OGA Dota PIT S3: China မှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Vici Gaming

OGA Dota PIT S3: China မှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Vici Gaming

Vici Gaming နဲ့ PSG.LGD တို့ရဲ့ အကြိတ်အနယ် ယှဉ်ပြိုင်မှုတွေကို ငါးပွဲဆက် မြင်တွေ့ရပြီး နောက်မှာတော့ OGA Dota PIT S3: China ပြိုင်ပွဲရဲ့ ချန်ပီံယံ အသင်းလည်း ပေါ်ထွက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ OGA Dota PIT S3: China ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ အသင်းကတော့ Grand Final မှာ PSG.LGD Dota2 ကို (3-2) ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူနိုင်ခဲ့တဲ့ Vici Gaming ပဲ ဖြစ်ပါတယ်။

VG.Poyoyo (Erica)

တည်ငြိမ်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားသလို China Dota2 Pro Cup Season 1 ပြိုင်ပွဲရဲ့ Grand Final မှာ EHome ကို သုံးပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် PSG.LGD Dota2 အသင်းဟာ OGA Dota PIT S3: China ပြိုင်ပွဲမှာလည်း အနိုင်ရ ဗိုလ်စွဲဖို့ အတွက် ထိပ်ဆုံးကနေ ရေပန်းစားခဲ့ပါတယ်။ OGA Dota PIT S3: China ပြိုင်ပွဲမှာ နာမည်ကျော် တရုတ် Dota 2 အသင်းပေါင်း ၁၀ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အုပ်စု (၂) စု ခွဲခြား သတ်မှတ်ကာ ယှဉ်ပြိုင်စေခဲ့တာ ဖြစ်ပါတယ်။

Vici Gaming နဲ့ PSG.LGD Dota2 အသင်းတို့ အနေနဲ့ Upper Bracket ကို အသီးသီး တက်လှမ်းနိုင်ခဲ့ပေမယ့် Upper Bracket R2 ထိပ်တိုက် ရင်ဆိုင်မှုမှာ Vici Gaming အနေနဲ့ PSG.LGD ကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket ကို သက်ဆင်းခဲ့ရပါတယ်။ PSG.LGD ကတော့ Upper Bracket ပွဲစဉ်တွေကို အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပြီး Grand Final အဆင့်ကို သာသာယာယာပဲ တက်လှမ်းနိုင်ခဲ့ပါတယ်။

Lower Bracket ကို သက်ဆင်းခဲ့ရတဲ့ Vici Gaming ကတော့ RNG, EHOME, Team Aster စတဲ့ အသင်းတွေကို ခက်ခက်ခဲခဲ အနိုင်ယူပြီး အုပ်စုတွင်းနဲ့ Upper Bracket တို့မှာ ရှုံးနိမ့်ခဲ့ရတဲ့ PSG.LGD နဲ့ ပြန်လည် ယှဉ်ပြိုင်ခွင့်ကို ရယူနိုင်ခဲ့ပါတယ်။ Vici Gaming နဲ့ PSG.LGD Dota2 အသင်းတို့ ဆင်နွှဲခဲ့တဲ့ OGA Dota PIT S3: China ပြိုင်ပွဲရဲ့ Grand Final ပွဲစဉ်ဟာ အတော်လေး ကြည့်ကောင်းတဲ့ ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ Vici Gaming အနေနဲ့ PSG.LGD Dota2 အသင်းကို (၃-၂) ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူကာ ချန်ပီံယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle