ဖုန်းခေါ်ဆိုမှုပမာဏ ၄ဆ မြင့်တက်လာကြောင်း Rakuten Viber မှ ထုတ်ပြန်ကြေညာ

ဖုန်းခေါ်ဆိုမှုပမာဏ ၄ဆ မြင့်တက်လာကြောင်း Rakuten Viber မှ ထုတ်ပြန်ကြေညာ

ကမ္ဘာအကြီးမားဆုံး ဆက်သွယ်ရေး ပလက်ဖောင်း တစ်ခုဖြစ်သည့် Rakuten Viber သည် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဥ်ကာလအတွင်း ၄င်း၏ အဓိကလုပ်ဆောင်ချက်များအား ပိုမိုထည့်သွင်းပေးခြင်းနှင့် ပြည်သူများ  အဆက်အသွယ် မပြတ်စေရန် အတွက် အပြုသဘောဆောင်သော ဝန်ဆောင်မှုများကို စတင်ခဲ့သည်။ ထိုလုပ်ဆောင်ချက်များ၏ ရလဒ်အနေဖြင့် ကမ္ဘာတစ်ဝှမ်း၌ အသုံးပြုသူများ သိသိသာသာ တိုးမြင့်လာခဲ့သည်။

လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း ပလက်ဖောင်းအား အသုံးပြုသူ မြင့်တက်လာခဲ့သည်။ လက်ရှိ လူသုံးအများဆုံး လုပ်ဆောင်ချက်မှာ အဖွဲ့လိုက် စာတိုပေးပို့ခြင်းနှင့် အဖွဲ့လိုက်ဖုန်းခေါ်ဆိုခြင်း စသည့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များဖြစ်သည်။ လွန်ခဲ့သော နှစ်ပတ်အတွင်း၌ အဖွဲ့လိုက် စာတိုပေးပို့ခြင်းသည် ၁၃၄% မြင့်တက်လာပြီး Viber အသုံးပြုသူများ၏ ပျမ်းမျှ အဖွဲ့လိုက် ဖုန်းခေါ်ဆိုခြင်းသည်လည်း ၃၇၀% အထိ မြင့်တက်လာခဲ့သည်။ Viber Communties များတွင် ဝင်ရောက်စောင့်ကြည့်သူ ပျမ်းမျှအားဖြင့် ၇၈% ခန့် အထိ တိုးမြင့်လာခဲ့သည်။ မြန်မာနိုင်ငံတွင် အဖွဲ့လိုက် ဖုန်းခေါ်ဆိုခြင်း ခေါ်ဆိုမှုများသည် ယခင်ထက် ၁၀ ဆ နီးပါးမြင့်တက်လာခဲ့ပြီး Community သို့ဝင်ရောက်ကြည့်ရှုသူများမှာလည်း ၆၇% ထိ မြင့်တက်လာခဲ့သည်။

Covid-19 ကပ်ရောဂါဖြစ်ပွားချိန်မှစပြီး ဗိုင်းရက်စ်ကို ခုခံကာကွယ်ရန်အတွက် Viber မှ လုပ်ဆောင်ချက်အသစ်များကို စတင်ခဲ့သည်။ App အတွင်း လူဦးရေ ငါးဦးခေါ်ဆိုနိုင်ရာမှ ၂၀ အထိ တစ်ချိန်တည်းတွင် ခေါ်ဆိုနိုင်စေရန် အသံဖြင့် အဖွဲ့လိုက်ဖုန်းခေါ်ဆိုရာတွင် ပါဝင်နိုင်သူဦးရေအား မြှင့်တင်ပေးခဲ့သည်။

အသုံးပြုသူများမှ ကပ်ရောဂါဆိုင်ရာ တရားဝင် ယုံကြည်စိတ်ချရသော သတင်းများ ရယူနိုင်သည့် community များကိုလည်း Viber မှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး နိုင်ငံအများအပြားတွင် မိတ်ဆက်ခဲ့သည်။ မြန်မာနိုင်ငံ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးနှင့် အခြားသော ဝန်ကြီးဌာနများနှင့် ပူးပါင်းပြီး ကိုရိုးနား ဗိုင်းရပ်စ် ဆိုင်ရာ အတည်ပြုသတင်းများကို အဖွဲ့ဝင်ပေါင်း ၇၀၀,၀၀၀ ကျော်သို့ မြန်မာဘာသာဖြင့် ထုတ်လွှင့်ပေးနိုင်သည့် COVID-19 INFO Myanmar Community ကို မိတ်ဆက်ခဲ့သည်။

ထို့အပြင် ပြည်သူများ၏ ကိုရိုးနား ဗိုင်းရပ်စ် နှင့် ပတ်သက်သည့် စိုးရိမ်ကြောင့်ကြမှုများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် Viber မှ တရားဝင် WHO bot ကို မိတ်ဆက်ခဲ့သည့်အပြင် ကိုရိုးနား ဗိုင်းရပ်စ်သတင်းများကို မြန်မာဘာသာအပါအဝင် အခြားဘာသာစကားမျိုးစုံဖြင့် အချိန်နှင့်တပြေးညီ ဖော်ပြပေးနိုင်ရန်အတွက် Unicef U-Reports နှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိသည်။

“ဒီလိုခက်ခဲနေတဲ့အချိန်မှာ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ ကျောင်းသူကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဖက်လုပ်ငန်းရှင်တွေနဲ့ အချင်းချင်း လွယ်လွယ်ကူကူ ဆက်သွယ်နိုင်အောင် ကူညီပေးဖို့ ကျွန်တော်တို့ လုပ်ဆောင်ပေးခဲ့ကြပါတယ်။ အသုံးပြုသူတွေက ကျွန်တော်တို့တွေကို အားကိုးတဲ့အတွက် ပြည်သူတွေ လွတ်လွတ်လပ်လပ်နဲ့ လုံလုံခြုံခြုံ ဆက်သွယ်အသုံးပြုနိုင်အောင် ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမှာပါ။” ဟု Rakuten Viber ၏ CEO ဖြစ်သူ Djamel Agaoua မှ ပြောကြားသွားခဲ့ပါသည်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle