Viber မှ သင့်ကိုယ်ပိုင် တမူထူးခြားသော GIF များကို ဖန်တီးနိုင်မည့် လုပ်ဆောင်ချက်အသစ်တစ်ခု စတင်မိတ်ဆက်

Viber မှ သင့်ကိုယ်ပိုင် တမူထူးခြားသော GIF များကို ဖန်တီးနိုင်မည့် လုပ်ဆောင်ချက်အသစ်တစ်ခု စတင်မိတ်ဆက်

ဆက်သွယ်ရေးတွင် အသုံးပြုရလွယ်ကူပြီး ဝန်ဆောင်ခပေးဆောင်ရန် မလိုအပ်သော ကမ္ဘာ့ထိပ်တန်း အက်ပလီကေးရှင်းတစ်ခု ဖြစ်သည့် Rakuten Viber မှ အသုံးပြုသူများ မိမိတို့၏ မိသားစုဝင်များ မိတ်ဆွေသူငယ်ချင်းများထံသို့ ပေးပို့နိုင်ရန် GIF ဖန်တီးပြုလုပ်သည့် လုပ်ဆောင်ချက်အား စတင်မိတ်ဆက်ခဲ့သည်။ ကမ္ဘာနှင့်တစ်ဝှမ်း အသင့်စာတိုပေးပို့ခြင်း နှင့်ပတ်သတ်ပြီး တောင်းဆိုချက်များ မြင့်တက်လာသည်နှင့်အမျှ Viber မှ အသစ်မိတ်ဆက်လိုက်သော GIF လုပ်ဆောင်ချက်သည် လတ်တလော မိတ်ဆက်လိုက်သည့် အသုံးပြုသူ ‌အယောက် ၂၅၀ အထိအသုံးပြုနိုင်သော အဖွဲ့လိုက်စာတိုပေးပို့မှု နှင့် အသုံးပြုသူ ၂၅ ယောက်ထိ ချိတ်ဆက်နိုင်သော ‌အဖွဲ့လိုက်ဖုန်းခေါ်ဆိုနိုင်သည့် လုပ်ဆောင်ချက်တို့အတွက် လိုက်ဖက်သည့် အသုံးဝင်ဆုံး လုပ်ဆောင်ချက်သစ်တစ်ခုဖြစ်သည်။ GIF ဖန်တီးပြုလုပ်သည့် လုပ်ဆောင်ချက်ကို iOS များအတွက် စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး လာမည့် ရက်သတ္တပတ်များတွင် Andriod များအတွက် အသုံးပြုနိုင်တော့မည်ဖြစ်သည်။

စာတိုဖတ်ရှုရာတွင် အခြားတစ်ဘက်ရှိလူ၏ စိတ်ခံစားချက်ကိုသိရှိရန်ခက်ခဲသည်။ တစ်ခါတစ်ရံတွင်  Emoji များကတစ်ဖက်သူ၏ခံစားချက်အား သိရှိနိုင်ရန် အကူအညီပေးနိုင်သော်လည်း အပြည့်အဝနားလည်နိုင်ရန် အကန့်အသတ်များရှိသည်။ Viber ၏ စတင်အသုံးပြု၍ရနေပြီဖြစ်သော စိတ်ကြိုက်ပြုပြင်နိုင်သည့် စတစ်ကာ အပြင် ယခုအသစ်ထပ်မံမိတ်ဆက်လိုက်သည့် GIF လုပ်ဆောင်ချက်တို့သည် စာတိုပေးပို့ရာတွင် အရင်ကထက် ပိုမိုလွယ်ကူအဆင်ပြေပြီး တိကျမှန်ကန်စေရန် ရည်ရွယ်ပါသည်။

Viber အသုံးပြုသူများအနေနှင့် မည်သည့်ချက်တွင်မဆို ‌အက်ပလီကေးရှင်းတွင်ပါဝင်သည့် ကင်မရာကို အသုံးပြုပြီး သို့မဟုတ် မိမိဖုန်းထဲတွင်ရှိသော ဗီဒီယိုကိုရွေးချယ်ပြီး အထင်ကရဖြစ်ပြီး ထပ်ကာတစ်လဲလဲ ပြန်ပြနေသော GIF အား boomerang၊ fast play နှင့် reverse တို့အဖြစ် ဖန်တီးနိုင်သည်။

ဗီဒီယိုကို GIF အသစ်တစ်ခုအဖြစ် ပြောင်းလဲရန်အတွက် အသုံးပြုသူများအနေဖြင့်

●     မိမိအနှစ်သက်ဆုံး ဗွီဒီယိုအပိုင်းကို ရွေးချယ်ပြီး GIF တွင်ဖော်ပြနိုင်ရန်ဖြတ်ပါ

●     GIF အားကြည့်ရှုနိုင်ရန် ပုံစံကိုရွေးချယ်ပါ -  အဆုံးအစမရှိ ရပ်တန့်မသွားသည့်  boomerang မှစပြီး၊ reverse ပုံစံ၊ အနှေးပြကွက် နှင့် ၂ဆ နှင့် ၄ဆ အမြန်ပြကွက်တို့ကိုရွေးချယ်နိုင်ပါသည်

●     GIF အသစ်အား စာသားဖောင့်မျိုးစုံ အရောင်မျိုးစုံ doodle များနှင့် စတေကာမျိုးစုံတို့ကို အသုံးပြုပြီး အလှဆင်နိုင်ပါသည်။

"အထူးသဖြင့်အခုလိုအချိန်မျိုးမှာ ကျွန်တော်တို့ Viber ကနေပြီးတော့ အသုံးပြုသူတွေအနေနဲ့ စာတိုပေးပို့တဲ့အခါမှာ သူတို့ကိုယ်သူတို့ အကောင်းဆုံးဖော်ပြနိုင်ဖို့ ရည်သန်ပြီးကြိုးစားလျက်ရှိပါတယ်။ ကျွန်တော်တို့ Viber မှာ emoji တစ်ခုက စာတစ်လုံးကိုအစားထိုးနိုင်တယ်ဆိုရင် GIF တစ်ခုက စာကြောင်းတစ်ကြောင်းကို အစားထိုးနိုင်မှာဖြစ်ပါတယ်။ အခုကျွန်တော်တို့ အသစ်မိတ်ဆက်လိုက်တဲ့ အသုံးပြုသူတွေစိတ်ကြိုက် ဖန်တီးလို့ရနိုင်မယ့် GIF တွေကို အသုံးပြုပြီး ကိုယ်ပြောချင်တဲ့ အကြောင်းအရာနဲ့ကို အနီးစပ်ဆုံး ဟာသမြောက်အောင် ဆက်သွယ်ပြောဆိုနိုင်မှာဖြစ်ပါတယ်" ဟု Viber ၏   ဖြစ်သူ  မှပြောကြားခဲ့သည်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ