Lifestyle)