ONE Esports Dota 2 World Pro Invitational Singapore ပြိုင်ပွဲကြီးမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Vici Gaming

ONE Esports Dota 2 World Pro Invitational Singapore ပြိုင်ပွဲကြီးမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Vici Gaming

ONE Esports Dota 2 World Pro Invitational ပြိုင်ပွဲကြီးဟာ DPC Events တစ်ခု မဟုတ်ပေမယ့် ONE Esports၊ PGL စတဲ့ နာမည်ကျော် ပြိုင်ပွဲကျင်းပရေး အဖွဲ့အစည်းတွေ ပူးပေါင်း ကျင်းပခဲ့တဲ့ ပြိုင်ပွဲကြီး တစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကို စင်ကာပူနိုင်ငံမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၅ သိန်း ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။

ONE Esports Dota 2 World Pro Invitational ပြိုင်ပွဲကြီးမှာ Team Secret, PSG.LGD, Virtus Pro, EG, Na’Vi, VG, TNC, Alliance, Gambit Esports, Team Aster, Team Liquid, J.Storm စတဲ့ နာမည်ကျော် Dota 2 အသင်းတွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ONE Esports Dota 2 World Pro Invitational ပြိုင်ပွဲကြီးဟာ ၂၀၁၉ ခုနှစ်ရဲ့ နောက်ဆုံး Dota 2 ပြိုင်ပွဲကြီး တစ်ခု ဖြစ်သလို အပြောင်းအလဲပေါင်းများစွာ ပါဝင်ခဲ့တဲ့ Out Landers Patch ထွက်ရှိပြီး နောက်ပိုင်း ပထမဆုံး ကျင်းပခဲ့တဲ့ Offline Event တစ်ခု ဖြစ်တာနဲ့အညီ Dota 2 ချစ်ပရိသတ် အများစုရဲ့ စောင့်ကြည့်ခြင်းကို ခံယူခဲ့ရပါတယ်။

Out Landers Update

ယခုအခါမှာတော့ အဆိုပါ ပြိုင်ပွဲကြီး ပြီးဆုံးသွားပြီ ဖြစ်တာနဲ့အညီ အနိုင်ရဗိုလ်စွဲခဲ့တဲ့ Dota 2 အသင်းလည်း ပေါ်ထွက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ Vici Gaming အနေနဲ့ အုပ်စုအဆင့်ပွဲစဉ်တွေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ခြင်း မရှိတာကြောင့် ၁ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ကိုသာ ပိုင်ဆိုင်ခွင့် ရခဲ့ပြီး Play Off အဆင့်မှာ Lower Bracket ကနေ စတင် ယှဉ်ပြိုင်ခဲ့ရပါတယ်။

Vici Gaming

Play Off အဆင့် ပထမဆုံး ပွဲစဉ်မှာ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ပွဲစဉ်တစ်ခု ဖြစ်တဲ့ MDL Chengdu Major ဗိုလ်လုပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တဲ့ TNC Predator Dota 2 အသင်းနဲ့ ပြန်လည် ယှဉ်ပြိုင်ခဲ့ရပါတယ်။ TNC နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် MDL Chengdu Major မှ ရှုံးကြွေးကို ပြန်လည် ပေးဆပ်နိုင်ခဲ့သလို နောက်တစ်ဆင့်ကိုလည်း တက်လှမ်းနိုင်ခဲ့ပါတယ်။

TNC Dota 2

နောက်ထပ် Play Off အဆင့်တွေမှာလည်း Team Secret Dota 2 အသင်းကို (၂-၁) ၊ Alliance Dota 2 အသင်းကို (၂-၀) ၊ Gambit Dota 2 အသင်းကို (၂-၀) စတဲ့ ရလဒ်တွေဖြင့် ထပ်မံ အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Grand Finals ပွဲစဉ်မှာတော့ အုပ်စုတွင်းမှာ ၂ ပွဲပြတ်ဖြင့် အရေးနိမ့်ခဲ့ရတဲ့ အသင်းလည်းဖြစ်၊ ONE Esports Dota 2 World Pro Invitational ပြိုင်ပွဲကြီးမှာ ရှုံးပွဲမရှိ ရလဒ်ဖြင့် Grand Finals အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ အသင်းလည်းဖြစ်တဲ့ မြောက်အမေရိ အခြေစိုက် အင်အားကြီး Dota 2 အသင်း Evil Geniuses နဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။

Grand Finals ပွဲစဉ်ကို Best of 5 Format ဖြင့် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပထမဆုံး ပွဲစဉ်မှာ Vici Gaming ရဲ့ Mid Lane ကစားသမား Ori ၊ Carry ကစားသမား Eurus (Paparazi) တို့ရဲ့ လက်စွမ်းပြမှုနဲ့ အတူ EG Dota 2 အသင်းကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒုတိယမြောက် ပွဲစဉ်မှာတော့ Vici Gaming အနေနဲ့ ပွဲစဉ် အစပိုင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး မိနစ် ၃၀ ခန့်မှာ Gold Advantage 10 K ကွာနေတဲ့ အထိ အရေးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း မိနစ် ၃၀ နောက်ပိုင်းမှာ Vici Gaming အနေနဲ့ အမှားအယွင်းမရှိ ပြန်လည် ကစားနိုင်ခဲ့ပြိး နောက်ဆုံးမှာတော့ EG Dota 2 အသင်းကို ပြန်လည်အနိုင်ယူနိုင်ခဲ့ပါတယ်။

Vici Gaming

တတိယမြောက် ပွဲစဉ်မှာလည်း ဒုတိယမြောက် ပွဲစဉ်မှာလိုပဲ ပွဲစဉ် အစောပိုင်း တစ်လျှောက် EG Dota 2 အသင်းရဲ့ Offlane ကစားသမား RAMZES66 ရဲ့ လက်စွမ်းပြမှုကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပွဲစဉ်အချိန်ကြာလာတနဲ့အမျှ Paparazi ရဲ့ Slark Item ထွက်လာတာနဲ့အတူ EG Dota 2 အသင်းကို ပြန်လည် ဒုက္ခပေးနိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ ၃ ပွဲပြတ်ဆိုတဲ့ ရလဒ်ဖြင့် EG Dota 2 အသင်းကို အနိုင်ယူကာ One Esports Dota 2 World Pro Invatational Singapore ပြိုင်ပွဲကြီးရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဆုကြေးငွေ ဒေါ်လာ ၂ သိန်းကို ရယူနိုင်ခဲ့ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle