Dota Summit 13: EU & CIS နဲ့ Dota Summit 13: SEA တို့မှာ အသီးသီး ဗိုလ်စွဲခဲ့တဲ့ Vikin.gg နဲ့ Motivate.Trust

Dota Summit 13: EU & CIS နဲ့ Dota Summit 13: SEA တို့မှာ အသီးသီး ဗိုလ်စွဲခဲ့တဲ့ Vikin.gg နဲ့ Motivate.Trust

Beyond The Summit နဲ့ Monster Energy တို့ ပူးတွဲ ကျင်းပခဲ့တဲ့ Dota Summit 13: EU & CIS, Dota Summit 13: SEA ပြိုင်ပွဲတို့ကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်တာနဲ့ အညီ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ အသင်းတွေလည်း ပေါ်ထွက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ Dota Summit 13: SEA ပြိုင်ပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့ကနေ နိုဝင်ဘာလ ၈ ရက်နေ့ အထိ ကျင်းပခဲ့တာဖြစ်ပြီး အဆိုပါ ပြိုင်ပွဲမှာ SEA အခြေစိုက် နာမည်ကျော် အသင်းတွေဖြစ်တဲ့ TNC, BOOM Esports, Among Us, Motviate.Trust Gaming တို့ အပါအဝင် ပြိုင်ပွဲဝင် အသင်း (၁၀) သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

Dota Summit 13: SEA ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Motivate.Trust Gaming Dota2 အသင်း အနေနဲ့ အုပ်စုအဆင့်က စတင်ကာ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့ပြီး ၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ်ဖြင့် အုပ်စုပထမ နေရာကို ရယူကာ Upper Bracket ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ Upper Bracket ပွဲစဉ်တွေမှာလည်း Adroit Esports ကို ၂ ပွဲပြတ်၊ Among Us ကို ၂-၁ စတဲ့ ရလဒ်တွေဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Final အဆင့်ကို စောစီးစွာ တက်လှမ်းနိုင်ခဲ့ပါတယ်။

Grand Finals အဆင့်မှာ Lower Bracket ကနေ တက်လှမ်းလာခဲ့တဲ့ Among Us နဲ့ ပြန်လည် ယှဉ်ပြိုင်ခဲ့ရပြီး သုံးပွဲပြတ်ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် Dota Summit 13: SEA ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်ကာ ဆုကြေးငွေ ဒေါ်လာ ၄၂၀၀၀ ကိုလည်း ရယူနိုင်ခဲ့ပါတယ်။ Motivate.Trust Gaming အနေနဲ့ ယခင်အချိန်တုန်းက Tier2 အဆင့် အသင်း အဖြစ်သာ ရပ်တည်နိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ စက်တက်ဘာလ အတွင်းမှာ ကျင်းပခဲ့တဲ့ BTS Pro Series Season 3: SEA ပြိုင်ပွဲက စတင်ကာ လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပြီး အဆိုပါ ပြိုင်ပွဲမှာလည်း BOOM Esports ကို ၃ ပွဲပြတ်ဖြင့် အနိုင်ယူကာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Dota Summit 13: EU & CIS ပြိုင်ပွဲကိုတော့ နိုဝင်ဘာလ ၂ ရက်နေ့က ၈ ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပြီး Vikin.gg, Team Liquid, Mud Golems တို့ အပါအဝင် ပြိုင်ပွဲဝင် အသင်း ၁၀ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ Vikin.gg အနေနဲ့ Playoffs အဆင့်ကနေ စတင် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး Playoffs အဖွင့် ပွဲစဉ်မှာ Live to Win ကို ၂-၁၊ ဆီမီးဖိုင်နယ်မှာ NIP ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူကာ Grand Final အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Vikin.gg

Grand Final အဆင့်မှာ ESL One Germany 2020 မှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Team Liquid နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ၃-၁ ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် ချန်ပီယံဆုနဲ့အတူ ဆုကြေးငွေ ကန်ဒေါ်လာ ၂၁၀၀၀ ကို ရယူနိုင်ခဲ့ပါတယ်။ Vikin.gg အနေနဲ့လည်း BTS Pro Series Season 3: EU/ CIS ပြိုင်ပွဲမှာ Mud Golems Dota2 အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ယူပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာကြောင့် Beyond The Summit မှ ကျင်းပတဲ့ ပြိုင်ပွဲ ၂ ပွဲဆက်တိုက် ချန်ပီယံဆုကို သိမ်းပိုက်နိုင်တဲ့ စံချိန်ကောင်းကိုလည်း Motivate.Trust Gaming နည်းတူ ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

REF: VpEsports1, VpEsports2

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle