အိမ်မှာနေရင်း သီတင်းကျွတ်အခါသမယကို ပါဝင်ဆင်နွဲနိုင်ရန်အတွက် Viber မှ အစီအစဉ် အသစ်များ မိတ်ဆက်

အိမ်မှာနေရင်း သီတင်းကျွတ်အခါသမယကို ပါဝင်ဆင်နွဲနိုင်ရန်အတွက် Viber မှ အစီအစဉ် အသစ်များ မိတ်ဆက်

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု လျှော့ချရေးနှင့် အပြီးသတ်ရပ်တန့်နိုင်စေရေးအတွက် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေခြင်းနှင့် နေအိမ်မှ အလုပ်လုပ်ကိုင်ခြင်းတို့သည် ယခုကာလ လူနေမှုပုံစံများ၏ တစ်စိတ်တစ်ဒေသဖြစ်လာသောကြောင့် လူအများ ရုန်းကန်နေကြရသည်။ ကံအားလျော်စွာဖြင့် ကျွန်ုပ်တို့ အချင်းချင်း အဆက်အသွယ်မပြတ် ပေါင်းသင်းနေထိုင်ခြင်း၊ ဖျော်ဖြေခြင်းနှင့် အသစ်အသစ်များ လေ့လာသင်ယူခြင်းတို့အား နည်းပညာအကူအညီဖြင့် နေ့စဥ် ဆက်လက်ပြုလုပ်နိုင်လျှက်ရှိပါသည်။ ထို့အပြင် ပြည်သူများက ၄င်းတို့၏ စိတ်ဓာတ်မြှင့်တင်ရန်၊ ဆက်သွယ်ပြောဆိုရန်နှင့် ပျော်ရွှင်မှုများဖန်တီးရယူရန်အတွက် နည်းပညာများကို ဆန်းသစ်တီထွင်ဖန်တီးမှုများစွာဖြင့် အသုံးပြုလာကြပါသည်။ ထိုခေတ်ရေစီးကြောင်းနှင့်အညီ ကမ္ဘာ့ထိပ်တန်း စာတိုပို့ဆောင်ရေးအက်ပလီကေးရှင်းဖြစ်သည့် Rakuten Viber မှ အသုံးပြုသူများ၏ ဆက်သွယ်ပြောဆိုမှုများအား တစ်မူထူးခြားပြီး စိတ်ဝင်စားဖွယ်ဖြစ်စေရန် အဆင့်မြင့်လုပ်ဆောင်ချက်များကို လုပ်ဆောင်ထည့်သွင်းခဲ့ပါသည်။

သူငယ်ချင်းများ၊ မိသားစုများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် Viber မှ တစ်ဆင့် ဆက်သွယ်ပြောဆိုရာ၌ အချင်းချင်းပိုမိုနားလည်နိုင်စေရန်နှင့် စိတ်ခံစားချက်များကို ပိုမိုပြသနိုင်စေမည့် နည်းလမ်း (၅) မျိုးမှာ -

၁။ မက်ဆေ့ချ်များပေါ်၌ မိမိ၏ စိတ်ခံစားချက်ကို Reactions များဖြင့် ပြသခြင်း

အုပ်စု (group) များနှင့် Community များတွင် ဆက်သွယ်ပြောဆိုခြင်းများ တိုးမြင့်လာသည့်နောက်တွင် Viber အသုံးပြုသူများသည် တစ်ဖက်မှ ပေးပို့လာသည့် ဓာတ်ပုံ၊ ဗွီဒီယိုနှင့် မက်ဆေ့ချ်များအား မိမိတို့၏ စိတ်ခံစားချက်များဖြစ်သည့် နှစ်သက်ခြင်း၊ ရယ်မောခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ဆိုးခြင်း၊ မနှစ်မြို့ခြင်း အစရှိသည်တို့ကို reactions ရုပ်ပုံလေးများမှတစ်ဆင့် ဖော်ပြနိုင်မည်ဖြစ်သည်။ ထို့အပြင် စာသားများ၊ emoji များ ရိုက်နှိပ်၍ မပေးပို့လိုသူများအတွက် မိမိစိတ်ခံစားချက်ကို ပိုမိုပေါ်လွင်စွာ ပြသနိုင်ရန်အတွက် အသံနှင့် ဗွီဒီယိုဖိုင်များအားလည်း မှတ်တမ်းရယူပေးပို့နိုင်မည်ဖြစ်သည်။

၂။ မိမိစိတ်ကြိုက်ဖန်တီးနိုင်သော စတစ်ကာများဖြင့် ချစ်ခင်ရသူများအား ပေးပို့ခြင်း

ယခုကဲ့သို့ COVID ဖြစ်ပွားနေစဥ်ကာလအတွင်း မိမိချစ်ခင်ရသူများနှင့် အဆက်အသွယ်မပြတ်ရှိစေရန် လွန်စွာအရေးကြီးသည်။ Viber ၏ လုပ်ဆောင်ချက်အသစ်ဖြစ်သည့် ကိုယ်ပိုင်စတစ်ကာများ ဖန်တီးခြင်းသည် အချင်းချင်းဆက်သွယ်ပြောဆိုရာ၌ ပိုမိုသက်ဝင်ပျော်ရွှင်စေပြီး စိတ်ဝင်စားဖွယ်ကောင်းစေမည်ဖြစ်သည်။ ထို့အပြင် အက်ပလီကေးရှင်းတွင် Stay at Home, Lets Overcome, Fight Covid-19 အစရှိသည့် သက်ဆိုင်ရာ theme အလိုက် ပြုလုပ်ထားသော စတစ်ကာများနှင့် နာမည်ကြီး အနုပညာရှင်တို့၏ စတစ်ကာများလည်း ရှိပြီး မိမိတို့၏ စိတ်ခံစားချက်နှင့် တစ်ထပ်တည်းကျမည့် သင့်လျော်သည့် စတစ်ကာကို ရွေးချယ်ပေးပို့နိုင်မည်ဖြစ်သည်။

၃။ ဗွီဒီယိုများအား GIF ဖိုင်အဖြစ် စိတ်ကြိုက်ဖန်တီးပြုလုပ်နိုင်ခြင်း

အဆိုပါ လုပ်ဆောင်ချက်ဖြင့် မိမိ၏ ဗွီဒီယိုများအား စိတ်ကြိုက်ပြောင်းလဲဖန်တီးထားသော ကိုယ်ပိုင် GIF အဖြစ်ဖြင့် အခြားသူများနှင့် ဆက်သွယ်ပြောဆိုရာတွင် မျှဝေနိုင်မည်ဖြစ်သည်။ ထိုသို့ပြုလုပ်ရန်အတွက် Viber အသုံးပြုသူများအနေနှင့် ‌အက်ပလီကေးရှင်းတွင်ပါဝင်သည့် ကင်မရာကို အသုံးပြုပြီး သို့မဟုတ် မိမိဖုန်းထဲတွင်ရှိသော ဗီဒီယိုကိုရွေးချယ်ကာ boomberang၊ fast play နှင့် reverse mode တို့အားအသုံးပြု၍ ထပ်တစ်လဲလဲပြန်ပြပေးနေသော GIF ဖိုင်အဖြစ် ဖန်တီးနိုင်သည်။ ၄င်းသည် မက်ဆေ့ချ်များ ပေးပို့ရာ၌ ပိုမိုပျော်ရွှင်ပြီး စိတ်ဝင်စားဖွယ်ကောင်းစေမည် ဖြစ်သည်။

၄။ Horoscope bot ဖြင့် chat ကာ မိမိပျော်ရွှင်မှုကို ရှာဖွေခြင်း

ပျော်ရွှင်စိတ်ဝင်စားဖွယ်ကောင်းသော Horoscope Chatbot မှတစ်ဆင့် chat ခြင်းဖြင့် ဘဝ၊ အလုပ်၊ နှလုံးသားရေး၊ ကျန်းမာရေး အစရှိသည်တို့၏ ကြိုတင်ဟောကိန်းများကို လွယ်ကူစွာ ရယူနိုင်ပြီဖြစ်သည်။ မြန်မာနိုင်ငံရှိ အသုံးပြုသူများ ပိုမိုအဆင်ပြေစေရန်အတွက် ၄င်း bot အား မြန်မာဘာသာဖြင့် အသုံးပြုနိုင်‌အောင်လည်း ပြုလုပ်ပေးထားသည်။

၅။ သီတင်းကျွတ်ပွဲတော်နှင့် သက်ဆိုင်သည့်ဂိမ်းများ ဆော့ကစားခြင်း

COVID-19 ကြောင့် သင်၏ ပျော်ရွှင်မှုများ လျော့နည်းပျောက်ဆုံးသွာခြင်း မရှိစေရန်အတွက် သီတင်းကျွတ်ကာလအတွင်း Viber Horoscope bot အောက်ရှိ Find the Difference ဟူသည့် ဂိမ်းအား ဆော့ကစားနိုင်မည်ဖြစ်သည်။ ဆော့ကစားသူများသည် သီတင်းကျွတ်နှင့် သက်ဆိုင်သည့် ပုံနှစ်ပုံမှ မတူညီသည့် အချက်များအား ရှာဖွေရမည်ဖြစ်ပြီး အဆိုပါဂိမ်းအား ၂၀၂၀ ခုနှစ် အာက်တိုဘာ ၂၆ ရက်နေ့မှ စတင်ကာ ဆော့ကစားသွားနိုင်မည်ဖြစ်သည်။

ကျွန်ုပ်တို့အားလုံးသည် သူငယ်ချင်းများ၊ မိသားစုများနှင့် ပြင်ပ၌တွေ့ဆုံမှုများ မပြုလုပ်နိုင်သည့် အခြေအနေများကြောင့် အချင်းချင်း အဆက်အသွယ်မပြတ် ရှိနေစေမည့် နည်းလမ်းအမျိုးမျိုးအား ကြိုးစားခဲ့ကြသည်။ ထို့ကြောင့် ယခုအချိန်သည် ကျွန်ုပ်တို့၏ စိတ်ဓာတ်များအား မြှင့်တင်ပြီး အချင်းချင်းအဆက်အသွယ်မပြတ်ကြဘဲ အတူတကွဆက်လက်ရင်ဆိုင် သွားရန်လိုအပ်သည်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle