Sylar – Eurus အရှုပ်အရှင်းများကို ပွင့်ပွင့်လင်းလင်း ရှင်းပြသွားခဲ့တဲ့ Vici Gaming Co-Owner

Sylar – Eurus အရှုပ်အရှင်းများကို ပွင့်ပွင့်လင်းလင်း ရှင်းပြသွားခဲ့တဲ့ Vici Gaming Co-Owner

4AM Dota2 အသင်းနဲ့ ပတ်သက်တဲ့ အရှုပ်အထွေးတွေကတော့ နောက်ဆုံးမှာ ရုပ်လုံးပေါ်သွားခဲ့ပြီ ဖြစ်ပါတယ်။ 4AM Dota2 အသင်း အနေနဲ့ Sylar ကို တရားဝင် ကစားသမား အဖြစ် ခေါ်ယူပြီး တစ်ရက် အကြာမှာ အသင်းကနေ ပြန်လည် ထုတ်ပယ်ခဲ့သလို Eurus ကို ခေါ်ယူရာမှာလည်း ပြောင်းရွေ့ငွေ အပြည့်အဝ ပေးချေဖို့ အတွက် ငြင်းပယ်ခဲ့တာကြောင့် တရုတ် Dota2 လောကမှာ အပြစ်တင် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

4AM

ယခုအခါမှာတော့ Eurus အတွက် အပြောင်းအရွေ့ ကုန်ကျငွေကို အပြည့်အဝ ပေးချေပြီးပြီ ဖြစ်သလို Eurus တစ်ယောက်လည်း 4AM Dota2 အသင်းကို တရားဝင် ရောက်ရှိသွားခဲ့ပြီ ဖြစ်တာကြောင့် Eurus ရဲ့ အသင်းဟောင်းဖြစ်တဲ့ Vici Gaming ရဲ့ Co-Owner ဖြစ်သူ Chen Qing အနေနဲ့ ပြဿနာများကို အဓိက ဖြစ်ပွားစေခဲ့တဲ့ အကြောင်းအရင်းကို အခုလို တရားဝင် ချပြသွားခဲ့တာ ဖြစ်ပါတယ်။

Chen ရဲ့ အဆိုအရ ယခု ပြဿနာများကို အဓိက ဖြစ်ပွားစေသူဟာ အများထင်ထားသလို Eurus, Sylar နဲ့ 4AM တို့ မဟုတ်ခဲ့ပါဘူး။ 4AM Esports အဖွဲ့အစည်းရဲ့ မိတ်ဖက် ကုမ္ပဏီဖြစ်တဲ့ Little Elephant ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ Little Elephant အနေနဲ့ Eurus အတွက် အပြောင်းအရွေ့ စရိတ်ဖြစ်တဲ့ ဒေါ်လာ ၂ သိန်း ၂ သောင်းကို ပေးချေဖို့ အတွက် အဓိက တာဝန်ရှိခဲ့ပေမယ့် အစောပိုင်းမှာ ခေါင်းရှောင်နေခဲ့တာကြောင့် အခုလို မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာခဲ့ရတာ ဖြစ်တယ်လို့ Chen Qing ကတော့ တရားဝင် ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Sylar

ဒါ့အပြင် Chen Qing အနေနဲ့ 4AM Dota2 အသင်း ဖြစ်တည်လာခြင်းရဲ့ အကြောင်းအရင်းကိုလည်း အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်တို့ Vici Gaming ရဲ့ Offlaner ဖြစ်တဲ့ Zhou “Yang” Haiyang အနေနဲ့ Maybe နဲ့အတူ 4AM Dota2 အသင်းမှာ ကစားလိုကြောင်း ယခု DPC ရာသီ အစမှာ ပြောကြားခဲ့ပါတယ်။ ကျွန်တော်ကလည်း Yang ရဲ့ သဘောထားကို လေးစားတဲ့ အနေနဲ့ ခွင့်ပြုခဲ့ပါတယ်။ ဒါ့အပြင် Yang အနေနဲ့ 4AM Dota2 အသင်းနဲ့ စာချုပ်သက်တမ်း ဘယ်လောက် ချုပ်ဆိုသင့်တယ် ဆိုတာကို မေးမြန်းခဲ့တာကြောင့် ၂ နှစ်သာ ချုပ်ဆိုသင့်ကြောင်းပါ အကြံပေးခဲ့ပါတယ်။

Yang

Eurus ကတော့ အဲဒီအချိန်မှာ ကျွန်တော်တို့ အသင်းနဲ့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း စာချုပ်ပါ အချက်အလက်များအရ Eurus အနေနဲ့ အသင်းပြောင်းလိုခဲ့ရင် ပြောင်းရွေ့ကြေး ဒေါ်လာ ၂ သိန်း ၂ သောင်း ပေးချေဖို့ကို စာချုပ်ချုပ်ဆိုစဉ် အချိန်ကတည်းက ထည့်သွင်းခဲ့ပါတယ်။ Eurus နဲ့ ကျွန်တော်တို့ အဖွဲ့အစည်း အကြား ချုပ်ဆိုခဲ့တဲ့ စာချုပ်ကို တရားဝင် ချုပ်ဆိုခဲ့တာ ဖြစ်သလို Esports အဖွဲ့အစည်း အများစု အနေနဲ့လည်း အဆိုပါ စာချုပ်နဲ့ ပတ်သက်ပြီး သိထားကြပါတယ်။

ယခုနှစ် ဩဂုတ်လမှာ Eurus အနေနဲ့လည်း Yang နည်းတူ Maybe, Fy တို့နဲ့ ကစားလိုကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Eurus ကို ခေါ်ယူဖို့ PSG.LGD, Team Aster တို့ အပါအဝင် အသင်းများစွာက ကမ်းလှမ်းခဲ့ပေမယ့် Eurus ကတော့ Maybe နဲ့ Fy တို့ တည်ရှိရာ 4AM ကိုသာ သွားလိုကြောင်း ပြောကြားလာခဲ့ပါတယ်။

Eurus

Little Elephant အနေနဲ့ အခုလို Eurus တစ်ယောက် သူငယ်ချင်းများရှိရာ 4AM မှာ ကစားလိုကြောင်း သိလာတဲ့ အခါမှာ ပြောင်းရွေ့ကြေးကို ပေးချေရခြင်း မရှိစေဖို့ အတွက် စတင် ကြိုးပမ်းလို့ လာခဲ့ပါတယ်။ Little Elephant ဟာ ကစားသမားတွေ အပေါ် မရိုးမသား ဆက်ဆံခဲ့တာ အတော်လေးကို ကြာမြင့်နေခဲ့ပြီ ဖြစ်ပါတယ်။ ပြဿနာတွေ မြင့်တက်လာချိန်မှာ Eurus အနေနဲ့ အတော်လေးကို စိတ်ပင်ပန်းလာခဲ့ပြီ ဖြစ်တာကြောင့် ပြောင်းရွေ့ကြေး ကုန်ကျငွေကို ကိုယ်တိုင် စိုက်ထုတ်ပေးဖို့ အထိ ကျွန်တော်တို့ဘက်ကို ကမ်းလှမ်းလာခဲ့ပါတယ်။

ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ Little Elephant အနေနဲ့ ပြောင်းရွေ့ကြေး ကုန်ကျငွေကို ကျွန်တော်တို့ အသင်းဘက်ကို တရားဝင် ပေးချေသွားခဲ့ပါတယ်။ ယခုဖြစ်ရပ်မှာ အဓိက အပြစ်ရှိသူက Eurus, Sylar, 4AM တို့ မဟုတ်ခဲ့ပါဘူး။ Little Elephant သာ ဖြစ်ပါတယ်။”

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ