Viber ရဲ့လူကြိုက်များတဲ့ လုပ်ဆောင်ချက်တွေက

Viber ရဲ့လူကြိုက်များတဲ့ လုပ်ဆောင်ချက်တွေက

၂၀၂၁ ခုနှစ်အတွင်း ဘာတွေကို အဓိကထား လုပ်ဆောင်ပေးဖြစ်ခဲ့လဲ။
Rakuten Viber က လက်ရှိအသုံးပြုသူတွေနဲ့ အသုံးပြုသူအသစ်တွေကြား အားလုံးအတူရှိနေတယ်ဆိုတဲ့ ခံစားချက်ရရှိအောင်နဲ့ လုံခြုံပြီး ကောင်းမွန်တဲ့ အသုံးပြုသူအတွေ့အကြုံ ပေးအပ်နိုင်ဖို့ အမြဲကြိုးပမ်းလျှက်ရှိပါတယ်။ ၂၀၂၁ ခုနှစ်ဟာ Viber အတွက် ခက်ခဲတဲ့နှစ်ဖြစ်ပေမယ့်လဲ အသုံးပြုသူတွေအတွက် ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို လုံခြုံစေဖို့ အဓိကအာရုံစိုက်ပြီး လုပ်ဆောင်ပေးခဲ့ပါတယ်။ အသုံးပြုသူတွေအနေနဲ့ Viber အသုံးပြုရတာ စိတ်ကျေနပ်မှုရရှိဖို့နဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ ချစ်တဲ့သူတွေနဲ့ ချိတ်ဆက်နိုင်အောင် Viber ကနေ ထိပ်တန်း လုပ်ဆောင်ချက်တွေ၊ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ မြန်မာဘာသာနဲ့ ကြည့်ရှုလို့ရတဲ့ အထူးလုပ်ဆောင်ချက်တွေ စသဖြင့် လုပ်ဆောင်ချက်ပေါင်းများစွာကို စဥ်ဆက်မပြတ် ပေးအပ်နိုင်ခဲ့ပါတယ်။


Viber အတွက် မြန်မာနိုင်ငံက ဘယ်လောက်အရေးပါတဲ့ စျေးကွက်တစ်ခု အဖြစ်တည်ရှိနေလဲ။
Viber အတွက် မြန်မာနိုင်ငံကတော့ အာရှပစိဖိတ်နိုင်ငံတွေထဲမှာ အရေးကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။ အာရှပစိဖိတ်ဒေသတစ်ဝှမ်းမှာရှိတဲ့ Viber အသုံးပြုသူတွေထဲကမှ မြန်မာမှာရှိတဲ့ အသုံးပြုသူတွေက ၃၅ ရာခိုင်နှုန်းလောက်ရှိတဲ့အတွက် Viber အနေနဲ့ မြန်မာအသုံးပြုသူတစ်ဦးတစ်ယောက်ခြင်းကို Viber ကို ယုံယုံကြည်ကြည်နဲ့ အသုံးပြုပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။
Viber ရဲ့ လူကြိုက်များတဲ့ လုပ်ဆောင်ချက်တွေက ဘာတွေဖြစ်မလဲ?
Viber Lens - Rakuten Viber က ပြည်တွင်းကျွမ်းကျင်ပညာရှင်များစွာနဲ့ ပူးပေါင်းပြီးဆောင်ရွက်ထားတဲ့ မြန်မာမှုပြုထားတဲ့ AR Lenses တွေကို မကြာသေးခင်ကပဲ မိတ်ဆက်ပေးခဲ့ပါတယ်။ အသုံးပြုသူတွေက Lens တွေ အသုံးပြုပြီး ၄င်းတို့ရဲ့ အသွင်သဏ္ဍာန်တွေကို မြန်မာ့ပစ်တိုင်းထောင်ရုပ်နဲ့ တခြားသော အသွင်သဏ္ဍာန်တွေအဖြစ် ပြောင်းနိုင်တဲ့ Viber Lens ကတော့ လူကြိုက်များတဲ့ လုပ်ဆောင်ချက်အသစ်တစ်ခု ဖြစ်ပါတယ်။
Viber Communities & Chatbots - နောက်ထပ် Viber အက်ပလီကေးရှင်းရဲ့ ထူးခြားပြီး လူကြိုက်များတဲ့ လုပ်ဆောင်ချက်ကတော့ အဖွဲ့ဝင်အရေအတွက် သတ်မှတ်ချက်မရှိတဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာ အကြောင်းအရာတွေ ပြောဆိုဆက်သွယ်နိုင်စေဖို့ ဆောင်ရွက်ပေးထားတဲ့ Viber Community နဲ့ Viber Bot တွေပဲ ဖြစ်ပါတယ်။
Horoscope - Viber ကနေ ပြည်သူတွေ မိမိတို့ကံကြမ္မာကို ကြိုတင်ဆန်းစစ်သိရှိနိုင်စေဖို့အတွက် မြန်မာနိုင်ငံမှာ အကျော်ကြားအထင်ရှားဆုံး ဗေဒင်လက္ခဏာ ပညာရှင်ဖြစ်တဲ့ ဆရာ စံ-ဇာဏီဘိုရဲ့ ခန့်မှန်းဟောကြားချက်တွေကို အပတ်စဥ်ကြည့်ရှုနိုင်တဲ့ Horoscope bot ကိုလည်း Viber အက်ပလီကေးရှင်းအတွင်း ထည့်သွင်းပေးခဲ့ပါတယ်။ မြန်မာနိုင်ငံရှိ ပြည်သူတွေ အသုံးပြုရ အဆင်ပြေလွယ်ကူစေဖို့ ရာသီခွင် ၁၂ ခုလုံးအား မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထည့်သွင်းပေးထားပြီး အပတ်စဥ် ရယူကြည့်ရှုနိုင်တာဖြစ်လို့ ဒါကလည်း လူသိများတဲ့ လုပ်ဆောင်တစ်ခုအနေနဲ့ သတ်မှတ်လို့ ရနိုင်ပါတယ်။
Disappearning Messages - နောက်ဆုံးတစ်ခုအနေနဲ့ ပြောရရင်တော့ Viber အက်ပလီ‌ကေးရှင်းမှာ မိမိပေးပို့လိုက်တဲ့ စာတိုကို ၁၀ စက္ကန့်၊ တစ်မိနစ်၊ တစ်နာရီ၊ ဒါမှမဟုတ် တစ်ရက်၊ အချိန်အတိုင်းအတာတစ်ခု သတ်မှတ်ပြီး အစအနမကျန်အောင် အလိုအလျောက် ဖျက်ပေးတဲ့ လုပ်ဆောင်ချက်ပါ။ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက် အရမ်းအသုံးဝင်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တာကြောင့် လူသုံးများတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်လာပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေအကြားမှာ အသုံးပြုသူတွေရဲ့ အချက်အလက် ဒေတာတွေ လုံခြုံမှုအပေါ် ဘယ်လိုအာမခံချက်မျိုး ပေးနိုင်ပါသလဲ?
Viber အနေနဲ့ ယုံကြည်မှုအပြည့်အဝနဲ့ ပြောချင်တာကတော့ Viber အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုက အမြဲတမ်း နံပါတ် ၁ အနေနဲ့ ဦးစားပေး လုပ်ဆောင်ပေးသွားမှာပါ။

  • Viber ရဲ့ end-to-end encryption ဆိုတဲ့ အဆင့်မြင့် လုပ်ဆောင်ချက်ကတော့ အသုံးပြုသူတွေရဲ့ စာတိုပေးပို့မှုတွေကို Viber ရဲ့ ဆာဗာတွေထဲ မသိမ်းထားအောင် ပြုလုပ်ပေးတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ စာတိုပေးပို့သူကလွဲပြီး အခြားသောသူတွေ၊ အဖွဲ့အစည်းတွေက စာတိုတွေကို မရရှိနိုင်အောင် encryption နည်းပညာနဲ့ လုံခြုံအောင်ပြုလုပ်ပေးတာပါ။
  • ဒါ့အပြင် Viber ရဲ့ Desktop Version မှာ လျှို့ဝှက်ကုတ်နံပါတ် နဲ့ လော့ခ်ချလို့ရအောင်လည်း ဆောင်ရွက်ပေးထားပါတယ်။
  • မိမိပေးပို့လိုက်တဲ့ စာတိုကို အချိန်အတိုင်းအတာတစ်ခု သတ်မှတ်ပြီး အစအနမကျန်အောင် အလိုအလျောက် ဖျက်ပေးတဲ့ လုပ်ဆောင်ချက်ကိုလဲ ပေးအပ်ထားပြီး ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံမှုကိုလည်း အဆင့်မြှင့်တင်ပေးထားပါတယ်။
  • နောက်ပြီးတော့ Pin code ကိုအသုံးပြုပြီးလဲ ကိုယ့်မက်ဆေ့ချ်တွေကို ဝှက်ထားနိုင်ပါတယ်။
    Community နဲ့ Bot လုပ်ဆောင်ချက်တွေ အကြောင်းလဲ ပြောပြပေးပါဦး။
    Chatbots: Viber အနေနဲ့ အခုမှစတင်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ၊ ကုမ္ပဏီကြီးတွေ  ဘေးကင်းစွာနဲ့ တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြောဆိုနိုင်ဖို့၊ ဆက်လက်လည်ပတ်နိုင်စေဖို့အတွက် Chatbot ဆိုတဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ နည်းပညာတွေ အဆက်မပြတ် တိုးတက်ပြောင်းလဲနေတဲ့အလျောက် ဒီ Chatbot လုပ်ဆောင်ချက်ကလည်း နည်းပညာအကူအညီနဲ့ လုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့ တစ်ထောင့်တစ်နေရာကနေ ကူညီပေးနိုင်ပါတယ်။ Chatbot တွေက ဝယ်ယူအားပေးသူတွေ လွယ်ကူအဆင်ပြေစွာ ဝယ်ယူအားပေးနိုင်ဖို့၊ လုပ်ငန်းနဲ့ ဝယ်ယူအားပေးသူတွေကြားမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေစေဖို့ ဆောင်ရွက်ပေးနိုင်မယ့် ကြားခံနယ်တစ်ခုဖြစ်ပြီး ဝယ်ယူသူအတွေ့အကြုံ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်တာဖြစ်လို့ လုပ်ငန်း တိုးတက်အောင်မြင်ဖို့ အထောက်အကူတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ Viber မှ ပြည်သူများ မိမိတို့ကံကြမ္မာကို ကြိုတင်ဆန်းစစ်သိရှိနိုင်စေရန်အတွက် မြန်မာနိုင်ငံတွင် အကျော်ကြားအထင်ရှားဆုံး ဗေဒင်လက္ခဏာ ပညာရှင်ဖြစ်သူ ဆရာ စံ-ဇာဏီဘို၏ ခန့်မှန်းဟောကြားချက်များကို အပတ်စဥ်ကြည့်ရှုနိုင်မည့် Horoscope bot အား Viber အက်ပလီကေးရှင်းအတွင်း ထည့်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံရှိ ပြည်သူများ အသုံးပြုရ အဆင်ပြေလွယ်ကူစေရန်အတွက် ရာသီခွင် ၁၂ ခုလုံးအား မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထည့်သွင်းပေးထားပြီး အပတ်စဥ် ရယူကြည့်ရှုနိင်ပါတယ်။
    Communities: Viber Communities ကတော့ Stay at home ကာလမှာ အသုံးဝင်ဆုံး လုပ်ဆောင်ချက်တစ်ခုလို့တောင် ပြောလို့ရပါတယ်။ မြန်မာနိုင်ငံရဲ့ Viber အသုံးပြုသူတွေက Viber Communities ကို အသုံးပြုပြီးတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အချင်းချင်း ဆက်သွယ်လို့ရပါတယ်။ Viber Community များအတွင်း Super Admin၊ Admin၊ သို့မဟုတ် Member တစ်ယောက်ဖြသ်နိုင်ပြီး ကိုယ့်ကဏ္ဍအလိုက် စိတ်ဝင်စားရာအကြာင်းအရာများကို ပြောဆိုနိုင်ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေဖြစ်တဲ့ ဘဏ်များ (AGD Bank, AYA Bank)  ဆက်သွယ်ရေးနှင့် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများ:(Ooredoo, MPT, Telenor, Unilink Myanmar) ကုန်တိုက်များ:(CMHL,  Myanmar Plaza) မိုဘိုင်းဖုန်းလုပ်ငန်းများ:(Samsung) အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ: (MyJobs) တို့အပြင် အခြားအသေးစားလုက်ငန်းများလဲ  ဝယ်ယူသူများနှင့် ဆက်သွယ်ဖို့ အသုံးပြုလျက်ရှိတဲ့ Communities များကို အသုံးပြုလျက်ရှိပါတယ်။ NGO တွေ၊ လူမှုဖူလုံရေးနဲ့ ကယ်ဆယ်ရေးအသင်းတွေကလဲ Viber Communities တွေကနေတဆင့် ဝေးလံခေါင်ခိုက်တဲ့နယ်မြေတွေအတွက် ဆေးဝါးနဲ့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
    လက်ရှိ Viber ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်အခဲတွေက ဘာတွေဖြစ်မလဲ။
    အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကိစ္စတွေ ဆက်သွယ်တဲ့နေရာမှာ အကောင်းဆုံးသော လုပ်ဆောင်ချက်တွေအသုံးပြုပြီး အချင်းချင်း ချိတ်ဆက်နိုင်အောင် အမြဲပြုလုပ်ပေးနေမယ်ဆိုတဲ့ ကတိတဝတ်ကိုကို ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက်ဆိုရင်တော့ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို လုံခြုံစေဖို့နဲ့ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ချက်အသစ်တွေ ဖန်တီးပေးနိုင်ဖို့ အဓိကထား လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အသုံးပြုသူတွေ အပြုသဘော‌ဆောင်ဖို့၊ ပျော်ရွှင်စေဖို့နဲ့ အားလုံးအတူတကွ ရှိနေကြတယ်ဆိုတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်စေဖို့အတွက် မကြာသေးမီကပဲ မြန်မာမှုပြုထားတဲ့ Viber Lenses ကို မိတ်ဆက်ခဲ့ပါတယ်။
    Viber အနေနဲ့ ၂၀၂၂ ခုနှစ်အတွက် ဘာတွေကိုဦးစားပေးလုပ်ဆောင်သွားမှာလဲ။
    ၂၀၂၂ ခုနှစ်မှာတော့ Viber အတွက် မျှော်လင့်ချက်များစွာနဲ့ ပန်းတိုင်အသစ်တွေထားရှိမယ့်နှစ်ပဲဖြစ်ပါတယ်။ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကိစ္စတွေ ဆက်သွယ်တဲ့နေရာမှာ အကောင်းဆုံးသော လုပ်ဆောင်ချက်တွေအသုံးပြုပြီး အချင်းချင်းချိတ်ဆက်နိုင်အောင် အမြဲပြုလုပ်ပေးနေမယ်ဆိုတဲ့ ကတိတဝတ်ကိုလဲ ဆက်လက်ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက်ဆိုရင်တော့ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို လုံခြုံစေဖို့နဲ့ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ချက်အသစ်တွေ ဖန်တီးပေးနိုင်ဖို့ အဓိကထားလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွါးရေးလုပ်ငန်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး အကောင်းမွန်ဆုံး လည်ပတ်နိုင်ဖို့အတွက် Viber အနေနဲ့ အဓိကထား လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဆက်လက်ပြီး သတင်းအချက်အလက်နှင့် ဖျော်ဖြေရေးလုပ်ဆောင်ချက်တွေမှတဆင့် Viber ကို အပြုသဘောဆောင်တဲ့  အပ်ပလီကေးရှင်းတစ်ခုအဖြစ် ဆက်လက်ဖန်တီးလုပ်ဆောင်သွားမှာပါ။
    ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ Viber အသုံးပြုသူတွေဘာ အမှာစကားပြောချင်ပါလဲ။
    Viber အနေနဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကိစ္စတွေ ဆက်သွယ်တဲ့နေရာမှာ အကောင်းဆုံးသော လုပ်ဆောင်ချက်တွေအသုံးပြုပြီး အချင်းချင်းချိတ်ဆက်နိုင်အောင် အမြဲပြုလုပ်ပေးနေမှာပဲ ဖြစ်ပါတယ်။ Viber အနေနဲ့ လုံခြုံတဲ့ စာတို၊ အသံဖိုင်၊ gif၊ စတစ်ကာ၊ Viber Community နှင့် Chatbot တွေမှတဆင့် ဆက်သွယ်မှုအရည်အသွေးကို အဆင့်မြှင့်တင်လျှက်ရှိပြီး လုံခြုံတဲ့ ဆက်သွယ်ရေး အပ်ပလီကေးရှင်းတစ်ခုဖြစ်အောင် ဆက်လက်လုပ်ဆောင်သွားမှာပါ။ ဝန်ဆောင်မှုပေးနေတဲ့ ဒေသအလျှောက် အသုံးပြုသူတွေ စိတ်ကျေနပ်မှုရှိစေဖို့နှင့် အကောင်းဆုံး အသုံးပြုသူအတွေ့အကြုံရရှိနိုင်ဖို့ အသုံးပြုသူတွေရဲ့ လိုအပ်ချက်အလိုက် လုပ်ငန်းတွေနဲ့ ပူးပေါင်းတဲ့နေရာမှာ Viber ရဲ့ လုပ်ဆောင်ချက်တွေကို မြန်မာမှုပြုပြီး မိတ်ဆက်ပေးလျှက်ရှိပါတယ်။ Viber အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုက အမြဲတမ်း နံပါတ် ၁ အနေနဲ့ ဦးစားပေး လုပ်ဆောင်ပေးသွားမှာပါ။ ဒီလိုမျိုးခက်ခဲနေတဲ့အချိန်တွေမှာ အသုံးပြုသူတွေအနေနဲ့ ယုံကြည်စိတ်ချစွာ တစ်ယောက်ချင်း ဒါမှမဟုတ် အဖွဲ့လိုက် လုံခြုံစွာ ဆက်သွယ်ပြောဆိုနိုင်ဖို့ Viber က အမြဲကြိုးစားသွားမှာပဲ ဖြစ်ပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle