ViCi Gaming Dota2 အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ Pos3 ကစားသမား Yang နဲ့ နည်းပြကြီး rOtK

ကောလာဟလတွေ အတိုင်း တရုတ် Dota2 လောက အတွင်းက အပြောင်းအရွေ့ အကြီးစားတွေကတော့ စတင် ပေါ်ပေါက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ Dota2 လောကရဲ့ နာမည်ကျော် အသင်း တစ်သင်းဖြစ်တဲ့ Vici Gaming ရဲ့ နည်းပြဖြစ်သူ Bai “rOtK” Fan နဲ့ Pos 3 ကစားသမား Zhou “Yang” Haiyang တို့ကတော့ VG Dota2 အသင်းကနေ ထွက်ခွာလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။

Vici Gaming ဘက်က ထုတ်ပြန် ကြေညာချက်များ အရ rOtK နဲ့ Yang တို့နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ စက်တင်ဘာလ ၁ ရက်နေ့မှာ ကုန်ဆုံးသွားခဲ့တာဖြစ်ပြီး rOtK နဲ့ Yang တို့ နှစ်ဦးလုံးဘက်မှ စာချုပ်သက်တမ်းတိုးဖို့ အတွက် လိုလားခြင်း မရှိတာကြောင့် အခုလို လမ်းခွဲဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်လို့ သိရပါတယ်။

Yang နဲ့ rOtk တို့ အသင်းကနေ ထွက်ခွာသွားခြင်းနဲ့ ပတ်သက်ပြီး Vici Gaming ဘက်ကတော့ အခုလိုပဲ ကြေညာ သွားခဲ့ပါတယ်။
After being an integral part of VG since 2015, Yang will be leaving the club due to his contract expiring.
— VICI Gaming (@VICI) September 1, 2020
We want to thank Yang-God for his long list of contributions to VG and have no doubt, that he will achieve whatever he plans on doing next
📸 https://t.co/xRT8ARWUvI pic.twitter.com/gnZKelYwpS
“Zhou “Yang” Haiyan နဲ့ VG Dota2 တို့ ချုပ်ဆိုထားတဲ့ စာချုပ် သက်တမ်းဟာ စက်တင်ဘာလ ၁ ရက်နေ့မှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် Yang အနေနဲ့ အခုချိန်က စတင်ပြီး အသင်း လက်မဲ့ အဖြစ် ရပ်တည်သွားမှာဖြစ်ပြီး အသင်းသစ်ကို ရှာဖွေသွားမှာ ဖြစ်ပါတယ်။
Yang အနေနဲ့ Vici Gaming ကို ရောက်ရှိခဲ့တဲ့ ၂၀၁၅ ခုနှစ်က စတင်ပြီး အသင်းအတွက် များစွာသော အထောက်အပံ့တွေကို ပေးစွမ်းခဲ့ပါတယ်။ Vici Gaming Dota2 အသင်း အောင်မြင်မှုတွေ စွတ်ခူးနိုင်ဖို့ အတွက် အစွမ်းကုန် ကူညီပေးခဲ့တဲ့ အတွက်လည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ လက်ရှိအချိန်မှာ အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်ပေမယ့်လည်း Yang တစ်ယောက် သူစိတ်ကူးထားတဲ့ အိပ်မက်တွေကို ဖော်ဆောင်သွားနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။”
We wish rOtk a smooth way forward and a shining light upon his future path as he decides to pursue new challenges.
— VICI Gaming (@VICI) September 1, 2020
We want to thank him for his many years of dedication, team efforts and responsibility.
📸 https://t.co/YPIoqW2sCM #Dota2 pic.twitter.com/UT1woBfK8Y
“နည်းပြကြီး rOtK တစ်ယောက် ရှေ့ဆက်ရမယ့် ဘဝလမ်းခရီးမှာ အောင်မြင်စေဖို့၊ စိန်ခေါ်မှု အသစ်တွေကို အလွယ်တကူ ကျော်ဖြတ်သွားနိုင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။ ကျွန်တော်တို့ ViCi Gaming Dota 2 အသင်းမှာ နှစ်ကာလ ရှည်ကြာစွာ နည်းပြ အဖြစ် တာဝန်ယူပြီး အခုလို နေရာတစ်ခုကို ရောက်ရှိလာအောင် ပို့ဆောင်ပေးခဲ့တဲ့ အတွက်လည်း အထူးပင် ကျေးဇူးတင်ပါတယ်။”

အခုလို Yang တစ်ယောက် Vici Gaming Dota2 အသင်းကနေ ထွက်ခွာသွားခဲ့တာကြောင့် ကောလာဟလတွေ ထွက်ပေါ်ထားတဲ့ အတိုင်း 4AM Dota2 အသင်းမှာ Eurus, Maybe, Fy တို့နဲ့ ပူးပေါင်း သွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: AfkGaming