COVID-19 ကပ်ရောဂါ ဖြစ်ပွားနေချိန်အတွင်း ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးအတွက် လှုပ်ရှားမှုအား စတင်

COVID-19 ကပ်ရောဂါ ဖြစ်ပွားနေချိန်အတွင်း ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးအတွက် လှုပ်ရှားမှုအား စတင်

အခမဲ့ အလွယ်တကူ ဆက်သွယ်မှုပြုလုပ်နိုင်သည့် ကမ္ဘာ့ထိပ်တန်း အက်ပလီကေးရှင်းတစ်ခုဖြစ်သည့် Rakuten Viber မှ COVID ရောဂါပိုးကြောင့် ကမ္ဘာတစ်ဝှမ်းတွင် ကြုံတွေ့နေရသော စားနပ်ရိက္ခာပြတ်လပ်မှု တိုက်ဖျက်ရေးလှုပ်ရှားမှု စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ စားနပ်ရိက္ခာပြတ်လပ်မှု တိုက်ဖျက်ရေး လှုပ်ရှားမှုအတွက် Viber ၏ အသုံးပြုသူများ၊ ဝန်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်း(IFRC)၊ ကမ္ဘာ့ထိပ်တန်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်း World Wide Fund (for Nature)  (WWF)၊ ယူနီဆပ်ဖ်၊ လူငယ်လူရွယ်များနှင့် သက်ဆိုင်သော ကိစ္စများကို ဖော်ထုတ်ရန် ရည်ရွယ်ထားသည့် U-Report၊ နှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း U.N. Migration အစရှိသည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ ကို စတေကာ အသစ်များ၊ အကြောင်းအရာနှင့်သက်ဆိုင်သော community အသစ်များဖြင့် လှုပ်ရှားမှုတွင်ပါဝင်ရန် လှုံ့ဆော်သွားမည်ဖြစ်သည်။

အဆိုပါ လှုပ်ရှားမှုတွင် Viber ၏ အင်္ဂလိပ်ဘာသာစကားဖြင့် ဖန်တီးပြုလုပ်ထားသော စတစ်ကာ နှင့် Viber ၏ ကိုယ်ပိုင် community တစ်ခုဖြစ်သည့် "Fight World Hunger Together”  မှတစ်ဆင့် ပညာပေး လုပ်ဆောင်ချက်များ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ စတစ်ကာများမှ ရရှိလာမည့် အကျိုးအမြတ်များကို စားနပ်ရိက္ခာပြတ်လပ်မှုပပျောက်ရေးအတွက်  တိုက်ပွဲဝင်နေကြသော ပရဟိတ အဖွဲ့အစည်းများကို လှူဒါန်းသွားမည်ဖြစ်သည်။ Viber ၏ ပညာပေးရန်အတွက် ပြုလုပ်ထားသော community သည် အစားအသောက်ပြတ်လပ်မှုနှင့် ပတ်သက်၍ ပညာပေးရုံတွင်မကဘဲ အစားအသောက်စားသုံးခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ ဟင်းချက်ပြုတ်ခြင်းစသည့် အလေ့အကျင့်များကို ပြောင်းလဲခြင်းဖြင့် အစားအသောက်များ လေလွင့်ဆုံးရှုံးမှုကို လျှော့ချနိုင်ပြီး လိုအပ်နေသော သူများကို ကူညီပေးနိုင်ကြောင်းကိုလည်း အသိပေး မျှဝေသွားမည်ဖြစ်သည်။ ထိုသို့မျှဝေသော အကြောင်းအရာများကို Viber ၏ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ စိစစ်သွားမည်ဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင် ပလက်ဖောင်းများတွင်လည်း မျှဝေသွားမည်ဖြစ်သည်။ ထို့အပြင် Viber မှ လှူဒါန်းမှုတွင် မပါဝင်နိုင်သေးသောသူများအတွက်လည်း မိမိတို့၏ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများ အား community သို့ဖိတ်ခေါ်ခြင်းဖြင့် လှူဒါန်းမှုတွင်ပါဝင်နိုင်ရန် စီစဉ်ပေးထားသည်။ လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် Community တွင်ပါဝင်အသုံးပြုသူဦးရေ (၁) သန်းပြည့်ပါက Viber မှ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အားဤလှုပ်ရှားမှုအတွက် လှူဒါန်းသွားပါတယ်။

ကမ္ဘာတစ်ဝှမ်းရှိ အဖွဲ့အစည်းများနှင့် လူနေမှုဘဝတွင် အဓိကကျအရေးပါသည့် အစားအသောက် ထုတ်လုပ်ထောက်ပံ့ရေးဆိုင်ရာ လုပ်ငန်းများအပါအဝင် အခြားလုပ်ငန်းများသည် COVID-19 ကြောင့် ပျက်စီးဆုံးရှံးမှု အမြောက်အများ ကြုံတွေ့လျက်ရှိသည်။ U.N. ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဧပြီလအတွင်း ခန့်မှန်းချက် အရ အနည်းဆုံး လူဦးရေ ၂၆၅ သန်းသည် ၂၀၂၀ ခုနှစ်တွင် စားနပ်ရိက္ခာပြတ်လပ်မှု အန္တရာယ် နှင့် ကြုံတွေ့နိုင်သည်။ ထိုအရေအတွက်မှာ ယခင်နှစ်ထက် နှစ်ဆနီးပါး များပြားလျက်ရှိသည်။ ထိုသို့ မြင့်တက်လာသော ကိန်းဂဏန်းများကိုလျှော့ချပြီး အသက်များကို ကယ်တင်နိုင်ရန် အတွက် Rakuten Viber မှ အားတက်သရော ပါဝင်လှုပ်ရှားဆောင်ရွက်ရန် ဆုံးဖြတ်ထားပါတယ်။

မြန်မာလူမျိုးများ၏ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ ချို့တဲ့သူများနှင့် မပြည့်စုံသောသူများကို ကူညီထောက်ပံ့သည့် အလှူအတန်းများနှင့် လူမှုအကျိုးပြု လုပ်ငန်းများတွင် အားတက်သရော ပါဝင်လေ့ရှိကြသည်။ ဤလှုပ်ရှားမှု ‌ဖြင့် မြန်မာနိုင်ငံမှ ပြည်သူများအနေနှင့် အရေးပါ အရာရောက်သော နေရာတစ်ခုတွင် မိမိကိုယ်တိုင်ပါဝင်လှုဒါန်းနိုင်မည် သာမက မိမိ၏ မိသားစုဝင်များ မိတ်ဆွေ သူငယ်ချင်းများကိုပါ ကမ္ဘာ့စားနပ်ရိက္ခာပြတ်လပ်မှု တိုက်ဖျက်ရေးတွင် ပါဝင်ရန် တိုက်တွန်းနှိုးဆော်နိုင်မည် ဖြစ်ပါတယ်။

"ကျွန်တော်တို့ ကမ္ဘာကြီးဟာ အစဉ်မပြတ်ပြောင်းလဲနေပြီး အခု COVID-19 က ကျွန်တော်တို့ ကမ္ဘာပေါ်မှာရှိတဲ့ လိုအပ်ချက်တွေများပြားနေတဲ့ လူဦးရေကို ပိုပြီး ချို့တဲ့အောင် ပြုလုပ်နေပါတယ်။ အခုကြုံတွေ့နေရတဲ့ အခက်အခဲတွေထဲမှာ အဆိုးဆုံးကတော့ ကမ္ဘာတစ်ဝှမ်းစားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ဆာလောင်မွတ်သိပ်မှုတွေ တိုးပွားလာတာပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ Viber ကနေ ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်မနေနိုင်တာကြောင့် အခုလို လှုပ်ရှားမှုကို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စတင်ခဲ့တာ ဖြစ်ပါတယ်။" ဟု Rakuten Viber ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Djamel Agaoua မှပြောကြားခဲ့ပါတယ်။

Kelly - Akhayar Lifestyle

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle