Viber မှ ချစ်သူများနေ့အတွက် Viber Cupid (မြှားနတ်မောင်) chatbot အထူးလုပ်ဆောင်ချက် အသစ်စတင်မိတ်ဆက်

သင့်မှာ ချစ်သူရှိသည်ဖြစ်စေ မရှိဘူးဖြစ်စေ နှစ်တစ်နှစ်တာ၏ အကြည်နူးရဆုံးနေ့ရက်များတွင်တော့ ချစ်ခင်ရတဲ့သူများနှင့်အတူ ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်းကုန်ဆုံးသင့်ပါသည်။ ထို့ကြောင့် ကမ္ဘာ့ထိပ်တန်း messaging apps များထဲမှတစ်ခုဖြစ်သည့် Viber မှ ချစ်ခင်တန်ဖိုးထားခြင်းကို ခံစားရစေရန်ရည်ရွယ်၍ Viber Cupid (မြားနတ်မောင်) chatbot အား မိတ်ဆက်လိုက်ခြင်းဖြစ်သည်။
Viber မြားနတ်မောင်မှ ချစ်သူ ရှိ၊ မရှိ၊ တစ်ဖက်သတ်အချစ်ရေးဖြစ် မဖြစ် ဟူသည့် ရိုးရှင်းလွယ်ကူသော မေးခွန်းများ မေးခြင်းဖြင့် စတင်သွားမည်ဖြစ်ပြီး မိမိရွေးချယ်လိုက်သော အဖြေပေါ်မူတည်၍ ပျော်ရွှင်ဖွယ်ရာကောင်းသည့် အက်ပလီကေးရှင်းအတွင်းရှိ လုပ်ဆောင်ချက် မြောက်မြားစွာကို ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ အကယ်၍သင့်တွင် ချစ်သူမရှိဘူးဆိုပါက သင်နှင့် အလိုက်ဖက်ဆုံးသော အနုပညာရှင်ကို ရှာဖွေတွေ့ရှိရန်အတွက် အချစ်နှင့် ပတ်သက်သော ညဏ်စမ်းပဟေဠိ မေးခွန်းလေးများကို ဖြေဆိုရမည်ဖြစ်သည်။ ဥပမာ မေးခွန်းများထဲတွင် သင့်စိတ်ကူးထဲမှချစ်သူကို emoji ပုံစံတစ်မျိုးဖြင့် ပုံဖော်သတ်မှတ်ရမည်ဖြစ်သည်။ အဆိုပါ Chatbot သည် သင့်အားရယ်မောစေနိုင်မည့် ပျော်ရွှင်ဖွယ်ကောင်းသောလုပ်ဆောင်ချက်များအပြင် Viber မှ ပေးအပ်မည့် စိတ်လှုပ်ရှားဖွယ်ရာ လက်ဆောင်များရရှိနိုင်မည် ဖြစ်သည်။
အကယ်၍ သင့်တွင်ချစ်သူရှိမည်ဆိုလျှင် ချစ်သူများနေ့ကတ်အား မိမိစိတ်ကြိုက်ဖန်တီးပြီး ပို့ဆောင်ပေးနိုင်ရန် Viber မှလုပ်ဆောင်ပေးသွားမည်ဖြစ်သည်။ နောက်ဆုံး သင့်အချစ်ရေးက တစ်ဖက်သတ်အချစ်ရေးဖြစ်နေသည်ဆိုပါက ချစ်ခြင်းမေတ္တာကို ပိုမိုခံစားမိစေရန်အတွက် Viber မှ love card များအား ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

Rakuten Viber ၏ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ဈေးကွက်ရှာဖွေရေး အကြီးတန်း ဒါရိုက်တာဖြစ်သူ Anubhav Nayyar မှ Viber Cupid ChatBot စတင် မိတ်ဆက်ဖြစ်ပုံနှင့် ပတ်သက်၍ "Viber က အသုံးပြုသူတွေအတွက် ထူးခြားတဲ့ အတွေ့အကြုံသစ်တွေပေးနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။ အသုံးပြုသူတွေက ချစ်သူများနေ့မှာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ပိုင်ဟန်ပန်တွေနဲ့ စိတ်ကြိုက်ပြသနိုင်ဖို့အတွက် ကျွန်တော်တို့ Viber Cupid feature မျိုးစုံ ထည့်သွင်းပေးထားပါတယ်။" ဟု ပြောကြားသွားခဲ့ပါသည်။
Viber မြှားနတ်မောင်အပြင် ပိုမိုချိုမြိန်သော မက်ဆေ့ချ်များ ပေးပိုနိုင်ရန်အတွက် Viber တွင် အခြားသော feature အသစ်များကိုလည်း ထည့်သွင်းပေးထားပါသည်။ ယခုဆိုလျှင် Viber တွင် အသည်းပုံ ဗွီဒီယိုမက်ဆေ့ချ်များ ပေးပို့ခြင်းနှင့် chat တွင် ချစ်ခြင်းမေတ္တာကို ဖော်ပြလိုက်သည့်အခါတိုင်း၌ အသည်းပုံကလေးများ ပေါ်ထွက်လာမည်ဖြစ်သည်။
ထို့ကြောင့် chatbot အသုံးပြုသူများတွင် ချစ်သူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သို့မဟုတ် ချစ်သူရရှိရန် လက်တစ်လှမ်းအလိုတွင်ဖြစ်စေ မည်သို့ပင်ဖြစ်စေကာမူ Viber Cupid ၏ စိတ်လှုပ်ရှားဖွယ်ကောင်းသော features များ အသုံးပြု၍ အမှတ်တရများကို ဖန်တီးကာ ချစ်ခြင်းမေတ္တာများဖြင့် လွှမ်းခြုံသောကာလကို ပျော်ရွှင်စွာဖြတ်သန်းလိုက်နိုင်ပြီဖြစ်သည်။ Viber ၏ chatbot များသည် အစဥ်အမြဲ လုံခြုံစိတ်ချရပြီး တစ်နေ့ထက်တစ်နေ့ ပိုမို စိတ်ဝင်စားဖွယ် ဖြစ်လာပါသည်။
Viber Cupid Chat Bot Link
QR Code
